”ထိရှမှုတွေပြည့်နေတဲ့နေရာ”
ဖြစ်အင်တွေသာအသစ်ပြောင်းသွားတယ်
ဖြစ်ကြောင်းတွေကတော့အားလုံးအဟောင်း
ဖြစ်ရပ်အားလုံးရင်တုန်စရာကြောက်ခမန်းလိလိ
ဖြစ်ပုံတွေကလည်းမကြည့်ရဲစရာ
ဖြစ်ကြည့်ဖို့မကောင်းတဲ့အကြောင်းအရာအားလုံးတွက်
ဖြစ်တုန်းဖြစ်ခိုက်စိတ်ညစ်လိုက်ရတာလည်းအမော
ဖြစ်ပြီးတော့လည်းအမောမပြေ မေ့ဖျောက်လို့လည်းမရ
ဖြစ်စဉ်ကိုစောကြောကြည့်လိုက်တဲ့အခါကျတော့
ဖြစ်နေတာတွေအားလုံးကဖြစ်ရိုးဓမ္မတာမဟုတ်….
ဒီလိုနဲ့..ကျုပ်တို့အားလုံးငုတ်တုတ်နာဖျား
ဒုက္ခတွေနေရာယူထားတဲ့အနားမညီမျဉ်းကြောင်းတွေကြားမှာ….
ထိရှမှုတွေပြည့်နေတဲ့နေရာ
ကမ္ဘာ…..။
မှတ်ချက်။ ။ ဒီလိုနာကျင်ထိခိုက်စေတဲ့ကဗျာမျိုးတွေကိုမရေးချင်တော့ပေမယ့်
နေ့စဉ်နဲ့အမျှနာကျင်ထိခိုက်နေရတာတွေကိုမခံစားနိုင်လို့ရေးချမိလိုက်တာပါ။
Thursday, January 15, 2009
Posted by
ဆောင်းယွန်းလ
at
11:22 PM
Subscribe to:
Post Comments (Atom)



10 comments:
တခါတလေ ကိုယ့်ဘ၀ကို အားမလို အားမရဖြစ်မိတယ်။
ဘယ်အရာကိုမှ မေ့ဖျောက်မရ....ပါဘဲလေ...
ကိုဟန်လင်းပြောသလို...
ကိုယ့်ဘဝကို တင်မက
ကိုယ်ကိုယ်တိုင်ပါ အားမရဘူး...
ထိရှမှု နာတာရှည်ကို ဖတ်သွားပါတယ်။ အရင်ကလည်း ရေက်ပါတယ်။ မနှုတ်ဆက်မိဘဲ ပြန်သွားခဲ့လို့ပါ။
တကယ့်ကိုနာကျင်စေတာပဲအစ်ကိုရေ ....
ဖြစ်အင်တွေသာအသစ်ပြောင်းသွားတယ်
ဖြစ်ကြောင်းတွေကတော့အားလုံးအဟောင်း
ဟုတ်ပ အစ်ကိုရာ။
အကိုကဗျာထဲကလို အကိုရဲ့ ခံစားမှုတွေ အမြန်
သက်သာပါစေလို့ ကျနော်လည်း ဆုတောင်းပါတယ်
ကိုဆောင်းရေ။
ထိရှမှုတွေပြည့်နေတဲ့ကမ္ဘာမှာ မဖြစ်သင့်တဲ့ ဖြစ်စဉ်တွေက ကြောက်ခမန်းလိလိကြေကွဲစရာ ဖြစ်ပါများတော့ ဖြစ်ခဲ့တာတွေ ဖြစ်နေတာတွေ ဖြစ်လာအုံးမှာတွေကို မတုန်လှုပ်မိတော့သလို ထုံသွားတာလား ဆိုတာ ကိုယ်တိုင်တောင်မသိတော့ပါဘူး ။
ဖြစ်ပြီးတော့လည်းအမောမပြေ မေ့ဖျောက်လို့လည်းမရ
ဖြစ်စဉ်ကိုစောကြောကြည့်လိုက်တဲ့အခါကျတော့
ဖြစ်နေတာတွေအားလုံးကဖြစ်ရိုးဓမ္မတာမဟုတ်….
ဒီလိုနဲ့..ကျုပ်တို့အားလုံးငုတ်တုတ်နာဖျား
ဒုက္ခတွေနေရာယူထားတဲ့အနားမညီမျဉ်းကြောင်းတွေကြားမှာ
Good poem Bro!!!!
ကောင်းပဗျာ..။
ဒီလိုနဲ့..ကျုပ်တို့အားလုံးငုတ်တုတ်နာဖျား
ဒုက္ခတွေနေရာယူထားတဲ့အနားမညီမျဉ်းကြောင်းတွေကြားမှာ
အစ်ကို...
ချရေးပစ်လိုက်ရတော့လဲ..
နည်းနည်းပါးပါးတော့..သက်သာသွားမလားပေါ့
တစ်ပုဒ်လုံးကိုလေးလေးနက်နက်ကြီးခံစားနှစ်သက်သွားပါတယ်။
Post a Comment