”မွေးနေ့မှာ မေမေ့ထံခွင့်တောင်းခြင်း”
လော်လီ ဖောက်ပြားခြင်း
အလျဉ်းမရှိတဲ့ အချိန်က
ရာသီ ”ကုံ” ပေါ်ကို
တစ်ပတ် ဦးခေါင်းလျှိုလာတဲ့အခိုက်
ကျနော် တစ်ခုခုကိုသိလိုက်ရပြီ မေမေ…
သကြားပေးတဲ့ မွေးနေ့လည်းမဟုတ်
နတ်ရေးတဲ့ ဘတ်ဒေးလည်း မဟုတ်
မေမေ ကျနော့်ကိုမွေးထုတ်ပေးခဲ့တာ
ခုဆို..အနှစ် ၄၀ ကြာပြီ….
စာဖွဲ့ ဇာချဲ့ရလောက်အောင်လည်း
လူမြှေးလူရောင် ပြောင်တယ်လို့ မဆိုနိုင်သေး
မာန်မာနတွေသာ တဖြည်းဖြည်း မှေးမှိန်လာ
အရာအားလုံးနဲ့ယှဉ်ပြီး ပြောရရင်ဖြင့်
ကျနော်က ဘယ်ပွဲလယ်မှ မတင့်နိုင်သေးတာအမှန်…
ငယ်ငယ်တုန်းကဆို
မနက်ဖြန်အကြောင်း သိပ်ပြောတတ်တဲ့ ကျနော်
အခု ဒီနေ့အကြောင်း ကောင်းကောင်းပြောတတ်ဖို့ကြိုးစားတယ်…
ကျနော်.နာရီတွေကို မညာချင်တော့ဘူး
ကိုယ့်မြစ်ကို ကိုယ်တိုင်ဖြတ်ကူးဖို့အတွက်
ကိုယ့် တက်နဲ့ကိုယ်လှော်
ကဗျာတွေနဲ့ပဲ ပျော်ချင်တယ်….
အရိုးသားဆုံး ဝန်ခံရရင်.
ကျနော် ကဗျာဆရာပဲဖြစ်ချင်ပါတယ် မေမေ..။
ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ကျရောက်တဲ့ ကျနော့်ရဲ့ အသက်၄၀ပြည့်မွေးနေ့မှာ
ကျနော့်စိတ်ကူးတွေနဲ့စပ်ဆိုထားတဲ့ ကျနော့်မေမေအတွက် ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
လမ်းကလေးရေ
2 days ago
22 comments:
Happy Birthday ကိုဆောင်းယွန်းလ ရေ..
အသက်လေးဆယ်မှ လူ့ဘ၀ စ သတဲ့။ ဘ၀ကို အသစ် စ တဲ့လမ်းမှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ ကဗျာများ ဆက်လက်ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်နော်။
(သေချာတယ်၊ ချိုသင်းထက် အသက်ကြီးမှန်း သိသွားပြီ :)
Happy Birthday အစ်ကိုကြီး မထင်ဘူး ကဗျာလေး စာလေးတွေက နူနူလေးမို့ ငယ်ငယ်လေးထင်နေတာ ဟီးး အပြင်မှာလည်း ကဗျာဆရာက နုမှာပါဗျ နော့်း) ဘာဆုတောင်းပေးရမလဲဆိုတော့ အက်ကြောင်းထပ်လွန်းနေတဲ့စကားလေးပဲ အမှန်စင်စစ် ပျော်ရွှင်ပါစေလို့ ။
ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေအကိုရေ..
