“ဘာရယ်မဟုတ်ဘူး မူးမူးနဲ့ဆေးလိပ်ကလေးဖွာ”
မနေ့တနေ့ကလိုပဲ
သွားသွားလာလာ လှုပ်လှုပ်ရှားရှား မနေ့တနေ့ကနဲ့မတူ ပူပူဆူဆူ
လူလူသူသူမဖြစ်နိုင်သေးတဲ့ ဘဝ နှစ်လုံးတည်းနဲ့ ကပ်ရှုပ် ဇာတ်ရုပ်ပီပြင်လာတဲ့
အခန်းမှာ အလွမ်းဟာ အပန်းဖြေချိန်ကိုလည်း အနားမပေး နားအေးပါးအေးနေချင်လို့
ကွန်ရက်ထဲဝင်ရင် ကိုယ့်စွန်ကိုယ်ပြန်မျှားနေရရင်းနဲ့ တော်သလင်းတွေဖြစ်လိုက်
သီတင်းကျွတ်မီးထွန်းလိုက်နဲ့ ကြိုက်တဲ့ဝေါဟာရတချို့ကို စိတ်ထဲ
ငွေစက္ကူတွေသိမ်းကြုံးထည့်သလို လျှင်လျှင်မြန်မြန် အိမ်အပြန်လမ်းတွေ
ကျဉ်းမြောင်းလာတာ ကမ္ဘာကြီးကျဉ်းမြောင်းလာလို့လား စဉ်းစားမှုဟာ တခါတခါ
တွေးခေါ်မှုအိပ်ရာပေါ်မှာ စိတ်နာနေရသလို ငိုသံတွေကြားတိုင်း ထကြည့်တတ်တဲ့ဗီဇက
ဂျီကျတတ်လွန်းလို့ မြို့နဲ့ဝေးဝေး တောအုပ်ကလေးထဲမှာ တယောက်တည်း
ပေါက်ကွဲလျှောက်ဆဲ ငရဲဆိုတာဂျိုနဲ့လား ဂျိုကာတချပ်မှမပါပဲ မိုးလင်းသွားတဲ့
ဖဲဝိုင်းထဲမှာ ဘေးထိုင်ဘိုင်ကျဘုပြော တရားသဘောကို နားလည်သဘောပေါက်တဲ့အခါ
အလှဆိုတာ ဟိုဘက်တလမ်းကျော်က အမြရဲ့အမ ပေါက်ပေါက်ရှာရှာ
ကိုယ့်ထွက်ပေါက်ကိုယ်ရှာနေသူက လမ်းပြတယ်ဆိုတော့ ရယ်စရာမကောင်းတဲ့ ဟာသကားကို
ကလိအမျိုးမျိုးထိုး ခိုးရယ်နေရသလိုပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့သွား
ပေါ့ပေါ့စားတာတောင် သွေးက နထင်ကိုတက်တက်ဆောင့် ထောင့်မှန်မကျတဲ့ အနားတွေကို
ဆေးပြာပြာဆိုးပြီး ကိုယ့်အရိုးကိုယ်ပြန်ထမ်း တလမ်းသွား လမ်းကြားမှာ
မျဉ်းကြားကိုလိုက်ရှာနေတော့ ကတုံးခေါင်း သန်းရှာနေသလိုမျိုး
သူခိုးပုလိပ်ပြေးတမ်းကစားတဲ့ ကလေးဘဝ ဟိုးအနှစ်၃၀ကာလမှာ ကျကျန်ခဲ့တာ
ပြန်ကောက်လို့ရရင် အသက်ရှင်ရကျိုးနပ်မှာပဲ ဆံပင်ဆိုးဆေးတွေကလည်း
ဈေးကြီးတယ် ဘေးတီးနေတဲ့ သခါင်္ရက သချာင်္ကောင်းကောင်းမတွက်တတ်ဘူး
လာချင်ရင်နီးနီးကလေး ဝေးချင်ရင်သာဝေးနေတာ ရောဂါဘယရဲ့
သြဝါဒခံယူဖို့အတွက်သက်သက် လူဖြစ်လာတာဆိုတော့ ဘာရယ်မဟုတ်ဘူး
မူးမူးနဲ့ဆေးလိပ်ကလေးဖွာ ဗဒင်ရဲ့ သိုးမည်းဟောင်းတွေအကြောင်း နားထောင်ရင်း
ဘုရားတရားနဲ့ချစ်ခြင်းဖွဲ့ ကိုယ့်ဘဝကိုယ်သဲ့ယူနေရတယ်……။
Tuesday, January 31, 2012
Posted by ဆောင်းယွန်းလ at 3:09 PM
Subscribe to:
Post Comments (Atom)
1 comment:
မိုက်တယ်ဗျ.. ကိုဆောင်းယွန်းလ... ဒါမျိုးဆို ရပ်သီချင်းတွေ ရေလည်ရေးလို့ရပြီ... :D..
ခင်မင်လျက်
နေ၀သန်
Post a Comment