”လှောင်ရယ်သံများ”
လေတိုက်တိုင်းလွင့်ပျံလာတတ်တဲ့
ငါ့ကိုလှောင်ရယ်လိုက်ကြတဲ့အသံတွေ
ကမ္ဘာမြေတုန်မတတ်ကျယ်လောင်သွားခဲ့ကြ…
ဟေ့ကောင်”ထထ”
တမလွန်ကဝိညာဉ်တွေကလည်း
ငါ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်နှိုး
ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေအတွက်
”မင်း”ဆေးတစ်လုံးထိုးဖို့လိုနေပြီတဲ့….
ဒီလိုနဲ့.ငါက
လရောင်ငတ်တဲ့
ကြယ်ရောင်မွတ်သိပ်တဲ့ညတွေမှာ
နေရောင်မဖိတ်တဲ့လမ်းတွေရဲ့နေ့တွေမှာ
ပရမတ္တကိုယုံကြည်စွာပွေ့ဖက်ရင်း
မြစ်တစ်စင်းပေါ်မှာကျင်လည်စွာကူးခတ်
လူတွေနဲ့ဝေးရာအရပ်မှာ
သေနတ်တစ်လက်နဲ့ဆေးထိုးအပ်တစ်ချောင်း
ကဗျာစာအုပ်ဟောင်းတွေကိုသာအဖော်ပြုတတ်လာခဲ့….
အထီးကျန်ခြင်းဟာ င့ါကမ္ဘာ
လွမ်းဆွတ်သတိရမှုတွေသာ ငါ့ပိုင်နက်
ဖက်ခွက်စားတစ်ယောက်သာသာဘဝနဲ့
ငါ့ရဲ့ချဉ်ခြင်းတပ်မှုတွေကိုရောင့်ရဲစေရင်း
အဟောင်းထည်တွေကိုခြုံထည်အဖြစ်ဝတ်ဆင်ရင်း
သေမင်းနဲ့စီးချင်းထိုးခဲ့ရတဲ့ ၁၀နှစ်ကျော်ကြာကာလတွေကိုလည်း
ရင်တဖိုဖိုနဲ့ မှတ်မိသတိရလွမ်းဆွတ်နေဆဲပါဘဲလေ…
ဒါပေမယ့်….
လှောင်ရယ်သံတွေက ရပ်တန့်မသွားကြသေးဘူး
ဟုတ်တယ်..
တမလွန်ကလှောင်ရယ်ပြုနေကြတဲ့ဝိညာဉ်တွေရဲ့အသံ
ကြိုးတန်းပေါ်မှာလမ်းလျှောက်နေသူတွေရဲ့လှောင်ရယ်သံ
ဆဲလ်ကျဉ်းကျဉ်းတွေထဲကသူတွေရဲ့လှောင်ရယ်သံ
မိုးမခတောထဲကခရာဆူးခြုံတောထဲကသူတွေရဲ့လှောင်ရယ်သံ
ငါ့နားနှစ်ဘက်ပေါ်မှာပြည့်နှက်လျှံကျ…
အရွေ့မရှိတဲ့သုညကိုမောင်းနှင်ခဲ့သူငါ့အတွက်
လှောင်ရယ်သံတွေက လတ်ဆတ်နေကြပါစေ
လှောင်ရယ်သံတွေက ချိုမြိန်နေကြပါစေ
င့ါကိုယ်ငါ တရံမလပ်သုံးသပ်နိုင်စေဖို့အတွက်
ခက်ဆစ်ဖွဲ့ထားတဲ့လှောင်ရယ်သံတွေကို
ဘာသာပြန်တတ်တဲ့နှလုံးနဲ့ထုံးမူရင်း
နေ့အပြင်းစားတွေကိုငါ.ဆက်လက်ရင်ဆိုင်နေဦးမှာပါ….
လှောင်ရယ်သံများ
ငါ့အား..ခွန်အားပေးကြစေ
လှောင်ရယ်သံများ
ငါ့အား..မောင်းနှင်ပေးကြစေ
တွေဝေတတ်တဲ့ ငါ့ရဲ့အိပ်မက်တွေ
လှောင်ရယ်သံတွေကြောင့် ပျက်သုဉ်းစေ….။
Sunday, October 26, 2008
Posted by
ဆောင်းယွန်းလ
at
10:11 AM
Subscribe to:
Post Comments (Atom)



4 comments:
လှောင်ရယ်သံများ
ငါ့အား..ခွန်အားပေးကြစေ
လှောင်ရယ်သံများ
ငါ့အား..မောင်းနှင်ပေးကြစေ
တွေဝေတတ်တဲ့ ငါ့ရဲ့အိပ်မက်တွေ
လှောင်ရယ်သံတွေကြောင့် ပျက်သုဉ်းစေ….။
ကဗျာကြိုက်တယ်ကိုဆောင်း..။ လှောင်ရယ်သံတွေကြားယောင်ရင်း ခွန်အားသစ်တွေ အမြဲမွေးမြူနိုင်ပါစေ...။
ကဗျာဖတ်ရတာ တစ်မျိုလေးပဲ အစ်ကို
ကြက်သီးတွေလဲ ထသွားတယ်။
ဘာရယ်ဆိုတာတော့ မပြောပြတတ်ဘူး။
ငါတို့ အစ်ကိုကြီး ကဗျာများစွာနဲ့ ခံစားချက်ကို ဆက်လက်ဖော်ထုတ်နိုင်ပါစေနော်။
လေတိုက်တိုင်းလွင့်ပျံလာတတ်တဲ့
ငါ့ကိုလှောင်ရယ်လိုက်ကြတဲ့အသံတွေ
ကမ္ဘာမြေတုန်မတတ်ကျယ်လောင်သွားခဲ့ကြ…
ဟေ့ကောင်”ထထ”
တမလွန်ကဝိညာဉ်တွေကလည်း
ငါ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်နှိုး
ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေအတွက်
”မင်း”ဆေးတစ်လုံးထိုးဖို့လိုနေပြီတဲ့….
ရင်ထဲကို ထိသွားတာပဲဗျာ။
လှောင်ရယ်သံတွေ ကြားလိုက် အိပ်မက်တွေက ဆတ်ခနဲ လန့်နိုးလိုက် သက်ပြင်းချလိုက်နဲ့ လုံးချာလည်နေသေးတယ် ကိုဆောင်းရေ
Post a Comment