”မိုးကျော်ဇင်ရဲ့ ခေါင်တစ်ခြမ်းနဲ့အိမ်”
၂၀၀၅ခုနှစ်နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းထဲမှာ ဖော်ပြထားတဲ့ ကဗျာဆရာ မိုးကျော်ဇင်ရဲ့
ကဗျာလေးတစ်ပုဒ်ကို ကဗျာချစ်သူများခံစားနိုင်ဖို့အတွက်တင်ပေးလိုက်တာပါ။ ဒီကဗျာလေး
ကိုကျနော်လည်းတော်တော်ကြိုက်ပါတယ်။ ကဗျာချစ်သူ ညီအကိုမောင်နှမတွေလည်းကြိုက်
ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ခံစားကြည့်ကြပါဦး….။
ခေါင်တစ်ခြမ်းနဲ့အိမ်
ဘယ်ကိုသွားမှာလဲ
ဘယ်နှရက် ကြာမှာလဲ
မေမေ မေးခွင့်မရလိုက်ဘူး။
ဖေဖေမုန့်ဝယ်ခဲ့နော်
ယမ်းသေနတ်ဝယ်ခဲ့နော်
ကျနော်တို့ မှာခွင့်မရလိုက်ဘူး။
ကျောပိုးအိတ်ကြီးထဲ
တစ်မိသားစုလုံးရဲ့
ရှိသမျှ ပျော်ရွှင်ခြင်းတွေကို ချွတ်ယူခေါက်ထည့်ပြီး
တစ်မိသားစုလုံးရဲ့
သီးပွင့်သမျှ ရယ်သံတွေကို ရိတ်သိမ်းယူသွားခဲ့….။
ကုန်းပေါ် ပစ်တင်ခံရတဲ့ ငါးတွေလို
ပက်လက်လှန်ခံရတဲ့ လိပ်တွေလို
ကျနော်တို့ လမ်းကွေ့က ကြမ်းလွန်းတယ်။
ချိုင်းထောက်တစ်ဖက်
ကပျာကယာ တပ်ဆင်လိုက်ရတဲ့
ခြေတစ်ဖက်ပြတ်လိုလူ ကျနော်တို့အဖြစ်။
ညနေခင်းတွေဆို
တစ်ယောက်ဒဏ်ရာတွေ
တစ်ယောက်ခင်းကျင်းပြကြတဲ့
မိသားစုစကားဝိုင်းလေးတွေလည်း
ကြယ်မစုံတော့တဲ့ ကောင်းကင်လို။ ။
မိုးကျော်ဇင်
Monday, January 19, 2009
Posted by
ဆောင်းယွန်းလ
at
9:21 AM
Subscribe to:
Post Comments (Atom)



6 comments:
မိသားစုစကားဝိုင်းလေးတွေလည်း
ကြယ်မစုံတော့တဲ့ ကောင်းကင်လို...
မျှဝေပေးတာ ကျေးဇူးပါအစ်ကို
စူးနစ်နေတဲ့ ကဗျာပါပဲ ညီရေ့... ဝေမျှပေးတာ ကျေးဇူး...
အောင်သာငယ်
နင့်နင့်နဲနဲပါပဲအစ်ကိုရေ...
ကျေးဇူးပါ....
ကြယ်မစုံတော့တဲ့ကောင်းကင်တွေအများကြီးပဲနော်
ရင်ထဲကို နင့်ခနဲဖြစ်သွားစေတဲ့ ကဗျာပဲ။
ကဗျာလေးက ခံစားရတယ်.. ဦးဆောင်းရယ်..
Post a Comment