Sunday, November 4, 2007


“အနွေးထည်”

  • လူတိုင်းကပြောကြတယ်

ချမ်းခိုက်တဲ့ရာသီမှာ

အနွေးထည်ဟာ

သဘာဝ အကာအရံတခုတဲ့...၊၊

  • တချို့ က

အနွေးထည်ကို

အလှသက်သက် ၀တ်ကြတယ်...။

  • တချို့ က

အနွေးထည်ကို

သဘာဝရန်ကာကွယ်ဖို့ ဝတ်ကြတယ်...။

  • တချို့ က

အနွေးထည်ကို

အဖေအမေ ၀တ်ခိုင်းလို့ ဝတ်ကြတယ်...။

  • တချို့ က

အနွေးထည်ကို

ဈေးကြီးကြီးပေးပြီး ၀တ်ကြတယ်...။

  • တချို့ က

အနွေးထည်ကို

ဘေထုပ်မှာရှာပြီး ၀ယ်ဝတ်ကြတယ်...။

  • တချို့ က

အနွေးထည်ကို

ချစ်သူ့ လက်ဆောင်အဖြစ် ၀တ်ကြတယ်...။

  • ဒါပေမယ့်

အနွေးထည်ဖြစ်တည်မှုအကြောင်း

ကောင်းကောင်းပြောတတ်သူတွေက ရှားပါးတယ်။

  • လူအတော်များများက

အနွေးထည်ရဲ့ ကပတိတန်ဘိုး

အနွေးထည်တထည်ရဲ့ ဖြစ်တည်မှု

အဲဒီဖြစ်တည်မှုအတွက် ပေးဆပ်ခဲ့ရတဲ့ အသက်ဘဝ

အဲဒါတွေအကြောင်း

ကောင်းကောင်းပြောလေ့မရှိကြဘူး

တကယ်တော့ ...

အဲဒီအနွေးထည်တွေထဲမှာ

ဘ၀များစွာ ရှိနေကြတယ်...။

ဆောင်းယွန်းလ

1 comment:

Anonymous said...

အဓိပ္ပါယ်တော်တော်ရှိတဲ့ ကဗျာလေးတစ်ခုပါပဲ ။ အမြဲအားပေးနေလျက်ပါ :)