Sunday, June 14, 2009

”ဟိုင်းဝေးလမ်းမပေါ်ကရလာတဲ့ ရသ”
နားထဲ
ဝါးလုံးကွဲစီးဆင်းတဲ့
ပျစ်ခဲခဲအစိုင်အခဲတွေက
ဘတ်စ်ကားစီးပြီးရပ်တည်နေရတဲ့
ရှင်သန်နေထိုင်မှုတခုထက်
ပိုပြီးကျပ်ခဲလောင်မြိုက်နေရ…

မျက်စိရှေ့မှောက်
ခြေချော်ခေါက်ရက်လဲတဲ့
နောက်ကျိဖောက်ပြန် ပုံသဏ္ဍာန်တွေက
အော်စကာရှစ်ဆုရဇာတ်ကားလို
ဝက်ဝက်ကွဲအောင် ရုံလျှံကျ…

ပါးစပ်ထဲ
မရဲတရဲလှမ်းဝင်သွားတဲ့
မနက်စာထမင်းကြမ်းတခဲရဲ့ ရှင်သန်မှုမှာ
ရသကဗျာတပုဒ်ပဲပါသွားအောင်
မျက်စိကို ခလုတ်ပိတ်
နားကို ဟိမဝန္တာရိပ်ထဲပစ်ချထားလိုက်တယ်….

အဝေးက ညီမလေးရေ
အဖေနဲ့အမေ့ကိုသာ ဂရုစိုက်
မိုက်မိုက်မဲမဲအကို့ဘဝအတွက်တော့
မျက်ရည်မဝဲမိစေနဲ့ပေါ့ကွယ်……….။

9 comments:

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် ကိုဆောင်း၊ အားပေးလျက်ပါ။

အိုင်လွယ်ပန် said...

ယုံကြည်ချက်ဆိုတာ မိုက်မဲမှုတစ်ခုဆိုရင်တောင်
ဖက်တွယ်ထားတဲ့ ကိုယ့်လက်တွေအတွက်
ကိုယ့်မိုက်မဲမှု ကိုယ်လိပ်ပြာသန့် မိမှာပဲ အစ်ကို .....
ကဗျာထဲမှာ စီးမြောရင်း ...........

မိုးစက်အိမ် said...

မိုက်မဲမှုထက် ကိုယုံကြည်ရာပေါ. အကိုရာ...
ကဗျာကောင်းသလို အရာရာလဲ အဆင်ပြေ
ပါစေခင်ဗျာ...

mgngal said...

ရသ တခု အမိအရ တွေ့ လိုက်ရတယ် ။

MANORHARY said...

မျက်စိရှေ့မှောက်
ခြေချော်ခေါက်ရက်လဲတဲ့
နောက်ကျိဖောက်ပြန် ပုံသဏ္ဍာန်တွေက
အော်စကာရှစ်ဆုရဇာတ်ကားလို
ဝက်ဝက်ကွဲအောင် ရုံလျှံကျ…
..................
........................
ဒါ သဘာဝစစ်စစ်ပေါ့..............

မယ့်ကိုး said...

မရဲတရဲလှမ်းဝင်သွားတဲ့
မနက်စာထမင်းကြမ်းတခဲရဲ့ ရှင်သန်မှုမှာ
ရသကဗျာတပုဒ်ပဲပါသွားအောင်

အစ်ကို့ ကဗျာတိုင်းက ရသ အမြဲပေးပါတယ်။
ခုကဗျာလေးလည်း ရင်ထဲကို ထုံးစံအတိုင်းရောက်ပါတယ်။

လင်းဒီပ said...

အဝေးက ညီမလေးရေ
အဖေနဲ့အမေ့ကိုသာ ဂရုစိုက်
မိုက်မိုက်မဲမဲအကို့ဘဝအတွက်တော့
မျက်ရည်မဝဲမိစေနဲ့ပေါ့ကွယ်……….။

အဲဒီစာသားလေးက ကျွန်တော်ပြောချင်တဲ့စကားပါဘဲ

အိန္ဒြာ said...

အဝေးက ညီမလေးရေ
အဖေနဲ့အမေ့ကိုသာ ဂရုစိုက်
မိုက်မိုက်မဲမဲအကို့ဘဝအတွက်တော့
မျက်ရည်မဝဲမိစေနဲ့ပေါ့ကွယ်……….။

ဖြတ်ရိုက်ချသလို ယိုင်ဆင်းသွားခဲ့တယ်..
ကိုယ့်ကိုပြောလိုက်သလိုပဲ...

အကိုရေ...

မျက်ရည်မ၀ဲ ဘဲ ဘယ်လိုအသည်းနဲ့တောင့်ခံကြရပါ့..

စိတ်စမ်းရေ said...

အဝေးက ညီမလေးရေ
အဖေနဲ့အမေ့ကိုသာ ဂရုစိုက်
မိုက်မိုက်မဲမဲအကို့ဘဝအတွက်တော့
မျက်ရည်မဝဲမိစေနဲ့ပေါ့ကွယ်……….။

ဘဝတွေက အတူတူပဲ အကိုရေ....။