Saturday, October 1, 2016

“နိုင်ငံမပိုင်တဲ့ ကမ္ဘာသူ/သားများနဲ့ အမေးအဖြေ”


“နိုင်ငံမပိုင်တဲ့ ကမ္ဘာသူ/သားများနဲ့ အမေးအဖြေ”


တချို့က
သူတို့ ပိုင်ဆိုင်မှုအကြောင်း
သေနတ်မောင်းတင်ပြီး ပြောနေကြချိန်မှာ
ငါတို့က
ငါတို့ ဆုံးရှုံးမှုအကြောင်းကို
သွေးအိုင်ထဲက
ဖိနပ်ပြတ်အဟောင်းလေးကိုင်ပြီး ပြောနေခဲ့ရတယ်။

ငါတို့ ပြောချင်တဲ့
ပိုင်ဆိုင်မှုအကြောင်းကို ပြောရရင်
ငါတို့ ချစ်တဲ့ကမ္ဘာကို ငါတို့ ပိုင်ခဲ့ပါတယ်။

အဖိုးမဖြတ်နိုင်တဲ့
ငါတို့ နှလုံးသားကိုယ်စီနဲ့ ရင်းလို့။

ငါတို့ မပြောချင်တဲ့
ဆုံးရှုံးမှုအကြောင်းကို ပြောရရင်
ငါတို့ မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးခဲ့ရဖူးတယ်။

ငါတို့ ချစ်တဲ့တိုင်းပြည်တပြည်လုံးနဲ့ ရင်းလို့ပေါ့…။

ဆောင်းယွန်းလ (အောက်တိုဘာ ၁ရက်၊ ၂၀၁၆)

No comments: