”ဒါပါဘဲ…”
လူသူအရောက်နည်းတဲ့
ငါ့တောအုပ်ထဲ
ဘယ်သူစတည်းချချင်ပါ့မလဲ…
တကယ်တော့
ငါက နေ့ပါးပါးညထူထူမှာ
ခရာဆူးချက်တွေနဲ့ငြိစွန်း
ကံခေလွန်းသူ..
ငါတည်ထားကိုးကွယ်တဲ့ဘုရား
မိမိကိုယ်ကိုယုံကြည်မှုကလွဲလို့တခြားမရှိ
တချို့ကငါ့ကိုဒိတ္ထိလို့ပြောကြတယ်….
ဘယ်လိုဘဲဖြစ်ဖြစ်
ငါက ပရမတ္တကိုချစ်တယ်
အနူပဋိလောမကိုချစ်တယ်
ငါ့မနက်ကိုငါ့စိတ်နဲ့မျက်နှာသစ်ပြီး
ငါ့ညကိုငါ့စိတ်နဲ့အိပ်ရာဝင်တယ်…။
Thursday, December 18, 2008
Posted by
ဆောင်းယွန်းလ
at
10:23 PM
Subscribe to:
Post Comments (Atom)



9 comments:
အကိုဆောင်း ... ကျနော် ကဗျာတွေ မဖွဲ့တတ်ဘူး၊ စကားလုံးတို့ နမိတ်ပုံတို့တွေ ကျနော့်မှာ အတော်ရှားတယ်။ စာရေးရင်တောင်မှ စကားပြေရိုးရိုးလေးတွေပဲ သုံးတတ်သေးတယ်။ အကိုတို့ ကဗျာရေးတဲ့သူတွေက နမိတ်ပုံတွေ၊ စကားလုံးရွေးချယ်တဲ့နေရာမှာ အရမ်းတော်ကြတယ်။ အရမ်းအားကျတယ်။
ငါ့မနက်ကိုငါ့စိတ်နဲ့မျက်နှာသစ်ပြီး
ငါ့ညကိုငါ့စိတ်နဲ့အိပ်ရာဝင်တယ်…။
ဒီလိုဖွဲ့ထားတာတွေက ကဗျာဖတ်တဲ့သူတွေကို အရိုးရှင်းဆုံးနဲ့ အစမ်းသစ်ဆုံး အတွေးများ ကိုဖြစ်ပေါ်စေတယ်။
အပိုဒ်လေးပိုဒ်တည်းနဲ့ အများကြီးတာသွားတဲ့ ကဗျာတစ်ပုဒ်ပဲ ကိုဆောင်း။ ကဗျာဆရာကို ရှင်းရှင်းကြီးကိုမြင်လိုက်ရတယ်။ သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါဗျာ။
နောက်ဆုံး အပိုဒ်လေး ကို အခိုက်ဆုံးပဲ...
ကောင်းတယ် ဗျာ.. ကြိုက်တယ်..
လေးစားတယ်..တကယ်....ရင်ထဲကကိုပြောတာ....။
ဘယ်လိုမှရေးတတ်မယ် မထင်..။
အစ်ကိုက လက်စကတော့ ရေလည်ထက်ပါ့..။
ခင်မင်ခွင့်ရတာကိုပဲ ၀မ်းသာမဆုံး။
စကားလုံး နိမိတ်ပုံစံလေးတွေနဲ့ ဖွဲ့ထားတာ ကောင်း
တယ် ကိုဆောင်းရေ။ ကဗျာက အရမ်းလှတယ်။
ကောင်းလိုက်တဲ့ကဗျာလေး။း)
ကြိုက်လိုက်တာ အစ်ကိုရေ။ နောက်ဆုံး နှစ်ပိုဒ်ကို အကြိုက်ဆုံးပဲဗျ။
ကဗျာလေးအရမ်းကောင်းတယ်......
ကိုဆောင်းယွန်းရေ....
စိတ်နဲ့ကိုယ်..တစ်ထပ်တည်းကျဖို့လည်း...
ဒုလ္လဘ တစ်ခုပါပဲနော်.....
အားကျတယ်...
အိန္ဒြာ
Post a Comment