Wednesday, February 4, 2009

”ဓာတ်ပုံထဲမှာ ကြည့်ကောင်းအောင်လှပြီး အပြင်မှာ ကြောက်စရာကောင်းတဲ့ ”နှင်း” တွေ”

လွန်ခဲ့တဲ့အပတ်က ကျနော်နေတဲ့ မြို့လေးမှာ နှင်းတွေအများကြီးကျခဲ့လို့ ကဗျာလေးတစ်ပုဒ်
စပ်ပြီးပို့စ်တင်ထားခဲ့ပါတယ်။ အဲဒီတုန်းက တချို့ဘလော့ဂါ ညိအကိုမောင်နှမတွေက ဓာတ်
ပုံလေးတွေရိုက်မထားဘူးလား! ဓာတ်ပုံတွေရိုက်ထားပြီးတင်ပေးရင် ပိုကောင်းမှာပေါ့လို့ ကျ
နော့်ကိုပြောကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျနော့်သမီးကြီး
ကို အိမ်ရှေ့နဲ့ အိမ်နောက်ဖေးက အရည်မပျော်သေးပဲ ကျန်နေတဲ့နှင်းတွေကို ဓာတ်ပုံရိုက်
ခိုင်းထားပြီး အခုလိုဆားချက်လိုက်တာပါ။
Snow သိပ်ချစ်တယ်ဆိုတဲ့ ညီညီ ကိုကို မမ ညီမများအတွက် လက်ဆောင်ပေါ့.....



အိမ်နောက်ဖေးဖက်က ရိုက်ထားတဲ့ပုံ





အိမ်ထဲကနေပြီး အိမ်ရှေ့အပြင်ဖက်ကို ရိုက်ထားတဲ့ပုံတွေ






အိမ်ရှေ့အပြင်ဖက်ကနေ အိမ်ဖက်ကိုပြန်ရိုက်ထားတဲ့ပုံတွေပါ....


လွန်ခဲ့တဲ့တစ်လခွဲလောက်က နှင်းနဲ့ရေခဲမုန်တိုင်းတွေကျခဲ့လို့ ဒီသစ်ပင်ကြီးက အကိုင်းကြီးတွေပြိုကျပြီး
မီး၅ရက်ပျက်သွားလို့ ကျနော်တို့မိသားစုထွက်ပြေးပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းမှာသွားနေလိုက်
ရသေးတယ်လေ....




15 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ဓါတ်ပုံတွေကြည့်ပြီး ချမ်းတောင် ချမ်းလာတယ်..
အနွေးထည်လေး ပြေးဝတ်ထားဦးမှ.. :P

အေးချမ်းတဲ့ မိသာစု အိမ်ယာလေးပါပဲနော်..

နွေးထွေးစွာ ပျော်ရွှင်နိုင်ကြပါစေ..

ခင်တဲ့..

Anonymous said...

အဲ့လောက်တောင်များတယ် ချစ်စရာလေးတွေ ဒါမဲ့ အရမ်းချမ်းမှာတော့ ကြောက်တယ်း)

အစ်ကိုကြီး ကျေးဇူးဗျ တင်ပေးတာ ဓာတ်ပုံရိုက်ပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးး ။

မေ့သမီး said...

သစ်ကိုင်းပြုတ်ကျပြီး မီးပဲပျက်သွားတာတော်သေး တာပေါ့။ ဓါတ်ပုံတွေတင်ပေးလို့အစ်ကို့ကို ကျေးဇူး။ နှင်းတွေကြားမှာ အေးချမ်းပျော်ရွှင်နိုင်ပါစေ။

MANORHARY said...

အဲဒီနှင်းတွေနည်းနည်းလောက်ဒီပို့လိုက်စမ်းပါ..
ဒီမှာတော့အပူလှိုင်းဖြတ်ပြီး တအားပူနေပါတယ်ဗျို့..

Moe Cho Thinn said...

ပို့စ် ချမ်းချမ်းလေး တပုဒ်ပါလား။ :)

ကောင်းကင်ပြာ said...

