ဗလာ……
ကြုံတွေ့နေရလေဦးမယ် အချစ်နဲ့အမုန်း
ပြီးတော့ နှလုံးသားဒဏ်ရာ
ဘဝတွေရှင်သန်နေထိုင်ခဲ့ရာ နှစ်များစွာထဲ
ဒါ ရုပ်ရှင်ထဲက ဇာတ်လမ်းတပုဒ်
င့ါအတွက်တော့ သီချင်းတပုဒ်ထက်မပို
ကဗျာတပုဒ်လို ရွတ်ဆိုချင်ရင်လည်းဆိုလို့ရ
တကယ်တော့…ငါက
ငါ့ကိုယ်ငါချစ်တဲ့ အတ္တကောင်တယောက်မျှသာ…
ပျားရည်တစက်ပေါ်မှာ
အချစ်ဟာချိုမြိန်
အက်ဆစ်တစက်ပေါ်မှာ
အမုန်းကခါးသက်
ငါရှင်သန်ရာ ညမနက်တွေမှာကတော့
အချစ်နဲ့အမုန်း
ဘာမျှမထူးဆန်းတဲ့ နေ့စဉ်သုံးစကားလုံးလို
တကယ်တော့ ငါက
င့ါအတ္တကိုစားသုံးပြီး မွေးဖွားလာခဲ့သူ….
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်ညတွေမှာ
င့ါရဲ့မျက်နှာဖုံးကို ငါ့်လက်တွေနဲ့ဆွဲယူခွာချဖို့ကြိုးစား
အချည်းအနှီးမဲ့ညတွေကသာ မိုးစင်စင်လင်းသွားကြ…
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်နေ့တွေမှာ
ငါ့ရဲ့အတ္တတွေကို ငါ့မာယာတွေနဲ့မီးလောင်ပြာချဖို့ကြိုးစား
အချည်းအနှီးမဲ့နေ့တွေကသာ ညစုန်းစုန်းချုပ်သွားကြ…
တကယ်တော့…ငါက
မနေ့တနေ့ကမှ မွေးဖွားခဲ့လေပြီး
မနက်ဖြန် သဘက်ခါမှာသေဆုံးသွားရမယ့်
ငါနဲ့ ငါ့ကို ငါကိုယ်တိုင်က မပိုင်ခဲ့ရလေသူ…..။ ။
ဆောင်းယွန်းလ
Tuesday, February 12, 2008
Posted by
ဆောင်းယွန်းလ
at
6:19 PM
Subscribe to:
Post Comments (Atom)



7 comments:
ဗလာ……
ကြုံတွေ့နေရလေဦးမယ် အချစ်နဲ့အမုန်း
ပြီးတော့ နှလုံးသားဒဏ်ရာ
ဘဝတွေရှင်သန်နေထိုင်ခဲ့ရာ နှစ်များစွာထဲ
ဒါ ရုပ်ရှင်ထဲက ဇာတ်လမ်းတပုဒ်
င့ါအတွက်တော့ သီချင်းတပုဒ်ထက်မပို
ကဗျာတပုဒ်လို ရွတ်ဆိုချင်ရင်လည်းဆိုလို့ရ
တကယ်တော့…ငါက
ငါ့ကိုယ်ငါချစ်တဲ့ အတ္တကောင်တယောက်မျှသာ…
ပျားရည်တစက်ပေါ်မှာ
အချစ်ဟာချိုမြိန်
အက်ဆစ်တစက်ပေါ်မှာ
အမုန်းကခါးသက်
ငါရှင်သန်ရာ ညမနက်တွေမှာကတော့
အချစ်နဲ့အမုန်း
ဘာမျှမထူးဆန်းတဲ့ နေ့စဉ်သုံးစကားလုံးလို
တကယ်တော့ ငါက
င့ါအတ္တကိုစားသုံးပြီး မွေးဖွားလာခဲ့သူ….
