Tuesday, March 24, 2009

”စိတ်တွေအလုပ်မလုပ်နိုင်လို့ ယာယီခွင့်ယူထားခြင်း”
အကြောင်းကြောင်းသော အခြေအနေတွေနဲ့ လေးလံထိုင်းမှိုင်းနေတဲ့ စိတ်တွေကြောင့်
ဘလော့ပေါ်မှာ ကဗျာရေးခြင်းသမှုကို ရက်အကန့်အသတ်မရှိ ခေတ္တရပ်နားခြင်းပြုထားပါတယ်။
ချစ်ခင်ရင်းနှီးရတဲ့ ဘလော်ဂါ ညီအကိုမောင်နှမတွေရဲ့ ဘလော့တွေပေါ်မှာ စာတွေကဗျာ
တွေလာမဖတ်နိုင်သေးတဲ့ အချိန်ကာလတချို့အတွက်ကိုလည်း ဒီပို့စ်လေးနဲ့အတူ တောင်း
ပန်ပါရစေ။ ကျနော့်ရဲ့ စိတ်တွေကို ကောင်းမွန်စွာ အလုပ်ပေးနိုင်တဲ့ တနေ့မှာ ဘလော့ပေါ်မှာ
ကဗျာတွေပြန်ရေးမှာဖြစ်ပြီး ချစ်တဲ့ မိတ်ဆွေဘလော်ဂါညီအကိုမောင်နှမတွေဆီကိုလည်း
အရင်လိုပဲ ဝင်ထွက်လည်ပတ်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ချစ်ခြင်းများစွာဖြင့်….
ဆောင်းယွန်းလ

20 comments:

ATN said...

နားနားပြီး ဘလော့ပေါ့ ညီရာ...
Everyboody needs a break!!!

Anonymous said...

အစ်ကိုရေ့..စိတ်တွေ မောနေတယ်ထင်တယ် နားလိုက်ပါ အေးအေးဆေးဆေးဖြစ်မှ ပြန်ရေးပေါ့ ညီဆို ခဏခဏကိုဖြစ်နေတာ ။ ဒီလိုပဲ တစ်ခါခါဆို ဒီလ ငါစိတ်ညစ်ရမယ့်ရက်ရောက်ပြီလို့ကိုယ့်ကိုယ်ကို သိနေကော ။ေ နကောင်းအောင်နေပါ အစ်ကိုရေ့ အဲ့တာလေးပဲ မှာချင်တယ် အဆင်မပြေတာတွေ ထိုင်းမှိုင်းနေတဲ့ စိတ်တွေ အမြန်ပြန်လည် လန်းဆန်းလာပါစေလို့ ဆုတောင်းပေးနေတယ်


လေးစာလျှက်
ညီမောင်မျိုး

အိုင်လွယ်ပန် said...

ခဏတော့ နားပေါ့အစ်ကိုရာ ...

အင်သစ်အားသစ်တွေနဲ့ ပြန်လာမယ့်ကဗျာတွေကို

မျှော်နေပါ့မယ် ........

ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးယွန်းရေ....

နား နား နားနားပြီး ဘလော့ဂင်းကွယ်...
(မျိုးကြီး သီချင်းလို ဖတ်ရန်)

ဒါပေမဲ့ မြန်မြန်ပြန်လာနော်..
သိပ်မကြာနဲ့... ဟီးးး
(သူများအခွင့်အရေးကို ဝင်တားမြစ်၏)

မြန်မြန်ပြန်လာနော်.. :P

Nyein Chan Aung said...

ပြီးခဲ့တဲ့ ၂လ ၃လ အတွင်းမှာ ကိုဆောင်း ကဗျာတော်တော် ရေးဖြစ်ခဲ့တာပဲ။ နားလိုက်ပါဦးဗျာ။

ကြာကြာတော့ နားနိုင်မယ်မထင်ဘူး။ ၀ါသနာက တားလို့ မရဘူးဗျာ။ အချိန်ကုန်တာတော့ အမှန်ပဲ။ အဲဒါကြောင့် ကျနော်လည်း ဆက်ပြီး မဘလောဒ့်တော့ဘူးလို့တောင် စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ပါလာခဲ့တဲ့ ကဗျာရေးတဲ့ ၀ါသနာကိုတော့ မတွန်းလှန်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဆက်ဘလောဒ့်ဖြစ်နေတာ။

ခင်မင်စွာဖြင့်..

