”အနန္တလို”
မေမေ့ ပြဋ္ဌာန်းချက်တွေအောက်မှာ
လူလားမြောက်လာခဲ့သူပါ မေမေ..
ဘယ်လောက်နှုတ်နှုတ်
ဘယ်လိုစားစား
၅၂၈ အောက်တပြားသားမှမလျော့ခဲ့တဲ့
မေမေ့မေတ္တာနဲ့လွှမ်းတဲ့ဂဏန်းသချာင်္တစ်ပုဒ်ရဲ့အကြောင်း
ခေါင်းထဲကောင်းကောင်းစဉ်းစားတတ်လာတဲ့အရွယ်မှာဘဲ
ကံကြမ္မာက သားကိုမျက်နှာလွှဲရင်း ဆူးခြုံထဲပစ်ချ
သားဖောက်ခဲ့တဲ့လမ်းမှာ ခလုတ်တွေလည်းများခဲ့ရပါတယ် မေမေ…
မေမေ့ အမှတ်ပေးစည်းမျဉ်းထဲ
မင်နီတွေရဲခဲ့ရတဲ့ သား
မေမေ့အနားမရှိခဲ့တဲ့
ကျောင်းခေါ်ချိန်ပေါင်းအနှစ်နှစ်ဆယ်မှာ
လောကသင်ပုန်းကြီးကိုလည်းမကျေညက်
မေမေ့အိပ်မက်တွေပျက်ခဲ့ရတာသာအဖက်တင်
ဘယ်ဂုဏ်ထူးတန်းမှလည်းမဝင်ခဲ့သေးဘူး မေမေ..
”မုဆိုးနားနီးမုဆိုး
တံငါနားနီးတံငါ”တဲ့….
မေမေနဲ့ဝေးတဲ့သား
မုဆိုးတံငါတွေရဲ့အနားမှာ နာဖျားနေရရင်း
ညနေခင်းတွေတိုင်အောင်ငါးတစ်ကောင်မှမမိ
ပစ်ချက်တိုင်းမှာလည်းအမဲတစ်ကောင်မှမထိ
ရှိစုမဲ့စုမာနတွေသာ တတိတိနဲ့ပွန်းပဲ့လာခဲ့ရတယ် မေမေ…
”လူသေရင်လူပြန်ဖြစ်နိုင်ပေမယ့်
သိက္ခာသေရင်သိက္ခာပြန်မဖြစ်နိုင်ဘူး”သား
မေမေမှာကြားခဲ့တဲ့စကား အခါခါကြားယောင်ဆဲမို့
မေမေ့လက်ဆောင် အဖြူရောင်ဝတ်စုံလေးကိုမချွတ်တမ်းဝတ်ရင်း
သားဟာ…လောကစစ်တလင်းမှာ
မိသားစုတစ်ခုကိုဦးဆောင်လို့ကြီးပြင်းပါတယ် မေမေ…
ဘယ်လိုဘဲဖြစ်ဖြစ်
ဘာတွေဘဲဖြစ်ဖြစ်
မေမေသိပ်ချစ်တဲ့သား မေမေ့ကိုသိပ်ချစ်တဲ့သား
လောကပါလတရားကိုဘဲလက်ကိုင်ထားပါတယ် မေမေ…
ပြက္ခဒိန်ပေါ်ကစာရွက်တွေမှာ
အမေများနေ့ဆိုတာက တစ်နှစ်မှာမှတစ်ရက်တည်းသာရှိပေမယ့်
မေမေ့အချစ်များနဲ့ဖွဲ့နှောင်ထားတဲ့
သားရဲ့နှလုံးသားပြက္ခဒိန်မှာတော့ မေမေနေ့တိုင်းရှိနေတာပေါ့ မေမေ….
မေမေပေးခဲ့တဲ့မေတ္တာကသမုဒ္ဒရာမက
သားပြန်ပေးနိုင်တာကအဆင်တန်ဆာမလှတဲ့
ဟောဒီကဗျာတစ်ပုဒ်တည်းရယ်ပါ မေမေ
ဘယ်လိုဆပ်ဆပ်ကြေမှာမဟုတ်မှန်းသိနေတဲ့မေမေ့ကျေးဇူး
မြင့်မိုရ်ထက်မကမြင့်မားဖူးခဲ့တာမို့
အနန္တဆိုတာထက်ကြီးမြတ်တဲ့စာသား
သား..နှလုံးသားထဲမှာမေမေ့အတွက်သိမ်းဆည်းထားပါရစေ
”အနန္တလိုကြီးမြတ်သော မေမေ အမြဲနေကောင်းပါစေ”…။
အဝေးကမေမေအတွက်ရေးဖွဲ့ထားတာပါ..မနေ့နေ့လည်ကတည်းကတင်ဖို့ကြိုးစားခဲ့ပေမယ့်
ဒီမနက်မှဘဲတင်ဖြစ်တော့တယ်…အမေနဲ့ဝေးနေသူအားလုံးအမေ့ကိုချစ်သူအားလုံး အမေ့နှလုံး
သားကိုမြင်အောင်ကြည့်တတ်ကြ ကြည့်နိုင်ကြပါစေ။
Saturday, January 10, 2009
Posted by
ဆောင်းယွန်းလ
at
8:32 AM
Subscribe to:
Post Comments (Atom)



11 comments:
ဦးဆောင်ယွန်းကြီးက စပ်ထားတာတော်လိုက်တာ။ သိပ်ကောင်းတယ် တကယ်ပြောတာ။း)
မေမေ့တောင်ပိုလွမ်းလာပီ။ ကဗျာကောင်းလေးပဲဗျာ..
