Sunday, February 1, 2009

”အဆုံးမဲ့ချစ်ခြင်း”

ငါ့ ကမ္ဘာဦးနေ့ရက်တွေ ကတည်းက
မင်း ကို ငါ ချစ်ခဲ့ ရတာပါ…

မြင်အောင် ကြည့်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ တိုက်ခတ်တဲ့ လေပြေ
မင်းအတွက်ဆို နူးညံ့ နေခဲ့ပေါ့….

ကြားအောင် နားစိုက်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ သီတဲ့တေး
မင်းအတွက်ဆို အေးမြမွှေး နေခဲ့ပေါ့..

တစိုက်မက်မက် နမ်းရှိုက်ကြည့်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ ပွင့်တဲ့ပန်း
မင်းဥယျာဉ်နန်းမှာ ထာဝရလန်းနေခဲ့ပေါ့…

ချစ်သူရေ…
မင်းဆိုတာ ငါ
ငါဆိုတာကလည်း မင်း
အဲဒီလို ခွဲခြားမရနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့
မင်းကိုငါ…ချစ်ခဲ့ရတာပါ….

ချစ်သူရေ….
မင်းအတွက် စကားတစ်ခွန်း
ငါ့နှလုံးသားပြတိုက်မှာ ထုသွန်းထားခဲ့ပြီးသား
အဲဒါ…
အဆုံးမဲ့ချစ်ခြင်းတရားပဲပေါ့…။

11 comments:

Yaw Han Aung said...

ကဗျာလာဖတ်သွားပါတယ်။ အချစ်ကဗျာလေးတွေလည်း ရေးချင်သား..

MANORHARY said...

ကဗျာတွေရေးနိုင်တာအားကျတယ်။ခုတလောအချစ်ကဗျာ
မပြောနဲ့ဘာကဗျာမှတောင်မရေးနိုင်လွန်းလို့ကိုယ့်ကိုယ်ကို
အားမရရင်းသူများကဗျာတွေပဲလိုက်ဖတ်ကျေနပ်နေတော့
တယ်။

ကိုအောင် said...

ကိုဆောင်းရဲ့ အချစ်ကဗျာက လှတယ်ဗျာ။

ATN said...

ကဲ... အားကျစရာတွေ ဖြစ်ကုန်ပြီ...း)

Nyein Chan Aung said...

ချစ်သူတော့ကြားမကြားမသိဘူးဗျာ.. ကျနော်တော့ ကြားလိုက်ရတယ်.. အဆုံးမဲ့ချစ်ခြင်းဖြင့် ပျော်ရွှင်ပါစေ.. ခင်မင်လျှက်ပါ..

Anonymous said...

အစ်ကိုရေ့..အခုရက်ပိုင်း အချစ်ကဗျာလေးတွေ ဘာဖတ်ဖတ် ရင်ထဲကြည်နူးနေတယ် ဘာမှလည်းဆိုင်ဘူးးး) ကျနော် ဒီကဗျာလေး သိမ်းထားလိုက်တယ်ဗျ ကျေးဇူးပါ ။

Anonymous said...

ဝေး...နောက်ဆုံးတော့...
သူ..အချစ်ကဗျာတွေ ရေးပြီး..ပေါ့....း)...
ကောင်းလိုက် တာ...
ရေးရမှာပေါ့..အချစ် က အားလုံးအတွက် လိုအပ်တယ်...
အချစ်မဲ့ တဲ့ ဘ၀ တွေ ဆိုတာ...
ဘယ်လောက် နှမျော စရာ..သနား ကောင်းသလဲ....
ဘယ်လို ချစ်နေရ..ချစ်နေရ..
ချစ်နေဘို့ ပဲ..လိုနေတာ နော်...
.....
ဆက်ရေးပါ အုံး..
အချစ်ကဗျာ လှလှ လေး တွေ.....း)....

Kaung Kin Ko said...

အချစ်ကဗျာချိုချိုလေး ဖတ်သွားတယ် အစ်ကိုရေ။

ကိုရင်နော်ခင်လေးငယ် said...

ကိုဆောင်းယွန်းရေ...

ကဗျာလေးက လှနေလိုက်တာ.....
အချစ်ကို ချိုမြိန်နေချိန်မှာ သုံးဆောင်ရင်း
ရေးထားတယ်ထင်ရဲ့...။

ခင်မင်တဲ့....

Anonymous said...

ကဗျာလှလှလေးကို နှစ်နှစ်ခြိုက်ခြိုက် ခံစားသွားပါတယ်.
အားကျတယ်ဗျာ.... တကယ်

အိုင်လွယ်ပန် said...

ဒါကတစ်လိုင်းပါလားအစ်ကိုရ အမြင်ဆန်းနေလို့ :P
ရေးလက်ကိုရော စကားလုံးအင်အားကိုရော
အရမ်းအားရမိတယ်အစ်ကိုရေ...

လေးစားခင်မင်လျှက်