Friday, March 6, 2009


”မိစ္ဆာထိုးစစ်နှင့်ကယောင်ကတမ်းသင်းကွဲတကောင်”
လာ..လိုက်ခဲ့..
တရွတ်တိုက်ဆွဲခေါ်လာတယ်
ဖုန်ဆိုးမြေတွေ တလျှောက်
ငတ်မွတ်ခေါင်းပါးခြင်းတွေ တလျှောက်
မျက်ရည်စီးကြောင်း တလျှောက်

ရုန်း
နဲ့ ။


မျက်နှာကို ဂုန်နီအိတ်နဲ့ စွတ်လိုက်တယ်
လက်ကို နောက်ပြန် သစ်ပင်မှာ ကပ်ချည်လိုက်တယ်
ပါးကွက်သားတွေ အသင့်ပဲ။


မသတ်ပါနဲ့ 
ကျုပ်ကို မသတ်ကြပါနဲ့ 
ကျုပ်ခေါင်းကြီးကို အဲဒီလို ပေါက်တူးရိုးနဲ့  ဖနောင့်နဲ့ 
ဝါးဆစ်ပိတ်နဲ့  ရိုက်..ရိုက်..ပြီး မသတ်ကြပါနဲ့ ။


အို…ကြည့်လိုက်ပါအုံးဗျာ
ခင်ဗျားတို့  ထိုးခွဲလိုက်လို့ ထွက်လာတဲ့
အူခွေများနဲ့  အသဲနှလုံးတစုံ
ကျုပ်မြင်နေရတယ်
ကျုပ်မြင်နေရတယ်။


အမေရေ
ပြည်သူ လူထုကြီးရေ..
စီးပွားရေးပိတ်စို့ မှုကို ဖွင့်ပေးဖို့ သဘောမတူနိုင်ဘူး
၂၀၁၀ မှာ ရွေးကောက်ပွဲ မ၀င်နိုင်ဘူး
လက်ပါးစေ အဖြစ်မခံနိုင်ဘူး
နောက်မြီးဆွဲ မဖြစ်နိုင်ဘူး
ဒူးမထောက်ဘူး
လက်နက်ချ အညံ့မခံနိုင်ဘူး။
ကျုပ်ကို သတ်နေကြတာလား… ..။


နေစမ်းပါအုံးဗျာ။

သမီးလေး နန်းခမ်းမြန်မာမိုးရေ..
အဖေ့ရဲ့ သမီးလေးရေ… ..
ရော့ ..ဒီမှာ၊ အဖေ့ရဲ့ အလံ
ဟောဟို.. ရှေ့ ..မှုန်ပျပျ မြင်နေရတာ
ဒီမိုကရေစီ တောင်ထိပ်၊ လွတ်လပ်ခြင်းတောင်ထိပ်ပေါ့
သွား… ..
ဒီ.. မျိုးဆက်ကို မြန်မြန်သွားစိုက်လိုက်။


မိုးမြင့်အောင်


10 comments:

Nyein Chan Aung said...

ကဗျာ ကောင်းတယ်ဗျာ။

Anonymous said...

သမီး ကို အလံစိုက်ခိုင်းလိုက်တာ မျိုးဆက်အတွက်မိုးထိအောင်တဲ့ အဆုံးသတ်က မာန်ပါတယ် ။

( ကျနော် အစ်ကို့ကဗျာတွေဖတ်ပြီး ကော့မန့်မပေးတတ်လို့ပြန်ပြန်သွားတာ ခဏခဏပဲး) )

ကိုရင်နော်ခင်လေးငယ် said...

အကို....
ဘယ်လို မန့်ရမှန်းမသိလောက်အောင်ကို...
ကဗျာက အကောင်းလွန်နေခဲ့တယ်
မန့်ဖို့စာလုံးရှာလို့ မရတာ ခွင့်လွှတ် အကိုရေ
ခဏခဏ ဖတ်သွားမိတယ် အကို....

with love..

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ...

ဘာလို့မှန်းတော့ မသိဘူး
(၆) ခေါက်မြောက် လာဖတ်သွားပြန်ပြီ...

ခင်လေးငယ်

emayarKhin said...

အကိုရေ..ကဗျာကိုဖတ်ရင်းနဲ့
ကိုယ်ပါမာန်ပါလာတယ်.....တကယ်ကောင်းတယ်....

ကောင်းကင်ပြာ said...

ကဗျာအတွက်comment ရေးလိုက်ရင် ပေါ့သွားမှာ ကြောက်တယ်အကို

Anonymous said...

goodသည်.. မိုက်သည်..ထိသည် :)

Anonymous said...

တော်လှန်ရေး အတွက် တပ်လှန့်သံ ကဗျာကောင်းလေးတပုဒ်ပါဘဲ ၊ မျိုးဆက်သစ်တွေုအတွက် လက်ဆင့်ကမ်း တော်လှန်ေ၇း အမွေဆိုတာပေးကိုပေးရမယ်၊ တော်လှန်ရေးမပြီးဆုံးသေးသရွှေ့ လက်ဆင့်ကမ်းပြီးရင်း ကမ်းကြစို့...။
ဒီကဗျာလေးအတွက် ကိုမိုးမြင့်အောင်ကို ကျေးဇူးတင်သလို မျှဝေပေးတဲ့ ကိုဆောင်းကိုလည်း ကျေးဇူးကမ္ဘာပါ။

ကိုအောင် said...

မာန်နဲ့ အင်အားအပြည့်ပါတဲ့ ကဗျာကောင်းတပုဒ်ပါ။

Moe Myint Tane said...

ကိုမိုးမြင့်အောင်ရဲ့ ကဗျာလေးက အားမာန်အပြည့်နဲ့ အဆုံးသတ်ထားတာကောင်းလိုက်တာ။
ကဗျာကောင်းလေးကို မျှဝေပေးတာ ကျေးဇူးပါ အကိုရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်