ရီဝေဝေမြို့လေးပေါ်က ကောင်မလေးဖတ်ဖို့…
ငါက…..
အိပ်မက်တွေကိုရောင်းကုန်လိုထမ်းပိုးရင်း
အဲဒီမိုင်တိုင်တွေကိုဖြတ်ခဲ့တာပါ
ကောင်မလေးရေ…
မင်းကတော့
င့ါညနေတွေကိုအပြီးစုတ်ဖြဲသွား
လျှော့ဈေးချမထားခဲ့တဲ့ င့ါရဲ့အိပ်မက်
ဝိုင်တခွက်လောက်တောင်တန်ဖိုးမရှိတော့ဘူးလား…
အရက်ခွက်ထဲမှာ မင်းထည့်သောက်တတ်တဲ့
ငါ့ဇာတ်လိုက်ကျော်တွေရဲ့သွေး
ဇိမ်ခံအရာဝတ္ထုတွေမှာ ပျော်ဝင်သွားတဲ့
မင်းရဲ့ ချစ်လှပါချည်ရဲ့စကား
ဗီသိုဗင်ရဲ့ ဂမ္ဘီရတေးသွားကို.ငါနားမလည်နိုင်ခဲ့သလိုမျိုး
ငါ့ဦးနှောက်ကို သွေးရေချိန်တိုးစေခဲ့….
တလက်ကိုင် တပတ်ရစ်ကုန်သည်တွေက
သူတို့အတ္တတွေနဲ့ မင်းကိုဝယ်ယူတော့
မင်းကခေါင်းမော့ရင်း
နာကျင်ခြင်းပြောင်းဝရှေ့တခါမျှ ခရီးမသွားဖူးတဲ့
မင်းရဲ့ရင်ကိုကော့ရင်း
တချိန်က ငါတို့ချစ်ခြင်းတွေကိုလွယ်လွယ်နဲ့မေ့လိုက်
တကယ်တော့ မင်းမမိုက်ပါဘူး
ငါသာမိုက်ခဲ့တာပါ
ငါ့ရဲ့..ကွဲကွဲရှရှ ရင်ကိုဖွင့်ရင်း….
မင်းချွတ်ချလိုက်တဲ့အဟောင်းထည်
ဒီအဟောင်းထည်မှာ အရောင်မရှိ
ပကတိအဖြူ
မင်းချစ်တဲ့အသစ်
အဲဒီမှာစုတ်ချက်ကြမ်းတွေနဲ့ညစ်ပတ်
ငါ့မှာသာစုပ်တသပ်သပ်
မင်းရဲ့လုပ်ဇာတ်တွေကြောင့်…
ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာတဲ့ပန်းတခင်းရဲ့အလျားအနံ
အဲဒါ ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ဟိုယခင်မြက်ခင်းစိမ်းတွေက
ချိုမြနေတာကိုရော မင်းမေ့လေရော့သလား….
ရီဝေဝေမြို့လေးပေါ်က ကောင်မလေးရေ
မင်းအပျင်းပြေဖို့အတွက်
ငှက်တွေက အတောင်မညောင်းစတမ်း
လမ်းလျှောက်ထွက်ပြနေကြရ
မင်းကတော့ အစာဝဖို့တွက်
ရင်ခုန်သံတွေကို စက်တပ်ရင်းခံစား
ကိုငှက်ရဲ့ အမေ့အိမ်သီချင်းတောင်
အနှစ် ၂၀ ဓာတ်ပြားဟောင်းဖြစ်သွားခဲ့..
နေ့ဖို့ညစာချန်ထားတတ်တဲ့
မင်းရဲ့ ၂၁ရာစု ခေတ်ရှေ့ပြေးအချစ်
အလုပ်လွန်လို့ ကျွန်မဖြစ်ပါဘူး
ကောင်မလေးရယ်.
တကယ်တမ်းကျတော့
မင်းရဲ့ဖောက်သည် ကုန်သည်တွေဆိုတာက
အစ်ရှုးကျမှ အမြတ်ရတာမဟုတ်လား
မင်းအပါးခစားနေတဲ့
ကိုယ်ရံတော်တွေဆိုတာကလည်း
သွေးထဲမှာ ဖြူနီပြာ တကွက်စီ
ရဲရဲနီတာဆိုလို့ စကားလုံးတွေနဲ့
နှစ်ချို့စာမျက်နှာ….
