”ရပိုင်ခွင့်နှင့်တာဝန်ယူမှု”
မကြာမကြာခင်ဗျားဆီကူညီဖို့လာတဲ့
ကျုပ်ဆိုတဲ့ဟောဒီကောင်ကို
ခင်ဗျားမို့မျက်နှာပြောင်တိုက်
ကျုပ်လာတိုင်းခင်ဗျားအိပ်ငိုက်ပြတယ်….
ခင်ဗျားဗျာ
ကျုပ်ကိုအားမနာတောင်အကြောင်းမဟုတ်ပါဘူး
ခင်ဗျားမယားနဲ့ခင်ဗျားရဲ့သားသမီးတွေကိုတော့
ခင်ဗျားရင်ဘတ်ကြီးနဲ့သနားဖို့ကောင်းတာပေါ့
ပြီးတော့.ခင်ဗျားနောက်ကျောမှာကပ်ထားတဲ့
ဒုက္ခသည်ဆိုတဲ့တံဆိပ်မဲကြီးကိုခွာချ
ကိုယ့်ဗလကိုယ်အားကိုးသင့်လှတာပေါ့…
အခုတော့ခင်ဗျားကတလွဲ
ခင်ဗျားဆံပင်တွေကဖရိုဖရဲ
ခင်ဗျားမျက်စိတွေကနီနီရဲရဲ
ခင်ဗျားဆီကျုပ်ရောက်လာတိုင်း
နေ့ခင်းကြောင်တောင်ကြီးခင်ဗျားအိပ်မက်လှိုင်းစီးနေတာ
နေ့ခင်းကြောင်တောင်ကြီးခင်ဗျားငိုက်မြည်းနေတာကိုဘဲတွေ့ရ
ခင်ဗျားဆီကျုပ်လာတိုင်း
ခင်ဗျားဘဝအတွက်ခင်ဗျားရှေ့ရေးအတွက်
ဘာဆိုဘာမှအဆင်သင့်ဖြစ်တာကိုမတွေ့ရ
ခင်ဗျားအတွက်.ကျုပ်ရင်မောလှတယ်…
ခင်ဗျားက….
ခင်ဗျားမှာမရှိတဲ့ဝေဒနာကိုဗန်းပြ
ခင်ဗျားအလုပ်မလုပ်လို့မရနိုင်သေးဘူးလို့ဆင်ခြေတွေပေး
ကျွေးသမျှစားပေးသမျှယူ
ကိုယ့်ကိုကိုယ်လဒူဖြစ်အောင်လုပ်နေတာလို့နှိုင်းရရင်
ပတ်ဝန်းကျင်ကကျုပ်ကိုသိပ်ရိုင်းတဲ့ကောင်လို့စွပ်စွဲချင်ကြမှာ
ခင်ဗျားရဲ့မပြေလည်မှုတွေအတွက်
သူတစ်ပါးနိုင်ငံမှာခင်ဗျားရဲ့တစ်သက်တာလုံး
လူမှုထောက်ပံ့ကြေးတွေနဲ့ခင်ဗျားအချိန်ဖြုန်းနေမှာလား
ဒီလိုဆိုရင်တော့.ခင်ဗျားဘဝနဲ့ချီပြီးမှားသွားလိမ့်မှာပေါ့…
ကျုပ်အတွက်ကတော့
နှင်းတွေသည်းနေလို့လမ်းတွေချော်နေတာဖြစ်ဖြစ်
ရာသီဥတုအေးလွန်းလို့ချမ်းခိုက်နေတာဖြစ်ဖြစ်
ဘာမှစိတ်ညစ်စရာမရှိပါဘူး
ဘာမှလည်းစာဖွဲ့လောက်စရာမရှိပါဘူး
ကျုပ်က..ဒီလိုဘဲနေ့စဉ်ကူးခတ်နေကျ
ကျုပ်ကခင်ဗျားလိုဒုက္ခသည်တွေကိုကူညီနေရတဲ့
ကေ့စ်ဝါးကားဘဝကိုမှလိုလိုချင်ချင်နဲ့မျြိချရင်း
တတိယနိုင်ငံမှာဒုတိယဝေဒနာနဲ့ကြီးပြင်းနေရသူမဟုတ်လား
