”တသက်စာအလွဲများ”
ကံကိုဘဲခွေခေါက်ပုံချနေရ
နားဝကိုခုန်ခုန်ချတဲ့ပုံပြင်တွေကလည်း
မယုံချင်စရာ….
ဆူးကိုဘဲပုံပုံပြီးနင်းနေရ
မျက်စိနှစ်ကွင်းရှေ့ ကွေ့ကောက်အနိဌာတွေကလည်း
ရင်တုန်စရာ…
ပါးစပ်တွေသာသန်စွမ်းပြီး
ဒေါင့်တန်းဆွဲနေတဲ့ခြေလက်ခန္စာတွေကြောင့်
ဆုံမှတ်တွေကလွဲနေဆဲ
ကြေကွဲစရာ…၊။.
လမ်းကလေးရေ
3 weeks ago
3 comments:
ကဗျာလေး အရမ်းထိတယ် အစ်ကိုရာ။ ဖတ်ပြီး ခံစားရတယ်။
ကိုဆောင်းရေ---
အတွေးကောင်းသလောက်--ကဗျာအရေး
ကောင်းတယ်---
အားတဲ့အချိန်တိုင်း ကဗျာတွေလာဖတ်ပါတယ်--
ချမ်းမြေ့ပါစေရှင်---
ပါးစပ်တွေသာသန်စွမ်းပြီး
ဒေါင့်တန်းဆွဲနေတဲ့ခြေလက်ခန္စာတွေကြောင့်
ဆုံမှတ်တွေကလွဲနေဆဲ
ကြေကွဲစရာ…၊။.
တိုတိုလေးနဲ့ ထိမိတဲ့ ကဗျာတစ်ပုဒ်ပဲဗျာ.. ဒီကဗျာရေးတဲ့ ကဗျာဆရာကိုဆောင်းယွန်းလကို လေးစားတယ်လို့ ပြောပါရစေ...
Post a Comment