Thursday, October 2, 2008


ငှက်တို့ရဲ့ခရီးစဉ်
ဘဝရဲ့ရှင်သန်ခြင်းတွေက
မိုးခေါင်တဲ့နှစ်ကစိုက်ခင်းတွေလိုဘဲ
ကျိုးတိုးကျဲတဲနဲ့ လှပခြင်းနဲတယ်…

ဂီတ စည်းချက်
မျှော်လင့်ခြင်းတွေရှားပါးတဲ့အရပ်မှာ
ကြီးထွားတဲ့သစ်ပင်
လက်တွေ့သဘာဝကိုဆန့်ကျင်
အမြစ်မရှိဘဲပေါက်တဲ့အပင်မို့
အဆိပ်တွေဘဲပျို့အန်ချ
မြို့သူမြို့သားတွေမှာ ပြေးရလွှားရ
အော်ဂလီဆန်လောက်အောင်မုန်းစရာကောင်း
သူတို့တတွေအပြုံးအရယ်ရှားပါးတာဆန်းသလား…

ကြည့်စမ်း….
ပုံမှန်ရွေ့နေတဲ့ နာရီလက်မည်းတွေပေါ်မှာ
ရွဲ့စောင်း လှိုင်းလေတွေမှောက်လဲပြိုကျလို့
လွတ်လပ်မှုကိုဖဲ့မြိုခြင်းခံထားရတဲ့
ကမ်းခြေမဲ့မျြိ့အတွက်
ငြိမ်းချမ်းရေးငှက်တွေအားယူပျံသန်းနေကြတာ
ပြဿဒါး ရက်ရာဇာမရွေး
သက္ကရာဇ်ဆံပင်တွေတောင် ဖြူဖွေးခဲ့ပြီ…

ဘယ်လိုဘဲဖြစ်ဖြစ်
နှင်းခဲပြိုပြို
မိုးသီးကြွေကြွေ လေပြင်းတိုက်တိုက်
ဒီမြို့လေးကိုချစ်တဲ့လူတသိုက်ဟာ
ကမ္ဘာမကြေတေးစာသားကိုဆိုရင်း
ရဲရင့်ခြင်းတောင်ပံကိုခတ်
နေ့စဉ်ရက်ဆက် ခရီးဆက်နေတယ်….။

No comments: