Monday, October 20, 2008


”မိုးမျှော်သူရဲ့တေးတစ်ပုဒ်”
မိုးလေဝသခန့်မှန်းချက်အရ
မနေ့တုန်းကအခြေအနေနဲ့
ပစက္ခအခြေအနေအထိကတော့
နေလည်းအလည်မလာ
မိုးလည်းခြေမဆန့်
သက်တန့်တွေလည်းရေဆင်းမသောက်
လလည်းအိမ်ဝမှာတံခါးမခေါက်
နှင်းစက်နှင်းပေါက်တွေလည်းတေးမသီ
နာရီတွေကိုဖဲ့မြိုတဲ့ရာသီကပ်ဆိုး
ကန္တာရကမ္ဘာရဲ့တံခါးကိုနဖားကြိုးထိုးတယ်…..

နောက်ထပ်ရောက်လာဦးမယ့်
မနက်ဖြန်ပေါင်းများစွာပေါ်မှာ
လောကရဲ့ထိချက်တိုင်းကချိုမြ
တုန့်ပြန်မှုတိုင်းကလည်း
သက်ရောက်ကြမယ်ဆိုရင်
ဝန်းကျင်တခိုအငွေ့ပျံဆန်တက်
ကောင်းကင်ကိုဖက်တဲ့မိုးသားတွေ
မြေပြင်ပေါ်တလိမ့်ချင်းဆင်း
သဲသဲမဲမဲရွာလိုက်မယ့်ဖြစ်ချင်း
ကန္တာရလူသားတွေ အပူအပင်ကင်းစေမယ့်အထိ…။

2 comments:

ATN said...

တေးတပုဒ်ကို လာနားထောင်သွားတယ်

MANORHARY said...

နာရီတွေကိုဖဲ့မြိုတဲ့ရာသီကပ်ဆိုး
ကန္တာရကမ္ဘာရဲ့တံခါးကိုနဖားကြိုးထိုးတယ်…..
..................
ဘယ်ထိဆွဲခေါ်သွားမလဲလည်းမသိရနော်...း(