အအေးကြိုက်တဲ့ ကောင်းကင် snow ပုံလေးတွေ သဘောတကျ လာကြည့်သွားပါတယ်၊ ဒီမှာတော့ တော်တော်ပူတယ်အစ်ကိုရေ၊

Anonymous said...

လာလည်ချင်တယ်.. ပျော်စရာကြီးနေမှာ.. နှင်းမှုန်တိုင်းကိုတော့ သားသားကြောက်ကြောက်စ်း(

The Wild Rose said...

snow တွေက ဖြူလွလွလေးနဲ့ ချစ်စရာကောင်းပေမဲ့
များလာလို့ရှိရင် လူသွားတဲ့လမ်းကို လမ်းကိုဂေါ်ပြားနဲ့ ကော်ထုတ်ပြီး ရှင်းရတဲ့ဒုက္ခ .... သွားလာခါနီး ချမ်းရတဲ့အထဲ ကားတွေပေါ်ကျနေတာတွေကို ဖယ်ရှားရတဲ့ဒုက္ခ .... ရေတွေခဲလို့ ခြစ်ထုတ်နေရတဲ့ဒုက္ခတွေကြောင့် အဲဒီအခါကျရင် သိပ်ချစ်စရာမကောင်းတော့ဘူး
စတွေ့ မြင်ဖူးကာစကတော့ ချစ်စရာပါဘဲ ..... ဟဲ ...ဟဲ
နှင်းမုန်တိုင်းကိုတော့ မပြောပါနဲ့တော့ ....

Anonymous said...

"နှင်းတွေ....!!!!"

လှလိုက်တာ..
အေးလိုက်မှာ...နော်...
ဓါတ်ပုံတွေကြည့်ခွင့်ရတာ..ကျေးဇူးအကို..

အိုင်လွယ်ပန် said...

မိုက်တယ်အစ်ကိုရာ....
နေချင်စရာပဲ ....
တော်တော်တော့ အေးမယ် :P

လင်းထက် said...

ဟုတ်တယ် ကိုဆောင်းယွန်းရေ ဒီနှစ်တော့ ဥရောပ အနောက်ဖက် တစ်လွှားမှာ နှစ် ၂၀ အတွင်း စံချိန်ချိုးပြီး နှင်းတွေ ကျလိုက်တာ ဆိုတာဗျာ အကုန်လုံး ဖြူဖွေးလို့ အပူချိန် ဆိုလဲ အနုတ် ၂၀ ကနေ အောက်ကိုချည်းပဲ အတော် လေးအေးတယ်..။

kay said...

ကြည့်ပြီး ချမ်းသွားပါတယ်။

JulyDream said...

နှင်းတွေ လာငေးသွားပါတယ်။ တခါတလေတော့လည်း နှင်းက အရမ်း ရက်စက်တယ်ဗျာ။ ခံစားချက်တွေ တိုက်ဆိုင်ပြီး ရောချလိုက်တယ်။ အဟီး...

Unknown said...

အဟင့်...။ ကျွန်တော်ရောက်နေတဲ့ နေရာကိုလဲ စဉ်းစားကြည့်ပါဦး...။ ဘီလိုလုပ်ပြီး Snow ကို ချစ်နိုင်ပါတော့မလဲ...။ ဒီမှာလူတွေလဲရဲ့ရဲ့ပဲ ကျန်တယ် -24 တဲ့ :D

တစ်ခုတော့သတိရသွားတယ်..။ ကျွန်တော့်ကောင်မလေးကို...။ သူကတော့ နှင်းတွေကို တော်တော်ချစ်တယ် :)

ကိုအောင် said...

ကျနော်တို့ဘက်မှာ နှင်းက အကိုတို့လောက် မလာဘူး။
သို့ပေမဲ့ လွန်ခဲ့တဲ့ သုံးပတ်လောက်က နှင်းအရမ်းကျတာ
တနေ့တည်းကို ကျနော် ဆိုင်ကယ် ငါးခါ မှောက်သွား
တယ် ကိုဆောင်းရေ။ နှင်းချစ်တယ်ဆိုတာ သိပ်မပြောရဲ
တော့ဘူး။