ဒီတော့.ကျုပ်ကခင်ဗျားအခန်းတံခါးကိုခေါက်
ခင်ဗျားအခန်းပေါက်ဝမှာရပ်ရင်း ခင်ဗျားရဲ့လက်ကိုဆွဲလို့
ခင်ဗျားကိုလူသူကြားထဲရောက်ဖို့တွန်းပို့နေရတာပေါ့…
ခင်ဗျားစဉ်းစားဖို့ကျုပ်တစ်ခုပြောချင်တယ်
ကျုပ်ကမြန်မာပြည်သားမို့
ကျုပ်လည်းခင်ဗျားလိုဒုက္ခသည်ဆိုတဲ့တံဆိပ်ကိုကျောမှာကပ်
ဒီနေရာမှာမက်တပ်ရပ်ခဲ့ရတဲ့သူမို့
ခင်ဗျားဘဝကိုနားလည်တယ်လို့ဆိုပေမယ့်
ခင်ဗျားရဲ့ပျင်းရိမှု
ခင်ဗျားရဲ့အချောင်နှိုက်ချင်တဲ့စရိုက်
ခင်ဗျားရဲ့အပါးခိုလိုတဲ့စိတ်ဓာတ်တွေကိုနားလည်မပေးနိုင်သလို
ခင်ဗျားမြှောက်ထိုးပင့်စားတိုင်းလည်းတုန်လှုပ်မှာမဟုတ်ဘူး
ကျုပ်ကကိုယ့်အလုပ်ကိုယ်လုပ်တဲ့သူဖြစ်တဲ့အတွက်
ခင်ဗျားရဲ့အခြေခံကျတဲ့လိုအပ်ချက်ကိုကူညီပံ့ပိုးပေးမှာဖြစ်သလို
ခင်ဗျားကလည်းကျုပ်ကိုဆင်ခြေမဲမဲတွေပေးပြီးငိုမပြတတ်ဖို့လိုတယ်…။
Tuesday, December 16, 2008
Posted by
ဆောင်းယွန်းလ
at
8:05 PM
Subscribe to:
Post Comments (Atom)



5 comments:
အကိုဆောင်းယွန်း ... လဲနေသူကို ထူတော့ပေးလိုက်တာပဲ... ထူထူထောင်ထောင်ဖြစ်သွားပေမဲ့ .. ကိုယ့်အားကိုယ်ကိုးပြီးလမ်းဆက် မလျှောက်ချင်သူတွေလည်းရှိသေးတယ်။
ခက်တော့ခက်တယ် ဒီအကျင့်မျိုးရှိတာ အမျိုးသားရေးနဲ့ချီပြီးနစ်နာစေတယ်။
ရပိုင်ခွင့်နဲ့အခွင့်အရေးကိုမသိတတ်သူတွေ
တာဝန်ယူချင်စိတ်မရှိသူတွေလောကမှာ
အများကြီးပါ....
သူများကိုပြုပြင်ဖို့ကတော့ခက်မှာပေါ့...
ပြင်နိုင်တာကတော့ကိုယ့်ကိုယ်ကိုပဲမို့...
ဒီလိုလူတွေနဲ့ဝေးနိုင်သမျှဝေးအောင်နေတာကောင်း
ပါတယ်။
ရပိုင်ခွင့်နှင့် တာဝန်တွေကို လာခံစားပါတယ်
အကိုရေ ကောင်းတယ် အရမ်းပဲ။
Case Manager တစ်ယောက်ရဲ့ ကရုဏာဒေါသတွေပေါ့။ နားလည်ခံစားနိုင်ပါတယ်ဗျာ။ စုဖွဲ့ထားတဲ့ စကားလုံးတွေ အားကောင်းတယ်ဗျာ။
ဒီကဗျာလေးလည်း ကြိုက်တယ်ဗျာ။
Post a Comment