Monday, December 31, 2007

ဒီဇင်ဘာကိုနှုတ်ဆက်ခြင်း
နင်နဲ့ငါ…
တနှစ်တခါ ထပ်ဆုံနေကြဦးမှာပါ
ငါ့အသက်ခိုင်မာရှင်သန်သရွေ့
နင့်ရဲ့ဖြူဖွေးဖွေးပွင့်ဖက်တွေ
ငါ့ရဲ့ရင်ဘတ်ကိုတိုးဝှေ့ဝင်နိုင်သရွေ့
နင်နဲ့ငါမမေ့ကြေး….
ဒီတနှစ်တော့
နေရစ်ပေါ့ ဒီဇင်ဘာ
နင်ဟာ..နှစ်တနှစ်ရဲ့
နောက်ဆုံးအိပ်မက်တခု
တိုးတိုးလေးနှုတ်ဆက်ခွင့်ပြုပါ….။
နှုတ်ဆက်အနမ်းနဲ့
လွမ်းနေရဦးမယ့် ဒီဇင်ဘာရေ
အားပါးတရကြွေလိုက်ဦးပေါ့
နင့်ရဲ့ဖြူလွလွနှင်းစတွေနဲ့
ဟောဒီလို ၂၀၀၇ရဲ့ နောက်ဆုံးညမျိုးမှာ….။ ။
ဆောင်းယွန်းလ

3 comments:

Kaung Kin Ko said...

ကဗျာလေးလှတယ်ဗျာ။ ဒီဇင်ဘာကို ကောင်မလေးတစ်ယောက်နဲ့ နှိုင်းပြီးရေးထားတာ။

Nyein Chan Aung said...

တိုးတိုးလေးနှုတ်ဆက်ခွင့်ပြုပါ….။

ကဗျာလှလှလေး ပဲ။ ကြိုက်တယ်ဗျို့..။

မေပျို said...

ကိုဆောင်းယွန်းလရေ.. ကဗျာလေးက ကောင်းတယ်နော်။ တင်စားထားပုံလေးကို သဘောကျတယ်။ ဒီဇင်ဘာကို နှုတ်ဆက်ပြီး ဇန်န၀ါရီနဲ့ ပျော်ရွှင်နိုင်ပါစေနော်။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။

လေးစားစွာဖြင့်
မေပျို