”မိမိတို့လူသားဘဝနှင့် တော်လှန်ရေးတခုအားဆန်းစစ်မှု”
ဘဝ…
ဘနဲ့ဝ နှစ်လုံးထဲထွေပြား
ကမ္ဘာဦးလူသား မာနူု အီဘနဲ့ ဂူရီးမှသည်
မျက်မှောက်ခေတ်လူသား
ကျွုန်ုပ်တို့သားမြေးများထိတိုင်။
အချစ် …
နှစ်လုံးထဲပေါင်းစပ်ထားသော ဝေါဟာရတစ်ခု
ကျွုန်ုပ်တို့ကိုချည်နှောင်ထားပြု
သား သမီး ဇနီး လင်
အဖေ အမေ ညီအကို မောင်နှမ
ဆွေမျိုးညာတိကာ
ဘော်ဒါအပေါင်းအသင်းအဆုံး
မဆုံးတဲ့သံသရာထဲမှာ
သံယောဇဉ်ပင့်ကူမျှင်ဖွဲ့ရင်း။
အမုန်း …
နှစ်လုံးထဲပေါင်းစပ်ထားသော ဝေါဟာရတစ်ခု
ကျွုန်ုပ်တို့ကိုချည်နှောင်ထားပြု
ဘာကိုမျှမမြင်နိုင်လောက်အောင်ဖန်ဆင်း
ချစ်ခြင်းကိုခွဲ
အမျိုးမျိုးသောအကြောင်းအရာကွဲလွဲမှုတွေနဲ့အတူ
လူတဦးချင်းစီရဲ့ရင်ခွင်မှာမင်းမူ။
စစ် …
ချစ်ခြင်းနဲ့ဆန့်ကျင်
မုန်းခြင်းတွေနဲ့ဒွန်တွဲ
ဘဝတွေထဲမှာ
မီးတောက်တခုပမာစွဲတောက်
တယောက်ထည်းလည်းဖြစ်
နှစ်ယောက်ထဲလည်းဖြစ်
ကမ္ဘာဦးရှေးခေတ်မှသည် ယနေ့ဆီတိုင်အောင်
ရှောင်လွှဲမရနိုင်တဲ့ဝေါဟာရတခု။
ငြိမ်းချမ်းရေး …
ကမ္ဘာ့လူသားတွေငေးမျှော်
အားလုံးပျော်ရွှင်နိုင်ဖို့အရေး
အသက်တွေစတေးရင်းရယူ
ဘဝတွေပေးရင်းရယူ
ကျွုန်ူပ်တို့အတောင့်တဆုံးသောဝေါဟာရ
ကျောက်ခေတ်လူသားတို့ဆီမှ
ယနေ့မျက်မှောက်ကာလထိ…။
ဘဝအတွက်…
အချစ်အတွက်...
အမုန်းအတွက်…
စစ်အတွက်…
ငြိမ်းချမ်းရေးအတွက်…
ဒါတွေအားလုံးအတွက်
ကျွုန်ူပ်တို့ရဲ့
အချိန်တွေ ပေးဆပ်ခဲ့ကြ
နှလုံးသားတွေပေးဆပ်ခဲ့ကြ
မျက်ရည်တွေပေးဆပ်ခဲ့ကြ
အသက်တွေပေးဆပ်ခဲ့ကြ
စစ်လက်နက်တွေဖျက်သိမ်းခဲ့ကြ
လူသားတို့ရဲ့ကမ္ဘာ့ရွာထဲမှာ။
ဘဝတွေထဲက အချစ်နဲ့အမုန်း
လူသားတွေထဲက စစ်နဲ့ငြိမ်းချမ်းရေး
ကမ္ဘာကြီးတည်မြဲသရွေ့ဒွန်တွဲရှိနေဦးမှာအမှန်။
တော်လှန်ရေးဆိုတဲ့စကားလုံး
အမုန်းကိုအခြေခံတာမဟုတ်
ကျွုန်ူပ်တို့အသိတရား
နှလုံးသားနဲ့ခံစားပြီးဖြစ်လာတာ…
လက်နက်ဗလာ စိတ်ဓာတ်သာအဖော်ပြုရင်း
ငြိမ်းချမ်းရေးပန်းခင်းတွေစိုက်ဖို့အတွက်
ရွှေရောင်နံနက်တွေဆီကိုချီတက်ကြမယ်။
ဆောင်းယွန်းလ
2 comments:
လက်နက်ဗလာ စိတ်ဓာတ်သာအဖော်ပြုရင်း
ငြိမ်းချမ်းရေးပန်းခင်းတွေစိုက်ဖို့အတွက်
ရွှေရောင်နံနက်တွေဆီကိုချီတက်ကြမယ်။
ကဗျာလေးကောင်းတယ်ဗျာ။ Merry Christmas ပါ။
ကြိုက်တယ်ဗျာ..။ လေးနက်တဲ့ အဘိဓမ္မာတွေနဲ့ ပေါင်းစပ်ထားတဲ့ ကဗျာတစ်ပုဒ်ပဲ။
Post a Comment