ငါ့စာရွက်ပြာပေါ်မှာ
ခုထိဗလာပါ ကောင်မလေးရေ
လေးဖြူနဲ့ မျိုးကြီးရဲ့ အိမ်ကိုပြန်ခဲ့တော့သီချင်း
နှလုံးသားထဲ စီးဆင်းတဲ့အခါ
နာတယ် ရင်ထဲ
ပြီးတော့ မျက်ရည်ဝဲ
မင်းကိုလည်းခံစားကြည့်စေချင်
ဒါ င့ါရင်ထဲက ဆန္ဒမှန်
ပိုကောင်းမယ့် မနက်ဖြန်တွေအတွက်….
Sunday, January 27, 2008
Posted by
ဆောင်းယွန်းလ
at
11:46 AM
Subscribe to:
Post Comments (Atom)



7 comments:
ကျွန်တော်အရင်ဖတ်သွားတယ် အစ်ကိုရေ .. ကောင်မလေးဖတ် မဖတ်ရသေးတော့ မသိဘူး ..။
လျှော့ဈေးချမထားခဲ့တဲ့ င့ါရဲ့အိပ်မက်
ဝိုင်တခွက်လောက်တောင်တန်ဖိုးမရှိတော့ဘူးလား…
အရက်ခွက်ထဲမှာ မင်းထည့်သောက်တတ်တဲ့
ငါ့ဇာတ်လိုက်ကျော်တွေရဲ့သွေး
ဇိမ်ခံအရာဝတ္ထုတွေမှာ ပျော်ဝင်သွားတဲ့
မင်းရဲ့ ချစ်လှပါချည်ရဲ့စကား
ဗီသိုဗင်ရဲ့ ဂမ္ဘီရတေးသွားကို.ငါနားမလည်နိုင်ခဲ့သလိုမျိုး
ငါ့ဦးနှောက်ကို သွေးရေချိန်တိုးစေခဲ့….
ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာတဲ့ပန်းတခင်းရဲ့အလျားအနံ
အဲဒါ ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ဟိုယခင်မြက်ခင်းစိမ်းတွေက
ချိုမြနေတာကိုရော မင်းမေ့လေရော့သလား….
စာသားတွေ ရင်ထဲထိတယ်ဗျာ။
အရက်ခွက်ထဲမှာ မင်းထည့်သောက်တတ်တဲ့
ငါ့ဇာတ်လိုက်ကျော်တွေရဲ့သွေး
ဇိမ်ခံအရာဝတ္ထုတွေမှာ ပျော်ဝင်သွားတဲ့
မင်းရဲ့ ချစ်လှပါချည်ရဲ့စကား
ဗီသိုဗင်ရဲ့ ဂမ္ဘီရတေးသွားကို.ငါနားမလည်နိုင်ခဲ့သလိုမျိုး
ငါ့ဦးနှောက်ကို သွေးရေချိန်တိုးစေခဲ့….
တလက်ကိုင် တပတ်ရစ်ကုန်သည်တွေက
သူတို့အတ္တတွေနဲ့ မင်းကိုဝယ်ယူတော့
မင်းကခေါင်းမော့ရင်း
နာကျင်ခြင်းပြောင်းဝရှေ့တခါမျှ ခရီးမသွားဖူးတဲ့
မင်းရဲ့ရင်ကိုကော့ရင်း
တချိန်က ငါတို့ချစ်ခြင်းတွေကိုလွယ်လွယ်နဲ့မေ့လိုက်
တကယ်တော့ မင်းမမိုက်ပါဘူး
ငါသာမိုက်ခဲ့တာပါ
ငါ့ရဲ့..ကွဲကွဲရှရှ ရင်ကိုဖွင့်ရင်း….
မင်းချွတ်ချလိုက်တဲ့အဟောင်းထည်
ဒီအဟောင်းထည်မှာ အရောင်မရှိ
ပကတိအဖြူ
မင်းချစ်တဲ့အသစ်
အဲဒီမှာစုတ်ချက်ကြမ်းတွေနဲ့ညစ်ပတ်
ငါ့မှာသာစုပ်တသပ်သပ်
မင်းရဲ့လုပ်ဇာတ်တွေကြောင့်…
ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာတဲ့ပန်းတခင်းရဲ့အလျားအနံ
အဲဒါ ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ဟိုယခင်မြက်ခင်းစိမ်းတွေက
ချိုမြနေတာကိုရော မင်းမေ့လေရော့သလား….
