Wednesday, February 24, 2016

“အဝေးက..နှင်း”

ဝေရုံလေး ဝေနေရုံနဲ့တင်
နှင်းဖြစ်မတဲ့လား
 အလင်းဖြစ်ခဲ့သလား….

 တစက်ချင်းကြွေမယ့်
နှင်းတွေအောက်
 သံသယမဲ့ လမ်းလျှောက်ချင်တယ်…

အခုထိတော့
စစ်ကြွင်းစစ်ကျန်တချို့နဲ့
မပျော်တဲ့မြို့ဟာ
ဝမ်းတထွာရေးအတွက်
အပျော်ကြံခံနေရတုန်းပဲ….

အဝေးက လွမ်းနေရသူရင်ထဲ
အဝေးက..ကြွေမယ့်နှင်းကိုသာ
တသသနဲ့ မျှော်လေတိုင်း
မှိုင်းရီလို့…။

ဆောင်းယွန်းလ

No comments: