ဇာတ်သိမ်းခန်း
ပိတ်ကားဖွင့် မီးမှိတ်
တိတ်ဆိတ်တဲ့ ညနေ
ကျားရဲတွေရဲ့တော
ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်တွေနဲ့မြို့
အစောတလျင် ကြွေတဲ့ကြယ်
မေါ်ဒယ် girl တွေရဲ့ မျက်စ
ခါးပိုက်ထောင်ထဲကိုထွက်ကျ
ခေတ်ကိုက မလှတော့ဘူး..........
အားလုံးမှောင်နေတဲ့ ဘဝထဲမှာ
ဘာများ ထူးခြားပြီး လင်းနေလို.လဲ..
ဘဝရဲ့ ရှတတနေ့ရက်တွေက
ဆန်.တငင်ငင်အသက်ဆက်နေရူံသက်သက်ဆိုရင်
ဘဝပြကွက်ပေါ်မှာ ရုံတင်နေတဲ့ဇာတ်ကား
ထာဝရရပ်နားပစ်လိုက်ချင်.......။
ဆောင်းယွန်းလ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 weeks ago



2 comments:
Nice Poem!!!
bravo bro
စကားလုံး အင်အားတွေ၊ နိမိတ်ပုံတွေ အရမ်းကောင်းတယ်ဗျာ။
Post a Comment