Sunday, July 12, 2009

”ခေတ်ပေါ်ဝေါဟာရတခုပေါ်မှာ သတ်ပုံကျကွဲခြင်း”

ဆုံးရှုံးခဲ့ရသလောက် ပြန်မရနိုင်ခဲ့ရင်တောင်
ရရှိခဲ့သလောက်ကိုတော့ ထပ်မဆုံးရှုံးစေချင်တော့ဘူး…

သွားတော့မယ်လို့ နှုတ်ဆက်ခွင့်မရခဲ့သလို
ပြန်လာမယ်လို့လည်း ပြောပိုင်ခွင့်မရှိသေးပြန်တဲ့အခါ
ရေငုံနှုတ်ပိတ် ”မိသားစု”ဆိုတဲ့ဆိုင်းဘုတ်ကို မီးမှိတ်နေခဲ့ရ….

လူက ကမ္ဘာတခြမ်းမှာမှောင်နေခဲ့ရသလို
စိတ်က ကမ္ဘာတဘက်ခြမ်းမှာနေထပ်ဝင်ခဲ့ရတဲ့အခါ
ဘယ်သူ့ကိုမုန်းရမှန်းမသိခင် ကိုယ့်ကိုယ်ကိုပြန်မုန်းချင်လာမိခဲ့ရ…..

နောက်ကျောကိုအရိပ်လိုမိုးထားတဲ့ ကံကြမ္မာကိုထမ်းပိုးလို့
စိတ်နဲ့ကိုယ် တမိုးတည်းအောက်မပေါင်းနိုင်သေးသမျှ
သေရာပါအောင်ရထားတဲ့ ဒဏ်ရာတွေက
ဘယ်လိုမှချိုမြနိုင်မှာမဟုတ်သေးဘူးဆိုတာ
သူလိုကိုယ်လိုလူ အားလုံးအသိဆုံး
လူမှုရေးတွေဆုံးရှုံးနေခဲ့ရတဲ့ ခေတ်အခါပေါ်မှာလူးလွန့်ရင်း
မျက်ရည်တွေသာ ဝါယာကြိုးတွေပေါ်ကဖြတ်ပြီးစီးဆင်း
ကွေကွဲခြင်းဆိုတဲ့အသုံးကို ခေတ်ပေါ်စကားလုံးလို့ပဲမှတ်ယူထားလိုက်မိတော့ရဲ့…..

ဒီလိုနဲ့..
အကြောင်းတရားမညီညွတ်တဲ့ ဥတုသုံးပါးထဲမှာ
ကလေးငိုသံ တေးဆိုသံတွေနဲ့လုံးထွေး
ကမ်းပါးပြိုသံ မယားငိုသံတွေနဲ့လုံးထွေး
အမှန်တရားတွေနဲ့ တဖြေးဖြေးဝေးလာခဲ့ရချိန်
အမှားတွေ လူလုံးလှလို့ထမင်းမြိန်နေကြ
ငါ့ကိုအိမ်ပြန်ပို့မယ့်ညကတော့ သတ်ပုံကျကွဲသွားရပေါ့။

7 comments:

မိုးစက်အိမ် said...

အစ်ကိုက စကားလုံးတွေ သုံးတာ
ကောင်းသလို ခံစားချင်လည်းပြင်း
တယ်ဗျာ...သတ်ပုံတွေ တော.
ကျမကွဲစေနဲ.နော် ဆရာမတုတ်
နဲ. ရိုက်လိမ်.မယ် :P ကဗျာလေး
ကောင်းတယ် အကိုရေ ... အားပေးနေတယ်ခင်ဗျ

မမသီရိ said...

ကောင်းလိုက်တဲ့ကဗျာလေး ကိုဆောင်ယွန်း
ကောင်းလိုက်တာ လို့ ပဲ ပြောတော့မယ်

Nge Naing said...

အရင်ကနဲ့စာရင်တော့ ကဗျာတွေကို ဖတ်ပြီး နည်းနည်းပိုနားလည်လာသလိုပဲ။ အရင်ကဆို ဘာမှကို နားမလည်ဘူး၊ အခုတော့ စာပေကို နည်းနည်း ပိုအရသာခံလို့ တတ်လာပြီ ဆိုရလိမ့်မယ်။

Mhu Darye said...

သတ်မှတ်မှားတဲ့ ည သီချင်းလေးကို သွားသတိရမိတယ်..ဘာမှတော့ ဆိုင်ပါဘူး..ဒါနဲ့ ကဗျာကို ခံစားချက်အစစ်တွေနဲ့ ရေးဖွဲ့ထားမှန်းသိလို့ ကောင်းတယ်မပြောခဲ့တော့ဘူး အားနာတယ်..။
း)

အိုင်လွယ်ပန် said...

အစ်ကိုရေ
ကဗျာလေးက ကြေကြေကွဲကွဲ ..

Nyein Chan Aung said...

ကဗျာဆရာနဲ့ ထပ်တူထပ်မျှ..

ကောင်းကင်ပြာ said...

မိသားစု ဆိုင်းဘုတ်ကို မီးမှိတ်ပြီး ကိုယ့်ကိုယ်ကို မုန်းနေခဲ့တာ ကြာပီ အကိုရေ