”မျှော်လင့်ချက်”
စွန်ကလေးရေ
မင်းကို…ငါက
လေအလာ နေအသာမှာ
ခရီး ပေါက်မြောက်
ဟိုး..အမြင့်ဆုံးရောက်အောင်
လွှင့်ထောင်ထားခဲ့ပြီးမှတော့..
လေကြမ်း ခရီးအပမ်းမှာ
ပြတ်ချင်သလောက် ပြတ်ပြီး
လွင့်ချင်သလောက် လွင့်စမ်းပါစေ
ရှိသမျှအားတွေနဲ့ ပြန်ပြီးမျှားနေမယ်…။
လမ်းကလေးရေ
4 weeks ago
12 comments:
အားပါးးးးးးး
မျှော်လင့်ချက် နည်းနည်းလောက် မျှပါ...။
အသက်ဆက်ရန် အရေးပေါ် လိုအပ်နေလို့း)
ကိုဆောင်းယွန်းရေ..
ပြတ်သွားရင် မလွယ်ဘူးနော်
ချစ်စရာစွန်ကလေး..
မတ်ြအောင် အရင် ထိမ်းထားပေးပါ..
မပြတ်အောင်
း( .. စာလုံးပေါင်းတွေ မှာလွန်းလို့..း)
ကဲ..
စာလုံးပေါင်းတွေ မှားလွန်းလို့..း)
ခက်တော့တာပဲ နော်..း)
ဒို့အစ်ကိုရေ..
စွန်လွှတ်ပွဲလေးကို လာကြည့်သွားပါတယ်..
မျှားသာမျှား.. မျှော်လင့်ချက်က အားအင်ပဲ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
စွန်လွှတ်သူကြီးရေ့ အတိုးအလျှော့ ရစ်ဘီးလေးကိုလုပ်နော့်း) ရှိသမျှအားတွေနဲ့ ပြန်ပြီးမျှားနေမယ် .... မျှားတာ ပြန်မိပါစေ။
မျှော်လင့်ချက်တွေ ရှိအုံးမှာပါ ကိုဆောင်းရေ။
ပြတ်ချင်သလောက် ပြတ်ပြီး
လွင့်ချင်သလောက် လွင့်စမ်းပါစေ
ရှိသမျှအားတွေနဲ့ ပြန်ပြီးမျှားနေမယ်…။
ဟုတ်တယ်။ ဒီစိတ်ဓါတ်မျိုး မွေးရမယ်။
ဟုတ်တယ်အစ်ကိုရေ ...
ကိုယ့်စွန်တော့ ကိုယ်ပြန်မျှားရမှာပဲဗျာ ....
ဟုတ်တယ်အကိုရေ။ အဲဒီ့မျှော်လင့်ချက်တွေနဲ့ဘဲ မျှော်လင့်ခြင်းတွေကို ပြန်မျှားနေရတာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဒီကဗျာလေး ခိုက်တယ်ဗျာ ။ ဂွတ်ပဲ ။
အစ်ကို ဒီကဗျာကြိုက်တယ်။ အားပါလို့။
Post a Comment