အာရုံသူခိုးဧ။် ဘာသာဗေဒများကိုဆန်းစစ်ကြည့်ခြင်း
အာရုံသူခိုးဟာ
ပန်းပျိုးလက်ကိုရိုက်ချိုး
ပန်းသီလက်ကိုလည်းဓားမိုးလို့
နာမတွေကိုဝတ်ရုံတထည်လိုလွှမ်းခြုံရစ်ပတ်ရင်း
ရိုးသားမှုတွေကို ဓနတွေထဲမှာမီးလှုံပစ်တတ်ကြတယ်
အာရုံသူခိုးဟာ
မျိုးဆက်များစွာကို
ပေါင်မုန့်တလုံးလိုမြိန်ရေယှက်ရေစားသုံးရင်း
လူသားဆိုင်ရာအရင်းအမြစ်တွေကို အတ္တဝတ်စုံချုပ်
ဘောဂဗေဒကိန်းတွေကို ဖုတ်တကောင်လိုသွေးစုပ်ရင်း
အာဏာစက်ကွင်းကို လက်နက်နဲ့ချဲ့ထွင်ခဲ့ကြတယ်
အာရုံသူခိုးဟာ
သာသနာအရေခြုံရင်း
သာသနာပြန့်ပွားခြင်းကို ကြမ်းခင်းမှာနင်းခြေ
ပဋိဥာဉ်စာတမ်းတွေကို လစ်လျူရှု
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာမွေ့လျော်
ကမ္ဘာကျော် မုသာဝါဒစာတမ်းကို
ကုလသမဂ္ဂမှာ အလွတ်ဖတ်သည်အထိ အရှက်မရှိကြ…
အာရုံသူခိုးဟာ
ကမ္ဘာကျော်စာပေတွေကို
လိင်မှုဆိုင်ရာထကြွမှုတွေနဲ့အစားထိုးရင်း
လူ့အရည်အသွေးတွေနိမ့်ကျအောင်ဖန်တီး
စံနစ်တကျဖျက်ဆီးဖို့ စမ်းသပ်ကွင်းတခုကိုပိုင်ထားသလိုမျိုးနဲ့
ကမ္ဘာ့အလယ်မှာ မျက်နှာပြောင်တိုက်
လူငယ်တွေကို….
ထကြွထုံထိုင်းမူးယစ်ဆေးတွေနဲ့လည်းမှိုင်းတိုက်တယ်…
ဒီလိုနဲ့ဘဲ….
ဦးနှောက်ရဲ့စေ့ဆော်မှုတွေထဲမှာ
ကျီးကန်းတကောင်
အရောင်ရှိခဲ့
အတောင်ပံနဲ့ငှက်
ဝေဟင်မှာပျော်မြူး
ငါးတွေကရေကူးကျင်လည်
ယုတ္တိဗေဒသဘောမှာ
ခြုံယူလိုက် ထုတ်ယူလိုက်နဲ့အငြင်းပွားနေရင်း
စီးကရက်တွေ မော်ဒန်ညနေခင်းကိုမီးမြှိုက်
ပေါလောပေါ်သွားတဲ့ အာခိမိဒိနိယာမတခုနဲ့အတူု…
အာရုံသူခိုးဟာ
သမိုင်းကို ချောင်ကွယ်မှာဝှက်
ပထဝီကို မူပိုင်တံဆိပ်ကပ်ရင်း
ဘောဂဗေဒကို မောင်ပိုင်စီး
သဘာဝပတ်ဝန်းကျင်ကိုတော့ စံနစ်တကျဖျက်ဆီးကြတယ်
အာရုံသူခိုးဟာ
ဖုံးမနိုင်ဖိမရ ချိန်ကိုက်ဗုံးတလုံးကိုဖင်ခုထိုင်
စံနစ်တကျ ပြိုကျချိန်ကို မျောက်မှိုင်မှိုင်လို့စောင့်မျှော်ရင်း
သေမင်းတံခါးဝမှာ ကြောက်လန့်တကြား
အခုဆို..
နေညိုချိန်တခုမှာ ဗျာများနေလေရဲ့
ဒီလိုနဲ့ဘဲ…
ယူကြုံးမရ တသမှုတွေထဲမှာ
ဘိုးဘွားပိုင်အမွေ
ကြွေကျခဲ့
မိဘနဲ့အိုးအိမ်
ရေတိမ်နစ်ခဲ့
နယူတန်ရဲ့ တတိယနိယာမသဘောတရား
သက်ရောက်မှုတိုင်းမှာရှိတဲ့ တန်ပြန်သက်ရောက်မှု
အပြင်းစားသီချင်းတွေအဖြစ်ပွင့်အန်
လေးဘက်နံရံတွေကိုဖောက်ထွက်သွားစေတဲ့အထိ….
ဆောင်းယွန်းလ
Sunday, January 20, 2008
Posted by
ဆောင်းယွန်းလ
at
9:11 AM
Subscribe to:
Post Comments (Atom)



4 comments:
အစ်ကိုရေ
တစ်ခါတစ်ရံကျတော့လဲ
ဘာမှမလုပ်နိုင်တဲ့ ဘ၀ကြီးကို စိတ်ကုန်မိတယ်
ကလေးအတွေးနဲ့ စူပါမင်းတောင်ဖြစ်ချင်တယ်
ပါဝါတွေ သိုင်းတွေနဲ့လေ မျက်စိထဲမတွေ့တဲ့သူတွေကို
ဆော်ပလော်တီးချင်တယ်
စကားလုံးတိုင်းက ဓားတစ်စင်းလိုပါပဲဗျာ။ ကဗျာအရမ်းကြိုက်တယ်အစ်ကို။
ဒီလိုနဲ့ဘဲ…
ယူကြုံးမရ တသမှုတွေထဲမှာ
ဘိုးဘွားပိုင်အမွေ
ကြွေကျခဲ့
မိဘနဲ့အိုးအိမ်
ရေတိမ်နစ်ခဲ့
နယူတန်ရဲ့ တတိယနိယာမသဘောတရား
သက်ရောက်မှုတိုင်းမှာရှိတဲ့ တန်ပြန်သက်ရောက်မှု
အပြင်းစားသီချင်းတွေအဖြစ်ပွင့်အန်
လေးဘက်နံရံတွေကိုဖောက်ထွက်သွားစေတဲ့အထိ….
ကဗျာကောင်းတယ်ဗျာကိုဆောင်း။ ကျနော်အလုပ်များနေလို့ ခုမှပဲ လာဖြစ်တယ်။
ပြောင်မြောက်ပါပေတယ် ကိုဆောင်း
Post a Comment