ရီဝေဝေမြို့လေးပေါ်က ကောင်မလေးရေ
မင်းအပျင်းပြေဖို့အတွက်
ငှက်တွေက အတောင်မညောင်းစတမ်း
လမ်းလျှောက်ထွက်ပြနေကြရ
မင်းကတော့ အစာဝဖို့တွက်
ရင်ခုန်သံတွေကို စက်တပ်ရင်းခံစား
ကိုငှက်ရဲ့ အမေ့အိမ်သီချင်းတောင်
အနှစ် ၂၀ ဓာတ်ပြားဟောင်းဖြစ်သွားခဲ့..
နေ့ဖို့ညစာချန်ထားတတ်တဲ့
မင်းရဲ့ ၂၁ရာစု ခေတ်ရှေ့ပြေးအချစ်
အလုပ်လွန်လို့ ကျွန်မဖြစ်ပါဘူး
ကောင်မလေးရယ်.
တကယ်တမ်းကျတော့
မင်းရဲ့ဖောက်သည် ကုန်သည်တွေဆိုတာက
အစ်ရှုးကျမှ အမြတ်ရတာမဟုတ်လား
မင်းအပါးခစားနေတဲ့
ကိုယ်ရံတော်တွေဆိုတာကလည်း
သွေးထဲမှာ ဖြူနီပြာ တကွက်စီ
ရဲရဲနီတာဆိုလို့ စကားလုံးတွေနဲ့
နှစ်ချို့စာမျက်နှာ….
ငါ့စာရွက်ပြာပေါ်မှာ
ခုထိဗလာပါ ကောင်မလေးရေ
လေးဖြူနဲ့ မျိုးကြီးရဲ့ အိမ်ကိုပြန်ခဲ့တော့သီချင်း
နှလုံးသားထဲ စီးဆင်းတဲ့အခါ
နာတယ် ရင်ထဲ
ပြီးတော့ မျက်ရည်ဝဲ
မင်းကိုလည်းခံစားကြည့်စေချင်
ဒါ င့ါရင်ထဲက ဆန္ဒမှန်
ပိုကောင်းမယ့် မနက်ဖြန်တွေအတွက်….
အရမ်းကောင်းတယ်ဗျာ ကိုဆောင်း..။ ထိတယ်။ နောက်ကို ဒါမျိုးတွေလည်းရေးပါဗျ။ အချစ်ကဗျာ ပြင်းပြင်းလေးတွေဖတ်ချင်တယ်။ ရီဝေေ၀မြို့က ယူအက်စ်မှာပဲလားဗျ။
ကိုကြီးဆောင်းလည်း ချစ်တတ်တယ်
ကိုကြီးဆောင်းလည်း လွမ်းတတ်တယ်
ကိုကြေီးဆောင်းလည်း ခံစားတတ်တယ်
ဟွန်း ဟွန်း ကိုကြီးဆောင်းကိုများ ဘာထင်နေကြလဲကွ ဟေ
ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာတဲ့ပန်းတခင်းရဲ့အလျားအနံ
အဲဒါ ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ရီဝေဝေမြို့လေးပေါ်က ကောင်မလေးရေ
မင်းအပျင်းပြေဖို့အတွက်
ငှက်တွေက အတောင်မညောင်းစတမ်း
လမ်းလျှောက်ထွက်ပြနေကြရ
မင်းကတော့ အစာဝဖို့တွက်
ရင်ခုန်သံတွေကို စက်တပ်ရင်းခံစား
ကိုငှက်ရဲ့ အမေ့အိမ်သီချင်းတောင်
အနှစ် ၂၀ ဓာတ်ပြားဟောင်းဖြစ်သွားခဲ့.
ဒီနှစ်ပိုဒ်ကို အရမ်းကြိုက်တယ်
၇ီဝေေ၀မြို.က ကောင်မလေး ဆိုတော့
ဟိုလိုလို ဒီလိုလို ယောင်ယောင်ဖြစ်သွားတယ်.. ဟီးဟီး..
ကဗျာလေးက ကောင်းတယ်ဗျာ
နာမည်မတပ်တဲ့ ကောင်မလေးပါတယ်ဆိုတော့ ပိုလို့တောင် ကောင်းဗျ.. ဟတ်ဟတ်..
ကောင်မလေးတော့ ရီဝေမဝေမသိဘူး
ကျွန်တော်ကတော့ အပြီကြွေသွားပြီ..အကို့ကဗျာကို
Post a Comment