လှေ
ကောင်မလေးရေ..
မင်းသာသမင်မလေးဆိုရင်
ငါဟာ အမဲတောကျွမ်းတဲ့
အမဲလိုက်ခွေးပေါ့….
ကောင်မလေးရေ..
မင်းက စည်းဝိုင်းထဲကမထွက်တော့
ငါလည်းရဟန်းယောင် ဆောင်ခဲ့ရတာပေါ့…
ကောင်မလေးရေ..
တထိုင်တည်းနဲ့ဘဝနှစ်ခုကိုပေါင်းစပ်ခဲ့ကြတူန်းက
”ကိုက သိပ်တေလေဆန်တာဘဲ”တဲ့
မင်းပြောခဲ့တယ်နော်….
ကောင်မလေးရေ..
မင်းကိုယ်ပေါ်ကငွေကြေးရနံ့
ခုထိအမှတ်ရတုန်း
မြတ်နိုးမှုချင်းမတူညီကြတဲ့အခါ
နားလည်မှုတွေဟာ စာမျက်နှာတွေပေါ်
ပြန်ပြီးနေရာကျသွားတဲ့အခါ
ငါလည်း ငါ့အကျင့်အတိုင်း…
ကောင်မလေးရေ…
ငါ့ရဲ့ ဆင်ခြင်တုံတရားတွေရဲ့အောက်မှာ
မင်းနာမည်ပေးထားတဲ့ ”အချစ်”လှေကလေး
စုန်းစုန်းမြုပ်ခဲ့ရပေါ့…..။ ( နေနေ)
ကဗျာချစ်သူညီအကိုမောင်နှမတွေအတွက် မကြာသေးခင်ကမှ အမေရိကန်နိုင်ငံကိုရောက်လာတဲ့ နို့ဘိုးဒုက္ခသည်စခန်းက ညီလေးနေနေရဲ့ကဗျာတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 months ago



No comments:
Post a Comment