တာရာမင်းဝေ၏ ”ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ”
ဒီကဗျာလေးကို ၁၉၉၅ စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရတာပါ။
ကဗျာကိုဖတ်ပြီး နှစ်သက်လွန်းလို့ ကဗျာချစ်သူ ညီအကိုမောင်နှမတွေအတွက် မျှဝေပေး
လိုက်တာဖြစ်ပါတယ်။ ညီအကိုမောင်နှမအားလုံးလည်း ထပ်တူထပ်မျှ ကြိုက်နှစ်သက်ကြ
လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
”ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ”
နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ….
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။
တချို့လူတွေက
ဘဝမှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက….
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
”သွားတော့မယ်နော်….
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့” လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။
(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ဝိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်စလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုးမရှိပါဘူး။
ဒါပေမယ့်….
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။
ဒီည…
နောက်ည….
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ် ရေးလိုက်ပါတယ်။
”ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌”
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
စူးအက်ကြေကွဲ ရှ…အက်...ကြေ...ကွဲ…
မင်နီတွေနဲ့ ”ရဲ” လို့ပေါ့ကွယ်။ ။
တာရာမင်းဝေ
လမ်းကလေးရေ
2 days ago
12 comments:
ဒို့အစ်ကိုရေ..
ဒီကဗျာလေး အရမ်းကြိုက်..း)
မျှဝေပေးတာ ကျေးဇူးပါနော်..
ဟေ့
ခွင့်ပြုချက်လေးဘာလေးတောင်းဥိးလေ..း)
အစ်ကိုကြီးရေ့ ဝေမျှပေးတာ ကျေးဇူးဗျ ညီက ဘလော့ဆိုတာနဲ့ ရင်းနှီးမှပဲ ဒီလို ကဗျာကောင်း စာကောင်းတွေ ဖတ်ခွင့်ရတား)
တချို့လူတွေက
ဘဝမှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက….
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
ဒီစာသားလေး ကတော့ ခိုက်တယ် ကိုဆောင်းယွန်းရေ မျှဝေပေးတာ ကျေးဇူးပါ ခင်ဗျာ..။
ကောင်းတယ်ဗျာ။ တင်ပေးတာ ကျေးဇူးပါ ကိုဆောင်း။
ကဗျာဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကိုဆောင်းရေ။
မဖတ်ဘူးသေးဘူးအစ်ကိုရေ ....
မျှဝေပေးတာကျေးဇူးဗျာ....
ကဗျာလေးကောင်းတယ် ......
ဆရာတာရာမင်းဝေရဲ့ ကဗျာလေးဖတ်ရလို့ ကျေးဇူးပါအစ်ကို။
ကျေးဇူးပါဘဲ တာရာမင်းဝေကဗျာလေးအတွက်
သိပ်ကောင်းတဲ့ကဗျာလေးပါလား...
ကျွန်တော် မဖတ်ဘူးသေးဘူး..အခုလို ပြန်လည်မျှဝေပေးတာ ကျေးဇူးတင်ပါတယ် အကို..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
လေးနက်စွာ ခံစားပြီးဖတ်သွားပါတယ် အစ်ကိုရေ့
အစ်ကို..ရေ
ကျောက်ထွင်းရာဇ၀င်တွေပေါ့
ဘယ်တော့မှ မသေမယ့်
အရာရာတွေ...
ကျေးဇူးပါ အစ်ကိုရာ..ပြန်လည်ခံစားခွင့်တာ...
Post a Comment