Sunday, November 11, 2007

စာမျက်နှာ

တချိန်က

မြစ်ကျိုးအင်းတွေရဲ့

ထပ်ခိုးကျဉ်းတခုပေါ်မှာ

ဗန်းမော်တင်အောင်ရဲ့ အိမ်ပြေးနဲ့ကြီးပြင်း

မောင်ထွန်းသူရဲ့ တို့ပိုင်တဲ့မြေကိုစားသုံး

အမှောင်ဆုံးညတွေရဲ့ နတ္ထိမြို့ ထဲမှာ

ဒိဋ္ဌိတွေနဲ့ ရောင်းရင်းဖွဲ့ရင်း

ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်တွေရဲ့ လမ်းကျဉ်းတွေပေါ်မှာ

အစုလိုက်အပြုံလိုက်ဝင်လာတဲ့

အကုသိုလ်အတုံးလိုက်အတစ်လိုက်ကိုဝါးမြိုရင်း

မြင်းရိုင်းတွေနဲ့ စစ်ခင်းခဲ့တဲ့မြို့ ထဲမှာ …….။

အခုတော့ ………

လတ်လတ် ဆတ်ဆတ်မြစ်ထဲကို

အကြိမ်ကြိမ်ခုန်ချ

ဘ၀ရဲ့ စာမျက်နှာသစ်

ကျောက်ဆောင်ကမ်းပါးတွေထက်မှာဖွင့်လှစ်

ဒီမြစ်ထဲမှာ

ပိုင်ဆိုင်စရာဆိုလို့ တကိုယ်စာလမ်းကျဉ်းတခုနဲ့ 

ရှေးဟောင်းနှောင်းဖြစ်တွေ စုထားတဲ့ကဗျာ …

ဒါပါဘဲလေ ……..။

ဆောင်းယွန်းလ

1 comment:

Kaung Kin Ko said...

"ပိုင်ရှင်ကင်းမဲ့သွားတဲ့ ဖိနပ်တွေရဲ့ လမ်းကျဉ်းတွေပေါ်မှာ" ဆိုတဲ့စာသားကြောင့် ကြေကွဲစရာ ဓာတ်ပုံတွေ၊ Video တွေကို ပြန်မြင်ယောင်မိတယ်ဗျာ။ ကိုဆောင်းရဲ့ ဒီကဗျာလေးကိုကြိုက်ပါတယ်။