Monday, December 3, 2007


“ကျွဲ.နွား.ခွေးနဲ့လဒတွေအတွက်ကြေငြာချက်”
ငါတို့ကနွားတွေအတွက် မြက်ရှားနေလို့
ပလာတာကျွေးမိတာကို
ခွေးလိုလို လဒလိုလိုအကောင်တွေက
ပလာတာမှန်းမသိ မြက်မှန်းမသိ
ဝင်မြည်းကြည့်ချင်လိုဝင်မြည်းကြည့်ကြရဲ့……။
နွားတွေကိုယ်တိုင်ကလည်း
မြက်တွေကိုပဲစွဲလမ်း
ဘယ်လိုမှလက်ကမ်းပေးလို့မရ
ကမ်းတဲ့လက်ကိုခဏခဏပုတ်ချနေမှတော့
ငါတို့ကိုယ်တိုင်စောင်းတီးပြဖို့လိုနေသေးလား..ကျွဲတွေအပါးမှာ……။
နွားနဲ့ကျွဲ သိပ်တော့မကွဲပြားပါဘူး
နအဖ.ကနွားဆိုရင်
ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေကကျွဲ
ဘာကိုမျှသဲသဲကွဲကွဲမမြင်ပဲ
ဖော်လံဖား ခွေးလိုလိုလဒလိုလိုကောင်တွေရဲ့
ငါးပွက်ရာငါးစာချနေတဲ့ ရေအိုင်ငယ်ကို
ငါတို့နှောက်ပစ်ရမယ် ဖျောက်ပစ်ရမယ်..
ပြီးတော့..ကြည်လင်တဲ့ရေပြင်နဲ့ပင်လယ်တခုကိုတည်ဆောက်ဖို့
ကျွဲ.နွား.ခွေး.လဒတွေအားလုံးကို
လားပင်စင်ပေးပစ်ကြရမယ်
ကွယ်ရာမှာအတင်းပြောပြီး
ခေါင်းမြီးခြုံထဲကဝေဖန်လေကန်သူတွေအတွက်
ငါတို့..အမိန့်ပြန်တမ်းတွေကိုလည်းဖတ်ပေးနိုင်ရမယ်……။
ဆောင်းယွန်းလ

1 comment:

Kaung Kin Ko said...

ကဗျာလေးကောင်းတယ်ကိုဆောင်းရေ။