”သတိ”
ဆန္ဒတွေအဖြူအမည်းသဲကွဲနေပြီးသားမို့
သင့်ရဲ့ရင်ခွင်ကိုရဲရဲသာဖွင့်ထားလိုက်ပါ….
အမှန်အမှား ကွဲပြားပြီးသားမို့
သင့်ရဲ့တွေးခေါ်မှုများ ဝေဝါးစရာမလိုပြီ…
ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်
သတိမလစ်စေဖို့လိုသလို
ဘာဘဲလုပ်လုပ် ကြိုးမရှုပ်စေဖို့လည်းလိုတယ်…
သတိမလစ်စေဖို့အတွက်
လှည့်ကွက်တွေကိုမြင်တတ်ရသလို
ကြိုးမရှုပ်စေဖို့အတွက်
ရန်ငါစည်းဖြတ်ထားဖို့လည်းလိုတယ်…
လူတချို့ရဲ့အတ္တနဲ့
သူတို့ရဲ့မိုက်မဲမှုဟာ
သင့်ကိုသာမက ကျန်သူတွေရဲ့တစ်ဘဝလုံးကိုပါ
အခါခါနစ်မွန်းစေနိုင်တဲ့အမှောင်မို့
သင့်ရဲ့ ကမ်းမယ့်လက်တွေ မလှမ်းခင်
သူတို့ရဲ့ ညစ်ထေးထေးလက်တွေကိုမြင်တတ်အောင်ကြည့်
ဆုံးဖြတ်ချက်တိုင်းမှာ သတိရှိပါစေ….။
Tuesday, March 11, 2008
Posted by
ဆောင်းယွန်းလ
at
8:44 PM
Subscribe to:
Post Comments (Atom)



No comments:
Post a Comment