”သက်ဝင်နိုးထခြင်း”
တရံတဆစ်မျှ
လှုပ်ခါပြလိုက်ရုံမျှနဲ့
နတ်ဆိုးရဲ့ဝိညာဉ်
ငလျင်တကောင်လိုတုန်လှုပ်သွား
ဆောင်းရင့်ရင့်တခုရဲ့သစ်ရွက်များလိုကြွေကျသွား
ပြီးတော့..အပြင်းဖျားတယ်
ဂန္ဓဝင်ဓားတလက်က
မုန်ယိုနေတဲ့အတ္တကောင်ကို
ဇောင်းထက်လျာဖျားနဲ့လျက်ခိုက်
ဟန်ဆောင်ကောင်းတိမ်တသိုက်ဟာ
ကမ္ဘာ့အသိုင်းအဝိုင်းမှာအငိုက်မိခဲ့ရရှာပေါ့..
အရှက်ဒီဂရီသုညနဲ့
အဓမ္မရပ်ဝန်းမှာ ကျင်လည်တဲ့နတ်ဆိုး
မြူခိုးမပြယ်ခင် အသက်ယဲ့ယဲ့ငင်…
ပဆစ်တုတ်ဂီတ
နေနဲ့လကိုတည်ငြိမ်စွာနမ်းရှိုက်ခိုက်
အာသာတငမ်းငမ်းနတ်ဆိုးဟာ
သားကောင်တဖြစ်လဲရင်း
ကျဉ်းထဲကျပ်ထဲမှာ
ပြာပြာသလဲအယူလွဲတွေနဲ့ဦးခိုက်
ဝင်သက်ထွက်သက်နဲ့
ပြေးတမ်းလိုက်တမ်းကစားနေတဲ့
ကြယ်တချို့မိုးသောက်ရာ
ကောင်းကင်ပြာမှာတော့
သူရဲကောင်းတွေရဲ့ ဗုံသံဆိုင်းသံ
ငြိမ်းချမ်းရေးအခြွေအရန်တွေခင်းလို့
တိုက်ပွဲဟန်တွေကိုခင်းကျင်းရွာချ
လက်မောင်းသွေးတွေနီရဲသွားကြရင်း….
သဘာဝတရားရဲ့ ဖြစ်တည်မှုတစုံဟာ
မိုးဝတ်ရုံကိုခြုံလွှမ်း
ဆောင်းဦးထုတ်ကိုဆောင်းရင်း
နွေဖိနပ်ကိုအချိန်မှန်ဆင်မြန်းတဲ့အခါ
ကာလအတန်ကြာငိုက်မြည်းမှုတခု
တန်ဖိုးကြီးလှစွာသောပေးဆပ်မှုတွေကို
သက်သေပြုရင်း
ပြင်းလျှလျှနိုးထလာခဲ့ရပေါ့….
ဆောင်းယွန်းလ
Tuesday, February 5, 2008
Posted by
ဆောင်းယွန်းလ
at
10:39 AM
Subscribe to:
Post Comments (Atom)



3 comments:
ပဆစ်တုတ်ဂီတ
နေနဲ့လကိုတည်ငြိမ်စွာနမ်းရှိုက်ခိုက်
အာသာတငမ်းငမ်းနတ်ဆိုးဟာ
သားကောင်တဖြစ်လဲရင်း
ကျဉ်းထဲကျပ်ထဲမှာ
ပြာပြာသလဲအယူလွဲတွေနဲ့ဦးခိုက်
သိမ်မွေ့တဲ့ အဖွဲ့ ပါဗျာ။
wickedly awesome, bro.To be honest with you, I ghostly love it.
ဝင်သက်ထွက်သက်နဲ့
ပြေးတမ်းလိုက်တမ်းကစားနေတဲ့
ကြယ်တချို့မိုးသောက်ရာ
ကောင်းကင်ပြာမှာတော့
သူရဲကောင်းတွေရဲ့ ဗုံသံဆိုင်းသံ
ငြိမ်းချမ်းရေးအခြွေအရန်တွေခင်းလို့
တိုက်ပွဲဟန်တွေကိုခင်းကျင်းရွာချ
လက်မောင်းသွေးတွေနီရဲသွားကြရင်း….
အစ်ကိုရေ ကဗျာလေး ကြိုက်တယ်ဗျာ ..။
Post a Comment