ရည်ရွယ်ချက်ဖြင့်ရေးထားသောကဗျာဖြစ်သည်။တိုက်ဆိုင်မှုရှိပါကဝမ်းနည်းပါသည်။
အတ္တရောင်းကုန်ရောင်စုံဖွင့်ပွဲ
ဒီပွဲမှာ ငါ
လူကြီးလည်းဖြစ်ချင်ရဲ့
ငါ့ရဲ့ရောင်းမစွံတဲ့
ရောင်စုံအတ္တတွေကိုလည်း
ဒစ်စကောင့်ချပြီးရောင်းထုတ်ချင်ရဲ့
လူတယောက်နဲ့ညှိနှိုင်းထားတဲ့
ငါ့ရဲ့ရောင်စုံအတ္တဈေးစကားကို
သေတ္တာအိုတလုံးတွင်းမှာ
ခေတ္တသော့ခတ်ထားပြီး
တခြားတယောက်နဲ့စကားပြော
ဘာမဆိုသွေးနှောဖို့လည်း
ဝန်မလေးတတ်တဲ့ ငါ။
ရောင်စုံအတ္တတွေကလည်းပေါပါဘိသနဲ့
ငါ့ရဲ့ဈေးအခင်းအကျင်းမှာ
ထုတ်ကုန်တမျိုးတည်းကို
အရောင်မျိုးစုံချယ်သရင်း
တန်ဖိုးအမျိုးမျိုးခွဲ ဈေးကစားတာဘဲ
ဘာခက်တာမှတ်လို့။
ဒီပွဲမှာ ငါ
အမြတ်များများရဖို့လိုအပ်သလို
တခြားသူတွေရဲ့ရှိစုမဲ့စုအတ္တတွေကို
ဈေးချိုချိုပေးဝယ်နိုင်ဖို့လည်းအရေးကြီးတယ်။
ဒီပွဲဟာ
ပထမဦးဆုံးဈေးဖွင့်ပွဲမဟုတ်သလို
ဒုတိယအကြိမ်မြောက်ရောင်းကုန်ပြပွဲလည်းမဟုတ်ဘူး
ဘုန်းကြီးရူးနဲ့လှေလူးတွေကိုအချိုသပ်ရင်း
ခပ်ပြင်းပြင်းခွင်ရိုက်မယ့်ပွဲ
ကဲ..ငါ့ရဲ့ရောင်စုံအတ္တရောင်းကုန်တွေကို
ရောင်စုံခင်းကျင်းပြီးဖွင့်လှစ်လိုက်မယ်။ ။
ဆောင်းယွန်းလ
ဒီဇင်ဘာလ ၂၉ ရက်..၂၀၀၇။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 days ago



No comments:
Post a Comment