”တိုက်ပွဲညထဲက လွတ်မြောက်ရေးနေ့”
ကိုယ့်ရဲ့ အခန်းငယ်ထဲကညတွေ
ပြန့်ကျဲ
အတွေးတွေကလည်း ဟိုတစဒီတစ
လွင့်ကျ
ဖြူလွလွနှင်းတွေကို လေပွေတိမ်းလိုက်သလိုမျိုး
ကောင်းကင်ကြီးကတော့
ကလေးတယောက်ကို ငုံ့ကြည့်နေသလိုမျိုးနဲ့
ကိုယ့်ရဲ့ခန္ဓာဝန်ကို အုပ်မိုး
လေတိုးသံသဲ့သဲ့
တချက်တချက်ငဲ့ကြည့်လိုက်သေး
အဝေးကခပ်ဖြေးဖြေးလာသလိုမျိုးနဲ့
ကိုယ့်ရဲ့အတွေးပန်းချီကို နှုတ်ဆက်သွား
အကာလ ညတခုမှာ…
အငွေ့အသက်တွေက
ကိုယ့်ည မျက်ဝန်းအိမ်မှာ..
ယူဇနာမိုင်များစွာက သယ်ဆောင်လာတဲ့
ဒစ်ဂျစ်တယ်လ်လှိုင်းတွေနဲ့အတူ ကွဲရှ
တိုက်ဆိုင်လွန်းတဲ့ ဟိုးအနှစ် ၂၀ကာလလိုမျိုး
အဲဒီညမှာ
ဒီအန်အေ အသစ်တွေဝင်တိုး…
စူနာမီအသစ်တခုက
ကိုယ့်ရင်ခွင်ကို ဗဟိုပြုတဲ့အခါ
ညဟာ.အေးခဲသွား
ရေခဲမြစ်များလို
ဘဝဟာ.မီးခြစ်ကျောက်တလုံးလို
တဖြေးဖြေး ပွန်းပဲ့
ကိုယ့်ရဲ့ အခန်းငယ်လေးထဲမှာ…
ဝီရအားပေးသံ
လက်ခုပ်လက်ဝါးတီးသံ
မိုးသံ လေသံ ရေသံ
ငြိမ်းချမ်းရေးတေးသံ
မေတ္တာသုတ်ရွတ်သံ
ဟစ်ကြွေး တမ်းတသံ
အဲဒီအသံတချို့
ကိုယ့်ပြူတင်းတံခါးမှာဖော့ဖော့ငြင်ခိုဝင်
ပြီးတော့…
စူးစူးဝါးဝါး ငြီးငြူသံ
ဖျစ်ညှစ် အော်ဟစ်သံ
တိုးတိတ် စိုးထိတ်သံ
တောက်ခက်.စုပ်သပ်သံ
အဲဒီအသံတွေအားလုံး
ကိုယ့်နံရံနဲ့ မျက်နှာကြက်မှာ ဝုန်းဒိုင်းကြဲ
ညကို ဖောက်ခွဲသွားတယ်….
အဲဒီညမှာ
ကောင်းကင်ဟာ မိုးသားမပါဘဲ
အပြာတွေဖြန့်ကျဲသွားတယ်
ပြီးတော့..တဖြေးဖြေးနီရဲ
ဝဲလာတဲ့မျက်ရည်က ရင်ခုန်ပြလိုက်တာ
ကမ္ဘာမြေတခြမ်းကိုပါ တုန်ခါသွားစေရဲ့….
ကမ္ဘာတဖက်ခြမ်းမှာတော့
တပါးသူတို့ရဲ့ နေ့ဟာအဖော်ကွဲ…
အဲဒီနေ့မှာ…….
ဂန္တဝင်မိခင်ဟာ
ဟက်တက်ကွဲ ရင်ကိုဖွင့်ရင်း
လွတ်မြောက်ရေးမြေကို ခြေတဖက်နင်းလေရဲ့…….
ဆောင်းယွန်းလ
Monday, January 21, 2008
Posted by
ဆောင်းယွန်းလ
at
2:56 PM
Subscribe to:
Post Comments (Atom)



5 comments:
အဲဒီညမှာ
ကောင်းကင်ဟာ မိုးသားမပါဘဲ
အပြာတွေဖြန့်ကျဲသွားတယ်
ပြီးတော့..တဖြေးဖြေးနီရဲ
ဝဲလာတဲ့မျက်ရည်က ရင်ခုန်ပြလိုက်တာ
ကမ္ဘာမြေတခြမ်းကိုပါ တုန်ခါသွားစေရဲ့….