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်ညတွေမှာ
င့ါရဲ့မျက်နှာဖုံးကို ငါ့်လက်တွေနဲ့ဆွဲယူခွာချဖို့ကြိုးစား
အချည်းအနှီးမဲ့ညတွေကသာ မိုးစင်စင်လင်းသွားကြ…
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်နေ့တွေမှာ
ငါ့ရဲ့အတ္တတွေကို ငါ့မာယာတွေနဲ့မီးလောင်ပြာချဖို့ကြိုးစား
အချည်းအနှီးမဲ့နေ့တွေကသာ ညစုန်းစုန်းချုပ်သွားကြ…
တကယ်တော့…ငါက
မနေ့တနေ့ကမှ မွေးဖွားခဲ့လေပြီး
မနက်ဖြန် သဘက်ခါမှာသေဆုံးသွားရမယ့်
ငါနဲ့ ငါ့ကို ငါကိုယ်တိုင်က မပိုင်ခဲ့ရလေသူ…..။ ။
ကဗျာ အရမ်းကြိုက်တယ်ဗျာ။ ပထမဆုံး အဖွင့်အပိုဒ်ကို အကြိုက်ဆုံးပဲ။ ကဗျာတစ်ပုဒ်လုံး ကောင်းတယ်။ ကဗျာဆရာဟာ ကိုယ်ခံစားရတာကို ခံစားရတဲ့ အတိုင်း သတ္တိရှိရှိ ဖွင့်ချရဲဖို့ လိုတယ်နော်။ အဲဒီလို သတ္တိရှိတဲ့ ကိုဆောင်းကို လေးစားပါတယ်။
"" တကယ်တော့…ငါက
မနေ့တနေ့ကမှ မွေးဖွားခဲ့လေပြီး
မနက်ဖြန် သဘက်ခါမှာသေဆုံးသွားရမယ့်
ငါနဲ့ ငါ့ကို ငါကိုယ်တိုင်က မပိုင်ခဲ့ရလေသူ…..။ ။ """
ပရမတ္တ သစ္စာ ပဲဗျ ... ပိုပြီး ဆင်ခြင်ဖြစ်တာပေါ့ ... အရမ်း အဓိပ္ပါယ် ရှိတယ် ကိုဆောင်းရေ ....
ကဗျာလေး ခံစားသွားတယ် အစ်ကို။
တကယ်တော့…ငါက
မနေ့တနေ့ကမှ မွေးဖွားခဲ့လေပြီး
မနက်ဖြန် သဘက်ခါမှာသေဆုံးသွားရမယ့်
ငါနဲ့ ငါ့ကို ငါကိုယ်တိုင်က မပိုင်ခဲ့ရလေသူ…..။ ။
အဲလို တရားရတော့လည်း ကောင်းတာပေါ့ အကိုရယ် နောက်ဆိုရင် တောပါ ထွက်ချင်လာလိမ့်မယ် တောတော့ မထွက်သေးဘူး မဟုတ်လား.. နေပါအုံး 2010 လောက်ထိတော့ ရွေးကောက်ပွဲ လုပ်ကြမယ်လေ.. :P
ဒါနဲ့အကို ပင့်ဂိုလ်းကို ဆက်သွယ်မယ်ဆို မဆက်သွယ်သေးပါလား MBS အတွက် ပိုစ့်တင်တုန်းပ ပြောစရာလေးတွေ ရှိနေလို့ဆို.. pinkgold@cuttiepinkgold.info ပါ
ပထမဆုံးအပိုဒ်နဲ့ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ ကိုဆောင်းယွန်းလရေ။ ကဗျာလေးက အရမ်းကောင်းတယ်နော်။
လေးစားစွာဖြင့်
မေပျို
ဟုတ်တယ် အကိုရ။ လူဆိုတာကိုယ့်ကိုကိုယ် သိပ်ချစ်တဲ့ကောင်။ ကိုယ့်ဖာသာချစ်နေရာကနေ တခြားလူကိုလည်းချစ်လို့ရတယ်ဆိုတာ တဖြေးဖြေးရှာတွေ့လာတာ…..သိပ်မှန်တဲ့ ကဗျာလေးပဲဗျာ
တအားအဓိပ္ပါယ်ရှိတယ် အစ်ကိုရေ ... ခံစားသွားပါတယ်
Post a Comment