အကို့ကဗျာတွေကိုအားပေးနေတဲ့ ကျနော်တို့လို ပရိသတ်တွေအတွက်တော့ အကိုဟာ ပွဲလယ်တင့်ရုံတင်မကတော့ပါဘူးအကို။
အကို့အိပ်မက်တွေအားလုံးနဲ့ လက်တွေ့ဘဝနီးစပ်နိုင်ပါစေ။
ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ။
ချိုသင်းပြောသလိုပဲ..ခုမှဘ၀စတာပါ..။
ကဗျာတွေခုလိုပဲအားနဲ့အင်နဲ့ရေးနိုင်ပါစေ။
မင်္ဂလာအပေါင်းပြည့်စုံတဲ့ မွေးနေ့ပါ ကိုဆောင်းရေ။
အသက်ရာကျော် ရှည်ပါစေ။ စိတ်ချမ်းသာပါစေလို့
ဆန္ဒပြုပါတယ် အကိုရေ။
ံHappy Birthday ..နော်...
စောစော ကြို သိရင်... လက်ဆောင် ပေးမှာပေါ့..း)..
အင်း...၄၀ ..ဆိုတော့...ဘ၀ စပြီ...
....................
ကျန်နေသေး တဲ့ လမ်းတစ်ပိုင်း အတွက်..
အနက်ရှိုင်းဆုံး..ခံယူ ချက်တွေ ကို မဖျက်ပဲ..
ကျန်းမာစွာ...ပျော်ရွှင်စွာ...
ချစ်တဲ့ မိသားစုနဲ့..အတူတူ..
အနာဂတ် ကို..ငြိမ်းငြိမ်း ချမ်းချမ်း..
ဖြတ်သန်း နိုင်ပါစေ.....
အထူး မွေးနေ့ပေါ့.. ကိုဆောင်းယွန်းလရေ-
၄၀ ဆိုတာ.. ၄၀ ပေါ့..း)
ဘ၀ ကို တကယ် စနိုင်ပါစေ။
ဒို့အစ်ကိုရေ...
ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ..း)
ဟုတ်တယ်.. သူတို့ပြောသွားသလို..
ဘဝက အခုမှ စမှာ..
ဒို့အစ်ကို.. စိတ်ထဲရှိတဲ့ ဆန္ဒတွေ အကုန်ဖြစ်ပါစေ..
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အဆင်ပြေခြင်းတွေနဲ့ ရင်ကော့ပြီး လျှောက်လှမ်းနိုင်ပါစေလို့..
လေးစာခင်မင်မှုများစွာနဲ့...
အစ်ကိုရေ... ဆန္ဒနဲ့ဘ၀ ထပ်တူဖြစ်ပါစေဗျာ။
ဆောင်းယွန်းလ ဆိုတဲ့ ကလောင်ကိုက ကဗျာဆန် နေပါပြီဗျာ။ ကလောင်မှာ Moon ဆိုတဲ့ လ ပါကတည်းက အတော်လေးကို Emotion ဖြစ်မယ်လို့ ထင်မိပါတယ်။ ခန့်မှန်းကြည့်တာပါ။
မွေးနေ့ မှာ ပျော်ရွှင်ပါစေအစ်ကိုရေ။ ကဗျာလေး ကောင်းလိုက်တာဗျာ။
မင်္ဂလာ မွေးနေ့ရက်မြတ်ပါ ကိုဆောင်းယွန်းလရေ...
ဒီနေ့ ဘလော့ဂ်အရောက်နဲ့ မွေးနေ့နဲ့ တိုက်နေတော့ ဘာများ စားရပါမလဲ?
ဘ၀မှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနိုင်တဲ့သူ ဖြစ်ပါစေ။ ကဗျာဆရာတစ်ဖြစ်လဲ ကိုဆောင်းယွန်းလ အသက်ရာကျော်ရှည်ပါစေနော်။
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဆုတောင်းပေးရင်း ကဗျာလေးကိုခံစားသွားပါတယ် အစ်ကိုရေ..