ကမ္ဘာတဖက်ခြမ်းမှာတော့
တပါးသူတို့ရဲ့ နေ့ဟာအဖော်ကွဲ…
အဲဒီနေ့မှာ…….
ဂန္တဝင်မိခင်ဟာ
ဟက်တက်ကွဲ ရင်ကိုဖွင့်ရင်း
လွတ်မြောက်ရေးမြေကို ခြေတဖက်နင်းလေရဲ့…
ျတင်စားချက်တွေအားကောင်းလိုက်တာဗျာ။ ကဗျာလေးခံစားသါားတယ် အစ်ကို။
ကိုယ့်ရဲ့ အခန်းငယ်ထဲကညတွေ
ပြန့်ကျဲ
အတွေးတွေကလည်း ဟိုတစဒီတစ
လွင့်ကျ
ဖြူလွလွနှင်းတွေကို လေပွေတိမ်းလိုက်သလိုမျိုး
ကောင်းကင်ကြီးကတော့
ကလေးတယောက်ကို ငုံ့ကြည့်နေသလိုမျိုးနဲ့
ကိုယ့်ရဲ့ခန္ဓာဝန်ကို အုပ်မိုး
လေတိုးသံသဲ့သဲ့
တချက်တချက်ငဲ့ကြည့်လိုက်သေး
အဝေးကခပ်ဖြေးဖြေးလာသလိုမျိုးနဲ့
ကိုယ့်ရဲ့အတွေးပန်းချီကို နှုတ်ဆက်သွား
အကာလ ညတခုမှာ…
အဖွဲ့အနွဲ့တွေ ကောင်းပဗျာကိုဆောင်း။ ဒီကဗျာ ကြိုက်တယ်ဗျာ။ အမြဲအားပေးနေတယ်ဗျို့။
အငွေ့အသက်တွေက
ကိုယ့်ည မျက်ဝန်းအိမ်မှာ..
ယူဇနာမိုင်များစွာက သယ်ဆောင်လာတဲ့
ဒစ်ဂျစ်တယ်လ်လှိုင်းတွေနဲ့အတူ ကွဲရှ
တိုက်ဆိုင်လွန်းတဲ့ ဟိုးအနှစ် ၂၀ကာလလိုမျိုး
အဲဒီညမှာ
ဒီအန်အေ အသစ်တွေဝင်တိုး........................................................ဆန်းတယ်ဗျ.....အကြိုက်ဆုံးအပိုဒ်ပဲ
အဲဒီညမှာ
ကောင်းကင်ဟာ မိုးသားမပါဘဲ
အပြာတွေဖြန့်ကျဲသွားတယ်
ပြီးတော့..တဖြေးဖြေးနီရဲ
ဝဲလာတဲ့မျက်ရည်က ရင်ခုန်ပြလိုက်တာ
ကမ္ဘာမြေတခြမ်းကိုပါ တုန်ခါသွားစေရဲ့….
ကမ္ဘာတဖက်ခြမ်းမှာတော့
တပါးသူတို့ရဲ့ နေ့ဟာအဖော်ကွဲ…
အဲဒီနေ့မှာ…….
ဂန္တဝင်မိခင်ဟာ
ဟက်တက်ကွဲ ရင်ကိုဖွင့်ရင်း
လွတ်မြောက်ရေးမြေကို ခြေတဖက်နင်းလေရဲ့…….
ကဗျာတစ်ပုဒ်လုံးကောင်းတယ် အကိုရေ။ ဒီ၂ပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ။ ပျော်ရွှင်ပါစေနော်။
လေးစားစွာဖြင့်
မေပျို
ကဗျာလေးထဲက...
လွတ်မြောက်ရေး သံစဉ်တွေ...
လမ်းမထက်မှာ...
ရင်ဘတ်တွေထဲမှာ...
နှလုံးအိမ်ထဲမှာ...
လေလှိုင်းထဲမှာ
ကမ္ဘာမြေအနှံ့....
မြန်မာပြည်ပါမကျန်...
ပျံ့လွင့်နေပြီ....
ကိုဆောင်းရေ.... အမြဲအားပေးလျှက်ပါ..။
Post a Comment