Sunday, November 11, 2007

နေ့သစ်တွေတိုင်းမှာ

• ဘယ်လိုပင် ကြီးမားတဲ့လက်နက်ကိုင် ကျောက်ဆောင်ဖြစ်ပါစေ
ပြည်သူတို့ရဲ့ တရားတဲ့လှိုင်းလေလက်နက်နဲ့
တစစီ ပြိုကွဲထွက်သွားအောင် ဖြိုဖျက်ဖို့
ငါတို့ . . . နေ့သစ်တွေတိုင်းမှာ အသင့်ရှိနေကြတယ်။

• ဘယ်လိုပင် မြင့်မားတဲ့အာဏာပိုင်တောင်ကြီး ဖြစ်ပါစေ
ပြည်သူတို့ရဲ့ စစ်မှန်တဲ့ခွန်အားနဲ့ခြေဖ၀ါး
သင်တို့ရဲ့ ထိပ်ဖျားကို အရောက်တက်လှမ်းပြီး
လွတ်လပ်မှုရဲ့ တရားမျှတခြင်းလေကို ရှူရှိုက်ဖို့်
ငါတို့ . . . နေ့သစ်တွေတိုင်းမှာ အသင့်ရှိနေကြတယ်။

• ဘယ်လိုပင် ခိုင်ခန့်တဲ့ မတရားမှုမဏ္ဍိုင်ကြီး ဖြစ်ပါစေ
ပြည်သူတို့ရဲ့ မှန်ကန်တဲ့ဇွဲနဲ့ထိုးဖေါက်မယ့် သော့တချောင်း
ပြုပြင်ပြောင်းလဲရေးအိမ်တလုံးအဖြစ် ပြောင်းလဲပစ်ဖို့
ငါတို့ . . . နေ့သစ်တွေတိုင်းမှာ အသင့်ရှိနေကြတယ်။

• ဘယ်လိုပင် ခြိမ်းခြောက်တဲ့ မတရားတဲ့အမိန့် ဖြစ်ပါစေ
ပြည်သူတို့ရဲ့ တရားနဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ
မတရားတဲ့ အာဏာမှန်သမျှကို ရဲရဲဖီဆန်ကြဖို့
ငါတို့ . . . နေ့သစ်တွေတိုင်းမှာ အသင့်ရှိနေကြတယ်။

ဆောင်းယွန်းလ

2 comments:

Anonymous said...

အကိုရေ အမှန်တရားနဲ့တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသူအားလုံးအတွက် အမှတ်တရ အားပေးမှုကဗျာလေးတစ်ခုပါပဲ ။ ကျေးဇူးပါ အကို :)

Kaung Kin Ko said...

Brother,your poem can encourage all of us. Thanks