Tuesday, December 25, 2007


အတ္တများကိုဆန်းစစ်ခြင်း
အဲဒီအတ္တတွေကိုငါ့ရဲ့မြစ်ထဲ
မကူးခတ်ကြစေနဲ့
အနှစ်မဲ့တိုက်ပွဲတွေထဲက
ခေါင်းဆောင်ဖြစ်လိုမှုအတ္တ
လူ့အန္တတွေရဲ့တလွဲဆံပင်ကောင်းမှု
ချောင်းကိုသမုဒ္ဒရာအမှတ်မှား
အလျားလိုက်ကူးခတ်နေသူများအကြောင်း
ငါ့ခေါင်းထဲကထုတ်ပစ်ပါရစေ။

ငါ့အတ္တတွေနဲ့ငါနေပါရစေ
ငါ့စိတ်တွေစေစားရာအတိုင်း
စက်တင်ဘာမြစ်ရိုင်းတစင်းထံမှ
လှိုင်းတံပိုးများကို
အများပိုင်အတ္တတခုအဖြစ်နာခံယူရင်း
ပြည်သူကိုကယ်တင်ချင်တဲ့ဆန္ဒလှေတစင်းပေါ်မှာ
အမှန်တရားကိုမြတ်နိုးသူရဲဘော်တွေနဲ့ လက်တွဲလှော်ခတ်ပါရစေ။
ဆောင်းယွန်းလ

1 comment:

Nyein Chan Aung said...

အဲဒီအတ္တတွေကိုငါ့ရဲ့မြစ်ထဲ
မကူးခတ်ကြစေနဲ့
အနှစ်မဲ့တိုက်ပွဲတွေထဲက
ခေါင်းဆောင်ဖြစ်လိုမှုအတ္တ
လူ့အန္တတွေရဲ့တလွဲဆံပင်ကောင်းမှု
ချောင်းကိုသမုဒ္ဒရာအမှတ်မှား
အလျားလိုက်ကူးခတ်နေသူများအကြောင်း
ငါ့ခေါင်းထဲကထုတ်ပစ်ပါရစေ။

ပြည်သူကိုကယ်တင်ချင်တဲ့ဆန္ဒလှေတစင်းပေါ်မှာ
အမှန်တရားကိုမြတ်နိုးသူရဲဘော်တွေနဲ့ လက်တွဲလှော်ခတ်ပါရစေ။

ကောင်းတယ်ဗျာ...။