"သက်ငြိမ်"
ကိုယ့်အထင်နဲ့ ကိုယ်မှာ
ကိုယ့်ကုတင်က
ခြေတချောင်းပြတ်....
ရွှေနန်းထက်ရောက်ဖို့ ထက်
သေပန်းမပျက်ဖို့ ကိုပဲ စိတ်ဝင်စားမိတယ်....
မှန်ကိုကြည့်ရင်း
ရေပြင်ကိုငေးရင်း
ကိုယ့်အတွေးကိုယ်ကြည့်ငေးရင်း
ဖြေးဖြေးချင်းဆွဲမိတဲ့ ကောက်ချက်မှာ
ကြောက်မက်စရာ က်ြခြေခတ်တွေကပြည့်လို့ ..
နေ့ ဖို့ ချန်ထားတဲ့ ညစာမှာ
အသားပါမလား ငါးပါမလား
တရားပါမလား ဓါးပါမလား
အမှားပါမလား မြားပါမလား....
မျှားနေတဲ့ အိပ်မက်ထဲမှာ
စံပယ်ပန်းတွေ ပွင့်ချိန်တန်လှပေါ့....
ခေါင်းတမော့်မော့်နဲ့ 
လူတွေ လူတွေလို့ ကြွေးကြော်လိုက်တိုင်း
ကိုယ်ဘာကောင်လဲလို့  တွေးခေါ်မိတတ်ပြီ....
လူဟာ
လူသာမို့ 
လူလို့ 
ပီပီသသ
တလုံးတည်းရေးချချင်ပါတယ်.......
Monday, August 24, 2015
Posted by ဆောင်းယွန်းလ at 7:13 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment