Friday, November 2, 2007


1 comment:

Kaung Kin Ko said...

ကိုငှက်ကို ရေးစပ်ဂုဏ်ပြုထားတဲ့ ကဗျာလေးအတွက်ကျေးဇူးပါ။ သူ့ သီချင်းတွေ၊ သူ့ စာသားတွေကို သတိရမိတယ်ဗျာ။ ကျွန်တော် အကြိုက်ဆုံး သူ့ ရဲ့ သီချင်းကတော့ ညီလေးရေ(၂) ပါ။ ကိုဆောင်းယွန်းလရဲ့ ကဗျာကိုဖတ်မိတော့ “ညီလေးရေ၊ နာရီရဲ့ သီချင်း၊ သူငယ်ချင်းအတွက်၊ ကမ္ဘာမြေငြိမ်းချမ်းပါစေ” စတဲ့ အကျိုးပြုသီချင်းတွေကော၊ “နွေရက်ဝေး၊ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ၊ “စတဲ့ တက္ကသိုလ်သီချင်းတွေကော၊ “အဖြူရောင် အင်္ကျီ၊ မင်းမရှိ၊ ငါမရှိ စတဲ့ ဒဿန သီချင်းတွေကော သတိရမိပါတယ်။ တာရာ နဲ့ တွဲဆိုခဲ့တဲ့ “မျက်စိမှိတ်ထားတယ်” ကလဲ ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ပေါ့။ ကဗျာလေးအတွက်ကျေးဇူးပါဗျာ။