လင်းဒီပ said...

ကိုအောင်သာငယ် ပြောသလိုပဲ..
နားနားပြီး..ဘလောဂ့်ပေါ့ အစ်ကိုရာ..
ကျွန်တော်လည်း မောလိုက် နားလိုက် ဘလောဂ့်လိုက်ပဲ..
ပျော်ရွှင်ပါစေ..။

Anonymous said...

စိတ်တွေအလုပ်လုပ်နိုင်မဲ့နေ့ကိုစောင့်ဆိုင်းနေပါ
တယ်...ပျော်ရွင်ပါစေ အကိုရေ....။

Anonymous said...

အစ်ကို အကြာကြီးမနားနဲ့နော်။ လွမ်းနေမယ့် မောင်နှမတွေရှိနေတယ်လေ။ စိတ်တွေလည်း အမြန်ဆုံးပျော်ရွှင်ပါစေ။

MANORHARY said...

မကြာဘူးလို့မျှော်လင့်ပါတယ်။

ကောင်းကင်ပြာ said...

နားပါ အကိုရေ၊ စောင့်မျှော်နေမယ်

Anonymous said...

အစ်ကိုရေ....

နေရောကောင်းရဲ့လား...
လက်၇ှိမှာဖြစ်နေတဲ့ စိတ်အခြေအနေတွေက
မရိုးမစွဲတွေပဲ..ဖြစ်နေမှာပါ..
ကိုယ်ချင်းစာပါတယ်..အစ်ကိုရာ..
စိတ်တွေ..
မြန်မြန်...အေးချမ်းသာယာနိုင်ပါစေ.....

မမသီရိ said...

စိတ်အမောတွေ မြန်မြန်ပြေပျောက်ပါစေ ကိုဆောင်းယွန်းရေ..

မမသီရိ said...

could you please add ma.lay751@gmail.com
thanks
have a great time there!

ကိုအောင် said...

ကိုဆောင်းရေ တအားပင်ပန်းနေရင်၊ တပတ်လောက်ဖြစ်
ဖြစ် နားပါ၊ အကြာကြီးတော့ ပျောက်မသွားနဲ့အုံး အကို။
မျှော်နေမယ်။

Unknown said...

သဘောပေါက်တယ်..။ အားတွေမွေးနေတာ..။ ရင်ဘတ်ထဲ က, ကဗျာမီးတောင် ပေါက်ကွဲပြီး အပြင်းစား စကားလုံး ချော်ရည်တွေ ထွက်ကျလာမယ့်နေ့ကို စောင့်နေမယ်..။

Moe Cho Thinn said...

အစစ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ကိုဆောင်းရေ..
စိတ်ကြည်လာရင် သူ့အလိုလို စာရေး ကဗျာရေးချင်စိတ် ပေါ်လာပါလိမ့်မယ်။ ရေးချင်တဲ့ အချိန်မှာ ရေးပြီး၊ မရေးချင်တဲ့ အချိန်မှာ မရေးတာ အကောင်းဆုံး။ တာဝန်တခုလို စာရေးတာကို သဘောမထားပါနဲ့။ ကိုယ်စိတ်သာသလိုသာ နေပါလေ။ အဆင်ပြေဖို့ ဆုတောင်းပါတယ်..

Moe Myint Tane said...

အကိုရေ

အမြန်ဆုံး ပြန်လည်လန်းဆန်းပါစေလို့ ဆုတောင်းပေးနေပါတယ် အကို။ အကို့ကဗျာတွေကို မျှော်နေမယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ကိုဆောင်းရေ
စိတ်ရောလူရော အနားယူလိုက်ပါ၊ အေးအေးဆေးဆေးဖြစ်မှ ပြန်ရေးပေါ့၊ စိတ်ကျမ်းမာမှ လူကျမ်းမာမယ်၊ ကျမ်းမာရေးလေးလည်း ဂရုစိုက်ပါ၊

pandora said...

အဲဒီလို ခဏနားပြီးမှ ပြန်ထွက်ကျလာတဲ့ အနုပညာတွေက ပိုအားကောင်းတတ်တယ်လေ
စောင့်နေမယ်ဗျို့

ကလူသစ် said...

အေးဆေးပေါ့ဗျာ :)