Tuesday, October 28, 2008

၂၄/၇/၃၆၅ ရဲ့ငရဲ
၂၄
နာရီမှာတရက်
ကျနော်
ခံစားချက်လှေကိုလှော်
ရွှေပြည်တော်
မျှော်တိုင်းဝေးနေဆဲ
ဝှက်သဟဲလ်
ဘယ်လိုငရဲပါလိမ့်ကွယ်…


ရက်မှာတပတ်
ကျနော်
စိတ်ကူးကမ္ဘာတပတ်ပတ်
အိပ်မက်ထဲကတိုင်းပြည်
ဘယ်တော့တည်ထောင်နိုင်မလဲ
ဝှက်သဟဲလ်
ဘယ်လိုငရဲပါလိမ့်ကွယ်…

၁၂
လမှာ၃၆၅ရက်
ကျနော်
တရက်မှနေမပျော်
နေပြည်တော်မှာ
ကြက်ဆူပင်တွေမင်းမူဆဲ
ဝှက်သဟဲလ်
ဘယ်လိုငရဲပါလိမ့်ကွယ်…

၂၄၊၇၊သုံးရာခြောက်ဆယ့်ငါး
စိတ်အပြင်းစားတွေပေါက်ကွဲ
တယောက်ထဲမကျေမနပ်ဖြစ်
စိတ်နဲ့ကျုပ်ညစ်ရင်းထပ်ဆဲ
ဝှက်သဟဲလ်
ဘယ်လိုငရဲပါလိမ့်ကွယ်….။

2 comments:

kay said...

၂၄ နာရီမှာ ဂဏန်း ၈ ကွက်လောက်-
၇ ရက်မှာ- စနေ တညနေ လောက်-
၃၆၅ ရက်မှာ- တရာသီ လောက် တော့
ငရဲ အကြောင်း မေ့ထား ကြ ရ အောင်ပါ။
း)

MANORHARY said...

အဲဒီငရဲကနေအားလုံးတူတူလွတ်မြောက်အောင်
ဘယ်လိုလုပ်ပါ့.......။