Wednesday, March 18, 2009


”နာမသေနေတဲ့လူ”

သူက…
လူပင်ရှင်သော်ငြား
နာမ အသက်ထွက်သွားပြီးတဲ့ လူ…

သူက
လူတွေကို….

တုတ်နဲ့ ရိုက်တယ်
ဓားနဲ့ ထိုးတယ်..

သေနတ်နဲ့ ပစ်တယ်
လက်ထိပ်နဲ့ ခတ်တယ်….

အကျဉ်းထောင် ချပစ်တယ်
သတင်းအမှောင် ချပစ်တယ်…

သတင်းစကား မီးမှိတ်တယ်
ပြတင်းတံခါး အပြီးပိတ်တယ်…

ချောက်ထဲ နစ်အောင်
တရားမဲ့အားနဲ့ တွန်းပစ်တယ်
တယောက်တကွဲ ဖြစ်အောင်
တရားမဲ့ဓားနဲ့ မွှန်းပစ်တယ်…..

အကျိုးဆက်ကို ဖြတ်ဖို့
မျိုးဆက်ကို သတ်တယ်…

အမှားမြင် အမှန်ထောက်သူကို
ကားစင်တင် အမြန်ဖျောက်တယ်…

တကိုယ်တည်း ကောင်းဖို့
တပြည်လုံးကို မောင်းထားတယ်
တပြည်လုံးကို ရောင်းစားတယ်….

သူက…
နာမ အဆိုးအယုတ်ကို
လက်မှာ ဆုပ်ကိုင်ရင်း
ကမ္ဘာ့အလယ်မှာ ရှိုးစတိုင်နဲ့ထိုင်
အောက်ခြေ ယိုင်နေတာကို မေ့လျော့
သိပ်မကြာခင် ဘေးတွေ့တော့မယ့် လူ…..။

12 comments:

Anonymous said...

သူက…
နာမ အဆိုးအယုတ်ကို
လက်မှာ ဆုပ်ကိုင်ရင်း
ကမ္ဘာ့အလယ်မှာ ရှိုးစတိုင်နဲ့ထိုင်
အောက်ခြေ ယိုင်နေတာကို မေ့လျော့
သိပ်မကြာခင် ဘေးတွေ့တော့မယ့် လ
................
yes!!!!!!!
that's right..;)

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ...
ရင်ဘတ်ကြီးနဲ့ ဖတ်လိုက်ပြန်တယ်..
အားရတယ်ဗျို့..

Anonymous said...

သူကကြီးလေ ရုတ်လေနဲ့ ကြီးမိုက်ကြီးး)
သိပ်မစောင့်ရတော့ပါဘူး သေတော့မှာပါ အများဆုံးနေရလှ ၅ နှစ်ပေါ့ မေတ္တာဝိုင်းပို့ကြရအောင် အစ်ကိုကြီးး ဟီးးး

Nyein Chan Aung said...

ဒီကဗျာကတော့ ကာရန်တွေ ဝေေ၀စီစီနဲ့ဗျာ။ အဖွဲ့တွေ လှတယ်။

အကျိုးဆက်ကို ဖြတ်ဖို့
မျိုးဆက်ကို သတ်တယ်…

အမှားမြင် အမှန်ထောက်သူကို
ကားစင်တင် အမြန်ဖျောက်တယ်…

တကိုယ်တည်း ကောင်းဖို့
တပြည်လုံးကို မောင်းထားတယ်
တပြည်လုံးကို ရောင်းစားတယ်….

ကြိုက်တယ်ကိုဆောင်းရေ။

emayarKhin said...

စိတ်ကောင်းမရှိတဲ့လူဆို
ဘေးတွ့တာဘဲကောင်းပါတယ်...
အကို့ရဲ့ကဗျာတွေကအမှန်တွေချည်းပဲ။

မိုးမြင့်အောင် said...

ဘယ်သူ့ကိုဆိုလိုနေတာလဲ

လင်းဒီပ said...

့ဖြည်းဖြည်းပြောပါဗျ..:P

Anonymous said...

အစ်ကိုရေ............

ကဗျာတွေနဲ့ပဲ.........
စိတ်အပမ်းတွေဖြေဖြေနေရတာ....

ညီအကိုများ said...

ကိုဆောင်းရေ ကဗျာကောင်းတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

ကိုအောင် said...

ကဗျာက ဖတ်လို့ အားမရနိုင်လောက်အောင် ကောင်း
တယ် ကိုဆောင်း။

အိုင်လွယ်ပန် said...

အင်း ...

စာသားတွေ ပြောင်မြောက်
အတွေးတွေကောင်းတယ် ကိုဆောင်းယွန်းရေ .....

Moe Myint Tane said...

ကောင်းလိုက်တဲ့ ကဗျာ။ စိတ်အဆာပြေစေတယ် အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်