မိုးကြယ်
Happy Birthday ပါ အစ်ကိုရေ၊ အခုမှ စတဲ့ အစ်ကို့ဘဝမှာ မိသားတစ်စုလုံး ပျော်ရွှင်မှု၊ အောင်မြင်မှုတွေနဲ့ ပြည့်စုံပြီး နောက် နှစ်ပေါင်းများစွာ ကဗျာတွေ ရေးနိုင်ပါစေ၊
မွေးနေ့မှာ ပျော်ရွင်ပါစေ အစ်ကို။ အသက်ထက်ဆုံး လိုအင်ဆန္ဒပြည့်ဝပါစေဗျာ။
မိုးသောက်အာရုံလေးကိုမှ ချစ်တဲ့
ကုံ ရာသီသားပေါ့..
၄၀ ဆိုတဲ့ အိပ်ကိုလွယ် ထွက်ခဲ့....။
ဘ၀..
စခဲ့ပြီးသားလား...
စတော့မှာတဲ့လား...
ဒီလိုပါပဲ..
ကိုယ့်နေရထိုင်ခင်းကိုယ်
ဘာသိဘာသာခင်းကျင်းပြင်ဆင်ရင်း...
ကိုယ့်မနက်ခင်းနဲ့ကိုယ်
ထွေရာလေးပါးတွေပြောကြည့်ဆိုကြည့်ရင်း...
...............................
တစ်ကနေပြန်စမိတဲ့အတွေးတိုင်းမှာတော့..
အမေ့အသံတွေကပဲ..........
ကြည် စေ အေး စေ ခဲ့...။
###############################
( အစ်ကို.. ကဗျာနဲ့တော်တဲ့ မောင်နှမတွေမို့ အမှတ်တရ လေးရှိစေ့ချင်လာတယ်.။ စိတ်ထဲမှာဖျတ်ကနဲပေါ်လာတဲ့အတိုင်း..
ကဗျာလိုလိုလေးရေးချဖြစ်ခဲ့ပါတယ်.။ )
အနှစ်(၄၀)မွေးနေ့ကစ စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ...။
မွေးနေ့မှာ ကိုယ့်ရင်ဘတ်ကို အနာခံပြီးထုစစ်ထားတဲ့ ကဗျာတစ်ပုဒ်နဲ့ အမေကို ကန်တော့နိုင်ခဲ့တဲ့ အစ်ကို့အတွက် ၀မ်းသာတယ်ဗျာ...။ :)
ပျော်ရွှင်စရာ မွေးနေ့မင်္ဂလာပါ ကိုဆောင်းယွန်း ရေ မွေးနေ့မှန်း မသိလို့ မွေးနေ့လက်ဆောင်တောင် ပါမလာဘူး ဟီး ဟီး..ယနေ့မွေးနေ့က စလို့ သက်ဆုံးတိုင် ပျော်ရွှင်သာယာ ချမ်းမြေ့တဲ့ ဘဝလမ်း ခရီးကို လျှောက်လှမ်းနိုင်ပါစေ
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကဗျာဆရာ။ ကဗျာတွေလည်း အများကြီးရေးနိုင်ပါစေ။ ဒီထက်မက အောင်မြင်မူတွေလည်း ရပါစေ။
ချစ်ခြင်းဖြင့်..
ြNyein Chan Aung
မချိုသင်း ကျနော်က ကျနော့်ကိုယ်ကျနော်ငယ်တယ်ထင်နေတာ ခုတော့..
ညီမောင်မျိုး ဟုတ်တယ် ဘာကျွေးရမလဲ..
ညီမစိုးသင့်ဆွေရေ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးနော်..မနော်.ကျနော်ဆက်လက်ကြိုးစားပါဦးမယ်.ဆုတောင်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ.ကိုအောင်ရေ.မွေးနေ့ဆုတောင်း
အတွက် ကျေးဇူးအထူးပါ
မသီရိရေ ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ပါစေဆိုတဲ့ဆုတောင်း
လေးအတွက် ကျေးဇူးအထူးပါ...မကေရေ ကျနော် ဘဝကိုအမှန်တကယ်စနိုင်အောင်ကြိုးစာနေပါပြီ ကျေးဇူးတင်ပါတယ်ဗျာ..ရင်ကော့ပြီးလမ်းလျှောက်နိုင်ဖို့လည်းကြိုးစားရပါဦးမယ် ကိုရင်နော်နဲ့ခင်လေးငယ်တို့ရေ ကျေးဇူးတင်ပါတယ်.ညီလေးJuly Dream ရေ ကျေးဇူးပါ ဟုတ်တယ်အကိုကအီမိုးရှင်းတွေများတတ်တာတော့အမှန်ပဲ.ဆန္ဒနဲ့ဘဝထပ်တူမျှဖို့ကတော့ အများကြီးကြိုးစားရဦးမှာ..ညီလေးကောင်းကင်ရေ ကျေးဇူးတင်ပါတယ်..ညီမညလေးကိုလည်းကျေးဇူးတင်ပါတယ် ပြန်တွေ့ရတာမင်္ဂလာပါ..ယိမ်းနွဲ့ပါးညီလေးတွေကိုလည်းကျေးဇူးတင်ပါတယ်..ညီမကောင်းကင်ပြာပေးတဲ့ဆုနဲ့ပြည့်စေဖို့ကြိုးစားနေမယ်
ကျေးဇူးပါ...စိတ်စမ်းရေကိုလည်းဆုတောင်းပေးတဲ့အတွက်ကျေးဇူးအထူးတင်ကြောင်းပြောပါရစေ..ညီမအိန္ဒြာရဲ့ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်.အဲဒီကဗျာလေးကို အကို့ဘလော့မှာမကြာခင်တင်လိုက်ပါရစေ..Black Dream ကျေးဇူးအများကြီးတင်ပါတယ်..ညီလေးလင်းထက်ရေ လူရောက်လာတာကိုပဲ ဝမ်းသာလှပါပြီ ကျေးဇူးညီလေး..ကိုငြိမ်းချမ်းအောင်ရဲ့ဆုတောင်းအတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..
အားလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ
၄၀ မွေးနေ့အတွက် နှင်းတောထဲ မိုင်၂၀၀၀ ကျော်လာရတော့ နဲနဲနောက်ကျ သွားတယ် ရဲဘော်ကြီးရေ... မင်္ဂလာအပေါင်းနဲ့ စိတ်လက်ကိုယ် ငြိမ်းချမ်းမှုတွေ ခညောင်းပါစေဗျာ .....ဒူကဘာ
ညီရေ့ ကိုယ့်ဘာသာအလုပ်ရှုပ်ရင်းနဲ့ မွေးနေ့လာတာ နောက်ကျသွားတယ်...
နောက်ကျ ဆုတောင်းလေးပေါ့ကွာ...း)
၄၀ မှသည် ရာကျော်သည်ထိ....
ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာကို ရရှိနိုင်ပါစေ...
၄၀ ပြည့်တဲ့နေ့ကနေ စပြီး လေးတာတွေကို ဆယ်ရသတဲ့... အဲကြောင့်မို့ ၄၀ ကျော်မှ ဘ၀စတယ်လို့လည်း တချို့က ပြောကြတာ ထင်ပါရဲ့...
ကဲ... နောက်နေ့ကစပြီး ဆယ်ပေတော့... ဟေ့...း)
ချစ်ခင်သော
ATN
ကိုဆောင်းရေ
မွေးနေ့ဆုတောင်း နောက်ကျသွားတယ်။ လက်ခံသေးလားတော့ မသိဘူး။
ဘ၀က အခုမှ စတာပေါ့။ ဟုတ်လား။
ကဗျာဆရာဆိုတာ ကဗျာတွေရေးနေဖို့ပဲလိုပါတယ်။
ကဗျာတွေအများကြီး ဆက်ရေးနေနိုင်ဖို့ နဲ့ ပျော်ရွှင်နိုင်စေဖို့ပဲ ဆုတောင်းလိုက်မယ်နော်။
Post a Comment