Monday, December 17, 2007

ကောင်းကင်ထက်ကလမင်းမေမေ
မေမေ့အကြောင်း မမေ့ကောင်းပါ
နှစ်ပေါင်းဘယ်လောက်ကြာကြာ။
မေမေဟာလမင်း ထာဝစဉ်အလင်းပေး
ညတွေမှာတေးဆို ငြိမ်းအေးရိပ်ခို
ကြယ်တာရာခစား မေမေ့အပါး
ချွေးသိပ်နားရာ မေမေ့အေးရိပ်ဆာယာ။
သံယောဇဉ် နှောင်ကြိုးတွေနဲ့
မေ့မေ့ချစ်ခြင်းအမြဲပေးဝေ
ဘယ်လောက်ဘဲဝေးဝေးနေ
သားတို့ရင်ထဲမှာ မေမေသာထာဝရလမင်း
တုနှိုင်းမရခြင်းများစွာနဲ့ပါ။
တိမ်လွှာဘယ်လိုဖုံးဖုံး
မေမေ့အပြုံး ရှင်သန်တုန်း
နှလုံးသားကို ထိခတ်တဲ့သံစဉ်
မေမေညစဉ်ပေး
ဒါအိပ်မက်လေးမဟုတ်
ကဗျာတပုဒ်ရေးထုတ်လိုက်မိတယ်
သားတို့ရဲ့ကောင်းကင် မေမေ့လမင်းမျက်နှာပြင်ပေါ်မှာ။
မေမေပျော်ပါစေတော့
လသခင်မ မေမေ့အလှတွက်
သားတို့ရဲ့ ကြယ်စင်ညတွေပေးဆပ်ပါရစေ။
လမင်းမေမေ ပျော်ပါစေ
ကောင်းကင်မှာဘဲ ဆက်လက်ရှင်သန်ပါစေတော့။
ဆောင်းယွန်းလ


2 comments:

Kaung Kin Ko said...

ကဗျာလေးကောင်းတယ်ကိုဆောင်းရေ၊ ခေါင်းစဉ်လေးလဲလှတယ်။ အမေ့ကို သတိရတယ်ဗျာ။

Mintasay said...

ကျနော်လည်းဒီကဗျာကိုဖတ်ပြီးမေ့မေ့ကိုသွားသတိရတယ်ဗျာ