အမေအကြောင်းရေးထားတာတွေလိုက်ဖတ်ပြီး အမေ့ကိုလွမ်းနေတာ အစ်ကို့ကဗျာဖတ်ပြီး ပိုလွမ်းသွားတယ်။ အစ်ကို့ အမေရော၊ ညီမအမေရော၊ အားလုံးရဲ့အမေတွေကျန်းမာပါစေလို့ အမေများနေ့မှာ ဆုတောင်းလိုက်ပါတယ်။ ပြီးတော အစ်ကိုလည်း အိမ်ပြန်ရပါစေ။
ကိုဆောင်းရေ အကိုကြီးရယ့်မေမေနဲ့ အကိုတို့အမြန်ဆုံး
တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပါတယ် အကို။
ဖတ်ပြီးတော့ ငိုင်သွားမိတယ်အစ်ကိုရေ...
အဆင်ပြေပါစေဗျာ ..........
ထိရှသွားတဲ့ စကားလုံးတွေပါပဲ ညီရေ့...
ကဗျာကောင်းတပုဒ်ပါ...
ရင်ထဲအထိ ရောက်လာတယ်...
တစ်ပိုဒ်လုံးကို ကောင်းနေတာပါအကို ...
စကားလုံးအားကောင်းပြီး မေတ္တာဓါတ်ကို
ပေါ်လွင်အောင်စပ်နိုင်ပါတယ်အကို ..
""မေမေပေးခဲ့တဲ့မေတ္တာကသမုဒ္ဒရာမက
သားပြန်ပေးနိုင်တာကအဆင်တန်ဆာမလှတဲ့
ဟောဒီကဗျာတစ်ပုဒ်တည်းရယ်ပါ မေမေ
ဘယ်လိုဆပ်ဆပ်ကြေမှာမဟုတ်မှန်းသိနေတဲ့မေမေ့ကျေးဇူး
မြင့်မိုရ်ထက်မကမြင့်မားဖူးခဲ့တာမို့
အနန္တဆိုတာထက်ကြီးမြတ်တဲ့စာသား
သား..နှလုံးသားထဲမှာမေမေ့အတွက်သိမ်းဆည်းထားပါရစေ
”အနန္တလိုကြီးမြတ်သော မေမေ အမြဲနေကောင်းပါစေ”…။
ဟုတ်ပါရဲ့ အကို....
ကျွန်မတို့..ဘယ်တော့မှ..မှီအောင်ဖွဲ့မရနိုင်တဲ့..
အလင်္ကာပေါ့..။
ကျွန်မတို့ဘယ်တော့မှ..အပြည့်အ၀ဖေါ်ကျူးလို့မရနိုင်တဲ့
ဂုဏ်မြောက်မှုတွေပေါ့.....
ထပ်တူထပ်မျှ ကြည်နူး..ကြေကွဲသွားပါတယ်
လေးစားခင်မင်စွာ....
အိန္ဒြာ
ှုဦးဆောင်းရေးတဲ့ ကဗျာတွေကတော့ .. အမြဲခမ်းနားနေတော့တာပါပဲ...
အမေအတွက်ရေးတဲ့ကဗျာ ဆိုတော့ အခမ်းနားဆုံးပေါ့..လေ
ကောင်းလိုက် တဲ့ ကဗျာလေး..
မောင်လေး. ရေ ...ရေး တတ်လိုက် တာ..
မနေ့ က တစ်နေ့ လုံး နဲ့..ဒီ နေ့ ရောပဲ
အမေ ကဗျာတွေ ချည်း ပဲ လိုက် ဖတ် နေခဲ့ တာ..
..မောင်လေး က ဒီလောကကြီး ထဲ ခေါ် စရာ အမေ ရှိသေး တာ.. တော်သေး တာပေါ့ ကွယ်..
အမေ့ ကို ချစ် တယ် ဆို....
အမေ ကြိုက်တာလေး တွေ နဲ့... ဘ၀ ကို..
ပုံဖော်သွား ရင်... အမေ ပျော် နေမှာ ပါ.....
ဒီ ကဗျာလေး.. မောင် လေး ရဲ့ မေမေ ဖတ် ဖြစ် ရင် လဲ..
ဘယ်လောက် များ ပီ တိ ဖြစ်လိုက် မလဲ...
...............
မုဆိုးတံငါတွေရဲ့အနားမှာ နာဖျားနေရရင်း
ညနေခင်းတွေတိုင်အောင်ငါးတစ်ကောင်မှမမိ
ပစ်ချက်တိုင်းမှာလည်းအမဲတစ်ကောင်မှမထိ
ရှိစုမဲ့စုမာနတွေသာ တတိတိနဲ့ပွန်းပဲ့လာခဲ့ရတယ် မေမေ…
.........................
ဒီ စာပိုဒ်လေး ကို တော့...
မေမေ ကြိုက်လိမ့် မယ် မထင် မိဘူး...
....
ယုံ ကြည် ချက် တွေ မပျက်စေနဲ့ လေ....
အရာရာ.. အဆင်ပြေ ပါစေ ကွယ်.........
ကဗျာကောင်းတယ်ဗျာ..။
အကိုဆောင်းယွန်း.. မေမေကဗျာလေးဖတ်ပြီး... အဝေးက အမေ့ကိုသတိရမိတယ်.. နောက်ပြီးကိုယ်တိုင်လည်း အမေနေရာကိုရောက်နေပြီဆိုတော့ .. အကောင်းဆုံးပေးဆပ်နိုင်တဲ့သူဖြစ်အောင် ကျိုးစားမယ်လို့ ဆုံးဖြတ်ထားမိတယ်။ ဒါဆို..မေမေကျေနပ်မယ်ထင်ပါတယ်။
Post a Comment