Thursday, April 3, 2008


သားသား"သူရိန်လင်း"အားကြိုဆိုခြင်း

သားရေ

မင်းဖေဖေက

တည်ငြိမ်စွာနဲ့ပေါက်ကွဲတတ်တဲ့

အနုပညာချစ်သူ။


ဒေါသအခိုးအငွေ့တွေကိုရှုရှိုက်ရင်း

စကားလုံးတန်ဆာတွေသီကုံး

စစ်အာဏာရှင်ကိုမုန်းတဲ့သူ။


သူ့ရဲ့ စာရေးတဲ့ ၊ ဂီတာတီးနေတဲ့လက်ထဲမှာ

အေကေ47ကို ငြိမ်းချမ်းရေးအတွက်ကိုင်စွဲ

တောနက်ကြီးထဲမှာလဲ

တော်လှန်ရေးသီချင်းရဲရဲတွေသီဆိုဘူးတဲ့သူ။


မြန်မာပြည်သားတဦးရဲ့ဝေဒနာတွေကို

သူ့ရဲ့လူငယ်ဘ၀တခုလုံးနဲ့ထုဆစ်

လှပခြင်းအတိကင်းရစ်ခဲ့တဲ့

ကာရန်မဲ့ရုပ်ဆိုးဆိုးကဗျာတပုဒ်ထဲမှာ

သားသမီးတို့ကိုမွေးဖွားနိုင်ခဲ့သူ။


သားရေ

မင်းရဲ့မွေးမေမေ ကျေးဇူးရှင်ကလည်း၊

ထူးအိမ်သင်ရဲ့အသံဝိညာဉ်များ

ငါ့သားဆီမှာပါလာမလားရယ်လို့

အနုပညာကိုမြတ်နိုး ထပ်တိုးလာတဲ့သားငယ်ကို

အတ္တကြီးကြီးနဲ့မင်းသန္ဓေတည်ကတည်းက

ဘုရားရှင်ဆီမှာတောင်းဆုအကြိမ်ကြိမ်ချွေခဲ့သူ။


မြန်မာသွေးသားအမေရိကားဖွား

ဦးဆောင်းယွန်းလရဲ့သားတယောက်အတွက်

မင်းအဖေရဲ့အမွေတွေ

ဆောင်းယွန်းလဆိုတဲ့ ဒီဘလောက်ထဲမှာ

မင်းရှာဖွေတူးယူနိုင်ပါစေလို့

ဘဘတို့ဆန္ဒပြုကဗျာနဲ့

မင်းရဲ့လူ့ဘ၀အသက်တာကိုကြိုဆိုလိုက်တယ်

သားသားသူရိန်လင်းရေ။


DIDမိသားစု


7 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုကတော့ ရေးလိုက်ရင်တကယ့်ကို
ထိထိမိမိရေးတတ်ပါဘိတော့။ဖတ်လိုက်ရ
တာသားတစ်ယောက်အပေါ် အဖေတစ်ယောက်
ရဲ့ချစ်ခြင်းကိုရော၊လေးစားစရာကောင်းတဲ့
အဖေ့ပုံစံကိုကော ရုပ်လုံးကြွလာတာပဲ။
အမိမြန်မာပြည်ရဲ့အမှောင်ထုကို ဖြိုခွင်းပြီး
မျှော်လင့်ချက်ရောင်ခြည်တွေနဲ.လင်းစေ
မဲ့နေတစ်စင်းဖြစ်လာပါစေလို. လှိုက်လှိုက်
လှဲလှဲဆုတောင်းပေးလိုက်ပါတယ် အကို။

Nyein Chan Aung said...

မြန်မာသွေးသားအမေရိကားဖွား

ဦးဆောင်းယွန်းလရဲ့သားတယောက်အတွက်

မင်းအဖေရဲ့အမွေတွေ

ဆောင်းယွန်းလဆိုတဲ့ ဒီဘလောက်ထဲမှာ

မင်းရှာဖွေတူးယူနိုင်ပါစေလို့

ဘဘတို့ဆန္ဒပြုကဗျာနဲ့

မင်းရဲ့လူ့ဘ၀အသက်တာကိုကြိုဆိုလိုက်တယ်

သားသားသူရိန်လင်းရေ။ ။

DID မိသားစုနဲ့ အတူ ကျနော်လည်း ဆန္ဒပြုလိုက်ပါတယ်။ သားသားသူရိန်လင်း ကျန်းမာပါစေ။

kay said...

သားငယ်လေး အတွက်..၀မ်းသာ ပါတယ်။ တော်လှန်ရေး အမွေ တွေ ဆက်လို့..၀ါသနာ ဘာဂီ ဆက်တိုင်း မှီ ပြီး..ကိုယ်ပိုင် သံစဉ် တွေ..လည်း..ရှာဖွေ နိုင် သော.. သားကောင်း တယောက် ဖြစ် ပါစေ လို့..

ခင်မင် လျက်..

Tin said...

သားသားသူရိန်လင်းရေ။ ။
welcome on board. ဘဘ ဦးဦး ညီအကို မောင်နှမ တွေ အတွက် အင်အား... သစ် မျိုး ဆက်.... သစ် တ ယောက် တိုးလာတယ်လို့ယုံ ကြည်ပါ တယ်။
DID မိသားစုနဲ့ အတူ ကျနော်လည်း ဆန္ဒပြုလိုက်ပါတယ်။ သားသားသူရိန်လင်း ကျန်းမာပြီး အောင်မြင် မှုများ ရနိုင်ပါစေ။
တင်ထူး

ThinkingHoney said...

သူရိန်လင်းလေး
ကျန်းမာ အသက်ရှည် ဥာဏ်ကောင်းပြီး ဖေဖေ၊ မေမေတို့နဲ့ ပျော်ရွှင်ပြီး အောင်မြင်ပါစေ။

စိုးထက် - Soe Htet ! said...

အဟဲ ... မောင်သူရိန်လင်း ကလေးကို ရှေ့ က သောမတ်စ် ဆိုတာ မပါပဲ ထားရင် ပို အဓိပ္ပါယ် ပြည့်ဝ လှပ သွား မလားလို့ ...
ဆရာ လုပ်တာမဟုတ်ပါဘူး မြန်မာလို ရိုးရိုးလေး ပဲ မြင်ကြည့်တာပါ ... ခင်ဗျာ ... လေးလေး စားစား အကြံပြုတာပါ :)

Anonymous said...

သားသားသူရိန်လင်း--ဘ၀တစ်လျှောက်လုံးကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေလို့ဆုတောင်းလိုက်ပါတယ်