Thursday, November 22, 2007

Poem for 92th Birthday of Luhtu Daw Ah Mar

၉၂ နှစ်ပြည့်မွေးနေ့ဆီသို့

အမေ့

အသက်၉၂မှာ

ကျန်းမာစေကြောင်း

ကျနော်တို့

ဆုတောင်းမေတ္တာပို့သ

အဝေးကဘဲ ကန်တော့ပါရစေ …..။

ကျနော်တို့ကို

စာပေအမွေအနှစ်ပေး

တသက်လုံးစာရေးခဲ့တဲ့အမေ

သက်တော်ရာကျော်ရှည်ပါစေ …..။

အမေ့ရဲ့စာပေအလင်းနဲ့

ကျနော်တို့မျက်စိနှစ်ကွင်းကိုဖွင့်

ကျနော်တို့ရဲ့သောတအာရုံ

အမေ့အသံကိုနားစွင့်ရင်ခုန်နေဆဲပါအမေ …..။

ခုနေချိန်ခါ

အမေနဲ့ကျနော်တို့ဟာ

မိုင်ထောင်သောင်းရာချီကွာလည်း

ကျနော်တို့ဟာ

အမေ့ရဲ့စာပေအနုပညာနဲ့မကွာဝေး

အမြဲအားပေးလေးစားလျက်ပါအမေ …..။

အမေ ..

အသက်၉၂မှာ

ကျန်းမာစေကြောင်း

ဆုတောင်းမေတ္တာပို့သ

အဝေးကဘဲကန်တော့ပါရစေ အမေ …..။

ဆောင်းယွန်းလ

နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ကျရောက်မည့်လူထုဒေါ်အမာ၏

အသက်၉၂ နှစ်မြောက်မွေးနေ့အားဤကဗျာဖြင့်ကန်တော့လိုက်ပါသည်။

အဝေးတနေရာမှ ……..


1 comment:

Chaos said...

အစ်ကိုရေ
ကဗျာ လေးက တစ်ခုခုချန်သွားပေးတယ်
ကျွန်မတို့လဲ ၀ိုင်းပြီး ဆုတောင်းပေးပါတယ်
ကဗျာ ကောင်းတယ်ရှင်