Sunday, December 30, 2007

အဆုံးမသတ်ရသေးသောအတိတ်ကိုတမ်းတခြင်းကဗျာတပုဒ်
အတိတ်
……….မွန်းကျပ်နေသောစိတ်တို့ကိုအိမ်အိုဟောင်းတလုံးအတွင်းတွင်အပြီးအပိုင်ထား
ရစ်ခဲ့ပြီးနောက်...
ကျနော်အသစ်ဆောက်လိုက်သောတဲငယ်တလုံးအတွင်းတွင်စိတ်အသစ်တို့ကိုနှစ်မြှုပ်ပြီးနေ
လိုက်မိပေဧ။်။ ကျနော်နေထိုင်ရာတဲငယ်အနီးတွင်မြက်ခင်းစိမ်းများနှင့်စမ်းချောင်းငယ်လေး
တခုရှိနေခဲ့သည်။ စိမ်းမြသောမြက်ခင်းများကအသစ်မွေးမြူခဲ့သည့်ကျနော့်စိတ်ကိုပိုပြီးသစ်
လွင်စေသလို စမ်းချောင်းငယ်ကလေးကလည်းကျနော့်စိတ်အဟောင်းမှန်သမျှကိုရေအလျင်
ဖြင့်စီးဆင်းပြောင်းလဲစေပြီးစိတ်အသစ်တို့ကိုနေ့စဉ်နှင့်အမျှမွေးဖွားရန်အားပေးခဲ့ပေဧ။် ရင့်ကျက်ပြီဟုထင်ထားမိခဲ့သောစိတ်တို့သည်ကား မရင့်ကျက်ကြသေးသည်မှာတော့အမှန်။
အသံများစွာတို့ကိုနားထောင်နိုင်စွမ်းမရှိသေးသော ထိုစိတ်ကြောင့်ပင်လူတို့ဧ။်အသံများနှင့်
ဝေးရာအရပ်မှာနေခဲ့ပြီး သစ်ပင်များ မြက်ခင်းစိမ်းများ စမ်းချောင်းငယ်ကလေးများနှင့်စကား
ပြောနေခဲ့သည်ကပင် ကျနော့်စိတ်တွေမရင့်ကျက်သေးကြောင်းကိုထင်ဟပ်ပေါ်လွင်နေစေ
သည်မဟုတ်ပါလား။ မည်သည့်အချိန်ကာလကျမှ စိတ်ကိုရင့်ကျက်အောင်ပြုလုပ်နိုင်မည်ကို
ကျနော်ရှာဖွေနေရပေဦးမည်။ ယခုချိန်ထိတော့ခြေဦးတည့်ရာပြေးလွှားနေတတ်သော စိတ်ဧ။်
အစိတ်အပိုင်းတချို့ကိုလိုက်လံဖမ်းဆီးနေရဆဲဖြစ်သည်။ ကြည်လင်သောရေပြင်ကိုတွေ့လျှင်
ပျော်ရွှင်တတ်လေ့ရှိသောစိတ်တို့က ခြောက်သွေ့သောမိုးသားများကိုမြင်ရပြန်လျှင်ဝမ်းနည်း
သွားလေ့ရှိနေဆဲ။ ကွဲအက်အက်ဂီတသံစဉ်များကြားတွင်မျက်ရည်ဝဲတတ်သလို ရဲရဲတောက်
ကာရန်များထဲတွင်လည်းတက်ကြွနေလေ့ရှိသော ကျနော့်စိတ်တို့ကို ကျနော်ချစ်နေမိဆဲ။
တကယ်တော့ကျနော့်ဘဝအစိတ်အပိုင်းများကဇာတ်ဆရာစေခိုင်းသမျှကပြနေရသည့်ပုံစံခွက်
ထဲကဘဝမျိုးမဟုတ်ခဲ့ပါ။ မိမိစိတ်တိုင်းကျလမ်းကိုရွေးရင်းမြက်ခင်းပြင်များအလွန်မြင့်မားလှ
သောတောင်များ နေပြောက်ပင်မရှိသောတောများတွင်နေခဲ့ခြင်းကပင်လျှင် ရှင်သန်နေဆဲစိတ်
တို့ဧ။်အစိတ်အပိုင်းတခုဖြစ်သည်ဆိုလျှင်လည်းမမှားပါ။အမှားတွေရဲ့ဆန့်ကျင်ဖက်အရပ်မှာ
ဘာတွေရှိနေသလဲဆိုတဲ့ကျနော့်ရဲ့သိလိုမှုစိတ်ကပင်လျှင်ကျနော့်ကိုမြက်ခင်းပြင်များနှင့်ရင်းနှီးကျွမ်းဝင်စေခဲ့ဧ။် စမ်းချောင်းငယ်များ သစ်ပင်တောအုပ်များနှင့်မိတ်ဆွေဖြစ်စေခဲ့ဧ။်
မဝေးသေးသောအတိတ်…………..
လောလောလတ်လတ်အချိန်မှာတော့ ကျနော်အိမ်အိုဟောင်းတလုံးကိုစွန့်ခွာခဲ့သည်မှာ ကာလအတော်ကြာမြင့်ခဲ့လေပြီ။ မထင်မှတ်တဲ့နေ့တနေ့မှာဘဲတဲငယ်ကလေးနှင့်လည်းခွဲခွာခဲ့ရပေသည်။
ထိုအခိုက်အတန့်မှာဘဲ စိတ်ရဲ့လောင်စာဆီများခမ်းခြောက်သွားသကဲ့သို့ ကျနော်ခံစားမိခဲ့ရဧ။်
ထို့အခိုက်အတန့်မှစပြီး ကျနော့်ဘဝကိုပုံစံခွက်ထဲလောင်းထည့်ခံရသလိုခံစားခဲ့ရသည်မှာယ
နေ့ထိတိုင်ပင်ဖြစ်ဧ။် တကယ်တော့ဘဝဆိုတာ ကိုယ်စေခိုင်းရာအတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့အ
ရာမျိုးမှမဟုတ်ဘဲ။ တခါတရံမှာလွဲချော်မှုတွေရှိသလို တခါတရံကျပြန်တော့လည်းအံကိုက်နေ
တတ်တာမျိုးမဟုတ်လား။ အခုတော့လည်း မြို့ပြလမ်းတွေထဲမှာ အသားမကျခြင်းများနဲ့အတူ
နေသားကျနေရတဲ့ကျနော် ဝေးခဲ့တဲ့နေရာဟောင်းတွေနဲ့အတိတ်တွေကိုပြန်မရနိုင်တော့မှန်း
သိနေပါလျက်နဲ့ စိတ်ရဲ့ခေါ်ဆောင်ရာနောက်ကိုတိုက်ဆိုင်မှုများနဲ့အတူ တခါတရံများစွာလိုက်
ပါခဲ့ဖူးခဲ့ပြီ။ ရာသီများစွာပြောင်းလဲခဲ့သော်လည်း မပြောင်းလဲနိုင်သေးတဲ့ကျနော့်အိပ်မက်ထဲမှာ
တော့အခိုင်အမာဆောက်တည်ထားခဲ့တဲ့မြက်ခင်းစိမ်းနဲ့တဲငယ်လေးတလုံးရှိနေဆဲပင်ဖြစ်ဧ။်
တဲငယ်ကလေးနှင့်အနီးပတ်ဝန်းကျင်မှမြတ်ခင်းစိမ်းများ စမ်းချောင်းလေးရယ်
တောအုပ်ကြီးရယ် တောင်တန်းမြင့်မြင့်တွေရယ်ကိုတော့ လွမ်းမြဲလွမ်းဆဲ…..။
ယနေ့မျက်မှောက်ကာလ…………
လွမ်းမြဲ လွမ်းဆဲ
အဝေးကတောင်တန်း
ပြီးတော့ စမ်းချောင်းငယ်
မြက်ပင်ပျိုစိမ်းနွယ်ယိမ်းကနေတဲ့
ငါ့ရဲ့တဲငယ်ငယ်ဝန်းကျင်တခို
ဟိုးအရင်ကလိုနေ့များ…..
အခုတော့
မြို့ပြလမ်းထဲမှာ
လေကိုတောင်
အခွန်မပေးရင် ဝဝမရှုရ
သက်ပြင်းအခါခါချရင်း
လကုန်တိုင်း
စာရင်းရှင်းရ
ဝင်သမျှထွက် မငတ်ရုံတမယ်။
ကွယ်..ဒီလိုနဲ့ဘဲ တမိုးချုပ်
အရုပ်ကြိုးပြတ်နေဝင်ချိန်မှာ
တနေ့တာရဲ့ဒီရေအရှိန်တွေလျော့ချဖို့
ကွန်ပြူတာပေါ့ပေါ့တလုံးပေါင်ပေါ်တင်ရင်း
မြက်ခင်းစိမ်းနဲ့တဲငယ်လေးဆီကိုလွမ်းကြည့်
စိတ်အသိထဲမှာတော့
ဆက်ရန်များစွာကျန်ရှိနေသော…….

