အဲဒီည
မိုးလေးတဖြိုက်နှစ်ဖြိုက်ရွာလိုက်တာနဲ့
အွန်လိုင်းပေါ်တက်လို့မရ
ဒီလောက်ညံ့ဖျင်းတဲ့
အင်တာနက်ကွန်နက်ရှင်အောက်မှာမှ
လာထိုင်မိရသလား
စဉ်းစားရင်းဒေါသဖြစ်
ကဗျာတွေလည်း တစ်ပုဒ်မှဖြစ်မလာတဲ့ညမှာ…
၁၉နှစ်ကြာ ရင်အနာကို
နောက်တစ်နှစ်ထပ်ဆင့်တိုးလို့
မိမိကိုယ်ကိုစိတ်တွေဆိုး အရာရာကိုစိတ်တွေဆိုး
စိတ်တွေဆိုးရင်း တက်ခေါက်
သံစဉ်စာသားတွေ ပျောက်နေတဲ့ညမှာ….
သူငယ်ချင်းတစ်ယောက်ကဖုန်းဆက်
ကျောင်းသားတပ်မတော်လူထွက်မို့
နိုင်ငံသားဖြစ်ဖို့ကြန့်ကြာ
ကမ္ဘာမှာလူဖြစ်ရင်း နိုင်ငံသားစာရင်းပျောက်နေမှုတွက်
ဒေါသထွက်ရင်း စိတ်ပျက်
နိုးလျက်နဲ့ အိပ်မက်ဆိုးတွေမက်နေတဲ့ညမှာ….
အဖေ့မူပိုင်လက်ရေးကို စကန်ဖတ်
ကျနော့်အမည်ကိုလိပ်မူတပ်ပြီး ပို့လိုက်တဲ့အီးမေးလ်အတွက်
ဖုန်းတောင်ပြန်မဆက်နိုင်သေးတဲ့ ကိုယ့်ရဲ့မပြေလည်မှု
ရင်ထုမနာဖြစ်ရင်း ကိုယ့်ကိုယ်ကိုအပြစ်တင်
ဒေါသငလျင်လှုပ် ငုတ်တုတ်မိုးလင်းခဲ့တဲ့ညမှာ…
အနှစ်၂၀တာလောင်ကျွမ်းမှုတွေနဲ့ညဟာ
အညံ့စားကော်ဖီတစ်ခွက်ကိုအေးစက်စေခဲ့
လျှော့ဈေးနဲ့ရထားတဲ့ စီးကရက်ဗူးဝတ်ခန့်ကိုပြာကျစေခဲ့
သျှပ်မှုးကျော်ရဲ့ အမေ့အိမ်သီချင်းကို
မီးလောင်ပြာကျနေတဲ့ရင်ထဲ အကြိမ်များစွာစီးဆင်းစေခဲ့
ကွန်ဆာဗေးတစ်တွေရဲ့ မြို့ပြရနံ့နဲ့အတူမွန်းကျပ်မှုကိုပေးခဲ့….။
Monday, September 29, 2008
Posted by
ဆောင်းယွန်းလ
at
6:26 PM
Subscribe to:
Post Comments (Atom)



3 comments:
အဆင်မပြေတဲ့အခါ ဒီလိုပဲ ကိုဆောင်းရယ်..
စီးကရက်တွေ အရမ်း သောက်သလားဗျ
အဲဒီညကို စာနာနားလည်စွာ လာဖတ်သွားတယ်ဗျာ..
ကမ္ဘာမှာလူဖြစ်ရင်း နိုင်ငံသားစာရင်းပျောက်နေမှုတွက်
ဒေါသထွက်ရင်း စိတ်ပျက်
နိုးလျက်နဲ့ အိပ်မက်ဆိုးတွေမက်နေတဲ့ညမှာ….
အဖေ့မူပိုင်လက်ရေးကို စကန်ဖတ်
ကျနော့်အမည်ကိုလိပ်မူတပ်ပြီး ပို့လိုက်တဲ့အီးမေးလ်အတွက်
ဖုန်းတောင်ပြန်မဆက်နိုင်သေးတဲ့ ကိုယ့်ရဲ့မပြေလည်မှု
ရင်ထုမနာဖြစ်ရင်း ကိုယ့်ကိုယ်ကိုအပြစ်တင်
ဒေါသငလျင်လှုပ် ငုတ်တုတ်မိုးလင်းခဲ့တဲ့ညမှာ…
ီ့စာသားတွေ အရမ်းထိတယ်ဗျာ။
Post a Comment