”ဒီည”
ဒီညလည်း..
အရင်ညတွေလိုပါပဲ
ဘာမှ သိပ်မထူးခြားပါဘူး
ထုံထိုင်းနေတဲ့ စိတ်တွေကို ခေါက်ခွေနေရရင်း
အိပ်ပျော်အောင် သီချင်းနားထောင်နေခဲ့ရ…
ကိုယ်က ခုန်ဆင်းမချပေမယ့်
အခြေအနေတွေက
ကုန်းအဆင်းမှာ ဘီးတပ်တပ်ပြီး
တွန်းချသလား အောက်မေ့ရတယ်
အဲဒီ..စိတ်
ခဏခဏ..အဖိတ်အစင်များလွန်းလို့
နှစ်ချို့အနာတွေကို အံကြိတ်ရင်းမြို
ခေါင်းရင်းက ရေဒီယိုကို ပိတ်ပစ်လိုက်ရင်း
ကိုလေးဖြူရဲ့ အလင်းရောင်သီချင်းနဲ့ ညကိုမီးမှိတ်လိုက်တယ်..။
Monday, March 30, 2009
Posted by ဆောင်းယွန်းလ at 8:08 PM
Subscribe to:
Post Comments (Atom)
12 comments:
အကိုရေ
တစ်ခါတစ်ခါ ဘ၀ကို အမှောင်ပိတ်ရင်း ဂျောင်(ချောင်)တစ်ဂျောင်မှာဘဲ အိပ်နေချင်မိတော့တယ်
ရုန်းကန်ဖြတ်သန်းရတဲ့ ညတာတွေလည်းရှည်ကြာလွန်းပြီ
ခွန်အားတွေလည်း ကုန်လုပြီ။ ဒီညလည်း အလင်းရောင်သီချင်းနဲ့ဘဲ ညမီးကိုမှိတ်လိုက်မယ် အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ထုံးစံအတိုင်း
နင့်နင့်နဲနဲ ထိရှစေတဲ့
ကဗျာတစ်ပုဒ်ပါပဲအစ်ကိုရေ
ထုံထိုင်းနေတဲ့ စိတ်တွေကို ခေါက်ခွေနေရရင်း
အိပ်ပျော်အောင် သီချင်းနားထောင်နေခဲ့ရ…
အဲဒီ..စိတ်
ခဏခဏ..အဖိတ်အစင်များလွန်းလို့
နှစ်ချို့အနာတွေကို အံကြိတ်ရင်းမြို
ခေါင်းရင်းက ရေဒီယိုကို ပိတ်ပစ်လိုက်ရင်း
ကိုလေးဖြူရဲ့ အလင်းရောင်သီချင်းနဲ့ ညကိုမီးမှိတ်လိုက်တယ်..။
နှစ်ခြိုက်စွာ ခံစားသွားပါတယ် ကဗျာဆရာရေ..။
ပြန်လာပြီလား.......
ကျန်းမာပါစေ...
စိတ်ရောလူပါ...
အနာဂါတ်များစွာတွက်...
ကဗျာဆေးတစ်ခွက်တော့ပေးရဦးမယ်လေ..
ဒီလိုညတွေ အမန်ြဆုံး လွန်မြောက်ပါစေ ကိုဆောင်းယွန်းရေ
ကဗျာလေး ကခံစားချက်တွေ နဲ့ အသက်ဝင် လို့
ထုံထိုင်းနေတဲ့ စိတ်တွေ အမြန်လန်းပါစေ အစ်ကိုကြီးရေ့ ။
သားလေးက လူချောလေးပဲး-)
ဒို့အစ်ကိုရေ..
း)
“ခဏခဏ..အဖိတ်အစင်များလွန်းလို့
နှစ်ချို့အနာတွေကို အံကြိတ်ရင်းမြို”
အရမ်းခိုက်သွားတယ် ဒီအသုံးလေး..။
နားပြီးသွားပြီလား..။
ပြန်ဝင်လာတာ မင်္ဂလာပါအစ်ကို..။
အဲဒီ..စိတ်
ခဏခဏ..အဖိတ်အစင်များလွန်းလို့
အစ်ကိုရေ....
စိတ်တွေကို ဆေးကြောလျှော်ဖွတ်ဖို့က လိုနေပြီ..
.........................
ဝမ်းမြောက်ဝမ်းသာစွာ
ပြန်လာတာဆို လာကြိုပါတယ် အကိုရေ၊ ကိုလေးဖြူရဲ့ အလင်းရောင် နဲ့ မီးမှိတ်တာ ကောင်းတယ် အကို
အရင်ညတွေလိုပါပဲ
ဘာမှ သိပ်မထူးခြားပါဘူး
ထုံထိုင်းနေတဲ့ စိတ်တွေကို ခေါက်ခွေနေရရင်း
အိပ်ပျော်အောင် သီချင်းနားထောင်နေခဲ့ရ…
တူနေပြီ ကိုဆောင်းရေ...။
လာဖတ်သွားတယ်။
Post a Comment