"မျိုးဆက်သစ်ပင်"
တော်လှန်တဲ့သွေးဟာနှလုံးသွေးအေးခဲသွားတဲ့အထိ
ရှင်သန်တတ်တဲ့ဗီဇရှိသလို
တော်လှန်တဲ့မျိုးဆက်ဟာလည်း
သူတို့ရဲ့အလံကိုလှဲလေ့မရှိဘူး
ပြတ်သားတဲ့ငြင်းဆန်မှုတွေက
ထုနဲ့ထည်နဲ့အပြည့်
နှစ်ထောင်ပေါင်းများစွာအထိဆွေးမြေ့မသွားနိုင်တဲ့
စိတ်ဓာတ်ရဲ့အင်အား
နှလုံးသားထဲမှာထာဝရရှင်သန်နေမှာသေချာတယ်…
ကြမ္မာငင်နေတဲ့ကောင်းကင်ကိုမြင်တိုင်းလည်း
စိတ်ဓာတ်မကျလေခဲ့
သူ့ရဲ့အကိုင်းအခက်တွေက ရှိလေသမျှအားနဲ့တိုးထွက်ကြတယ်
ရာသီဖောက်ပြန်မှုတွေကြုံတိုင်းလည်း
ဝမ်းမနည်းလေခဲ့
သူ့ရဲ့အသီးအပွင့်တွေက နေရာတကျအလှဆင်မြဲ
ခြောက်သွေ့တဲ့မြေကြီးကိုမြင်တိုင်းလည်း
မပျက်စီးလေခဲ့
သူ့ရဲ့ပင်စည်နဲ့အမြစ်တွေက ရှိလေသမျှအားနဲ့တိုးထွက်ကြတယ်….
သူဟာအလေ့ကျပေါက်ပင်တစ်ခုလိုဘဲ
ဘယ်သူပြုစုစုမပြုစု
သဘာဝကိုအံတုရင်းပေါက်ဖွား
မတရားမှုမှန်သမျှကိုဆန့်ကျင်
ရင်ထဲမှာရှင်သန်နေမယ့် ထာဝရသစ်ပင်တစ်ပင်ပေါ့…
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 months ago



3 comments:
သစ်ပင်တွေအကြောင်း ....
တောတောင်တွေအကြောင်း ...
မြစ်ချောင်းတွေအကြောင်း ...
ပင်လယ်ကြီးအကြောင်း ....
ပြီးတော့ မုန်တိုင်းကြီးအကြောင်း ...
ဟာ ဖတ်ကောင်းတယ်ဗျို့ ....
သူဟာအလေ့ကျပေါက်ပင်တစ်ခုလိုဘဲ
ဘယ်သူပြုစုစုမပြုစု
သဘာဝကိုအံတုရင်းပေါက်ဖွား
မတရားမှုမှန်သမျှကိုဆန့်ကျင်
ရင်ထဲမှာရှင်သန်နေမယ့် ထာဝရသစ်ပင်တစ်ပင်ပေါ့…
ကိုဆောင်းရေ...
နက်နက်ရှိုင်းရှိုင်းကို ခံစားရပါတယ်....
ရှင်သန်ရာ ဘ၀အချိန်တိုလေးအတွင်းမှာ...
တွဲလက်တွေ ညီနိုင်ကြပါစေလို့...
ကဗျာလေးကို ၃ခါတိတိ လေးနက်စွာ ဖတ်သွားသည်။
Post a Comment