ခရီးသည်
နံနက်လင်းတိုင်း
အသံလှိုင်းတွေ
အာရုံမွှေနှောက်
တံခါးခေါက်တယ်…
အိပ်ရာဝင်တိုင်း
အသံလှိုင်းတွေ
အာရုံမွှေနှောက်
တံခါးခေါက်တယ်…
နံနက်နဲ့ည
တစ်နေ့ပြီးတစ်နေ့သာပြောင်းသွားကြတယ်
အသံလှိုင်းတွေကတော့မပြောင်း
င့ါရဲ့ဦးခေါင်းထဲမှာ
င့ါရဲ့နားနှစ်ဘက်ထဲမှာ
ငါ့ရဲ့အသွေးအသားထဲမှာ
ကာလကြာရှည်စွာစွဲကပ်
အနာနဲ့ဆေးမစပ်ဟပ်တဲ့ရောဂါလိုမျိုး
တစ်နေ့တစ်ခြားဝေဒနာတိုးတယ်..
မိုးကိုမျှော်ကြည့်တော့လည်း
ကောင်းကင်ကခပ်မဲမဲ
နွေကိုတမ်းတပြန်တော့လည်း
နွေကြိုဥသြရဲ့အသံကမသဲမကွဲ
ဆောင်းကိုမှန်းဆပြန်တော့လည်း
အေးမြမှုတို့ကမပီပြင်
တစိမ်းအသွင်ဆောင်တဲ့ရာသီသုံးခွင်မှာ
ဗလာရင်ဘတ်နဲ့လမ်းလျှောက်နေရသူဟာ
အသံလှိုင်းတွေရဲ့မပီပြင်မှုတွေနဲ့အတူ
နာတာရှည်ရောဂါတစ်ခုကိုရင်မှာပိုက်ရင်း
တစိမ်းတရံဆာတွေရဲ့ အနောက်ကမ္ဘာခြမ်းမှာ
ခရီးပြင်းတစ်ခုကိုနှင်နေရလေရဲ့…..
Sunday, September 14, 2008
Posted by
ဆောင်းယွန်းလ
at
1:36 PM
Subscribe to:
Post Comments (Atom)



1 comment:
ဟေး....တွေ့ပြီကွ Eureka!!!!
ဗလာရင်ဘတ်နဲ့ဘယ်လောက်လမ်းရဦးမယ်မသိဘူးဗျို့
(ကန္တာရရဲ့ခရီးသည်ပေါ့..ဟဲဟဲ)
ကျနော်လည်းဗလာရင်ဘတ်လား..ဟောဒီရင်ဘတ်
ကြီးလားတော့မသိဘူးဗျို့ခရီးပြင်းနှင်ဖို့ကျွတ်ကျွတ်အိပ် ထဲပစ္စည်းတွေထိုးထဲ့နေတယ်ဗျို့....
ကျေးဇူးတင်ပါတယ် ဆောင်းနှောင်းလရေ အဲ...ဆောရီး ဆောင်းယွန်းလရေ
အနာနဲ့ဆေးမဟပ်သေးတဲ့....
ပုရစ်
လာလည်ဦးနော်
http://irrawaddy.burmabloggers.net
http://burmahexagon.blogspot.com
Post a Comment