ဆောင်းယွန်းလ





1 comment:

Nyein Chan Aung said...

ယနေ့မျက်မှောက်ကာလ…………
လွမ်းမြဲ လွမ်းဆဲ
အဝေးကတောင်တန်း
ပြီးတော့ စမ်းချောင်းငယ်
မြက်ပင်ပျိုစိမ်းနွယ်ယိမ်းကနေတဲ့
ငါ့ရဲ့တဲငယ်ငယ်ဝန်းကျင်တခို
ဟိုးအရင်ကလိုနေ့များ…..
အခုတော့
မြို့ပြလမ်းထဲမှာ
လေကိုတောင်
အခွန်မပေးရင် ဝဝမရှုရ
သက်ပြင်းအခါခါချရင်း
လကုန်တိုင်း
စာရင်းရှင်းရ
ဝင်သမျှထွက် မငတ်ရုံတမယ်။
ကွယ်..ဒီလိုနဲ့ဘဲ တမိုးချုပ်
အရုပ်ကြိုးပြတ်နေဝင်ချိန်မှာ
တနေ့တာရဲ့ဒီရေအရှိန်တွေလျော့ချဖို့
ကွန်ပြူတာပေါ့ပေါ့တလုံးပေါင်ပေါ်တင်ရင်း
မြက်ခင်းစိမ်းနဲ့တဲငယ်လေးဆီကိုလွမ်းကြည့်
စိတ်အသိထဲမှာတော့
ဆက်ရန်များစွာကျန်ရှိနေသော…….

ကြိုက်တယ်ဗျာ။ အသက်ရှူတော့ နည်းနည်း ကြပ်တယ်။