ဗလာ……
ကြုံတွေ့နေရလေဦးမယ် အချစ်နဲ့အမုန်း
ပြီးတော့ နှလုံးသားဒဏ်ရာ
ဘဝတွေရှင်သန်နေထိုင်ခဲ့ရာ နှစ်များစွာထဲ
ဒါ ရုပ်ရှင်ထဲက ဇာတ်လမ်းတပုဒ်
င့ါအတွက်တော့ သီချင်းတပုဒ်ထက်မပို
ကဗျာတပုဒ်လို ရွတ်ဆိုချင်ရင်လည်းဆိုလို့ရ
တကယ်တော့…ငါက
ငါ့ကိုယ်ငါချစ်တဲ့ အတ္တကောင်တယောက်မျှသာ…
ပျားရည်တစက်ပေါ်မှာ
အချစ်ဟာချိုမြိန်
အက်ဆစ်တစက်ပေါ်မှာ
အမုန်းကခါးသက်
ငါရှင်သန်ရာ ညမနက်တွေမှာကတော့
အချစ်နဲ့အမုန်း
ဘာမျှမထူးဆန်းတဲ့ နေ့စဉ်သုံးစကားလုံးလို
တကယ်တော့ ငါက
င့ါအတ္တကိုစားသုံးပြီး မွေးဖွားလာခဲ့သူ….
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်ညတွေမှာ
င့ါရဲ့မျက်နှာဖုံးကို ငါ့်လက်တွေနဲ့ဆွဲယူခွာချဖို့ကြိုးစား
အချည်းအနှီးမဲ့ညတွေကသာ မိုးစင်စင်လင်းသွားကြ…
တခါတခါ..ငါ
ငါ့ကိုယ်ပိုင်နေ့တွေမှာ
ငါ့ရဲ့အတ္တတွေကို ငါ့မာယာတွေနဲ့မီးလောင်ပြာချဖို့ကြိုးစား
အချည်းအနှီးမဲ့နေ့တွေကသာ ညစုန်းစုန်းချုပ်သွားကြ…
တကယ်တော့…ငါက
မနေ့တနေ့ကမှ မွေးဖွားခဲ့လေပြီး
မနက်ဖြန် သဘက်ခါမှာသေဆုံးသွားရမယ့်
ငါနဲ့ ငါ့ကို ငါကိုယ်တိုင်က မပိုင်ခဲ့ရလေသူ…..။ ။
Saturday, June 21, 2008
Posted by
ဆောင်းယွန်းလ
at
6:52 AM
Subscribe to:
Post Comments (Atom)



3 comments:
အစ်ကို ကဗျာတွေနဲ့ ပြန်လာပြီပေါ့။ ကဗျာလေး ဖတ်ပြီးအတွေးပွါးသွားတယ်ဗျာ။
ကဗျာ ကြိုက်တယ်။ အသစ်တွေကို ထပ်မျှော်နေမယ်..။
ဒီကဗျာလေးကို ကြိုက်တယ်ဗျာ ...
Post a Comment